နေ့တနေ့ကိုအစပျိုးတဲ့ မနက်ခင်းအချိန်ဟာ လူတစ်ယောက်အတွက်အရမ်းကိုအရေးကြီးပါတယ်။ တစ်နေ့တာလုံး အားအင်ပြည့်ဝလန်းဆန်းစေဖို့ဆိုရင် မနက်ခင်းအလေ့အထတွေကအများကြီးအထောက်အကူဖြစ်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တစ်နေ့တာလုံးအားအင်ပြည့်ဝလန်းဆန်းစေဖို့ လုပ်ဆောင်ရမယ့် မနက်ခင်းအလေ့အထတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) အိပ်ရာစောစောထပါ

Source : Showbiz Cheat Sheet

ကမ္ကာတစ်ဝှမ်းကအောင်မြင်နေသူအများစုဟာ မနက်ခင်းစောစောအိပ်ရာထတဲ့အလေ့ကိုကျင့်သုံးကြပါတယ်။ မနက်ခင်းအချိန်ဟာ ဦးနှောက်ရဲ့ အတက်ကြွဆုံးအချိန်ဖြစ်ပြီး တနေ့တာလုံးစိတ်ကြည်လင်လန်းဆန်းနေစေဖို့ ကူညီပေးပါတယ်။ ညဘက်မှာအိပ်ရေးဝဝအိပ်စက်ပြီး မနက်ခင်းကိုစောစီးစွာနိုးထမယ်ဆိုရင် တစ်နေ့တာလုံးအတွက် အာားအင်ပြည့်ဝစွာနဲ့ လန်းဆန်းစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

(၂) မနက်ခင်းလမ်းလျောက်ပါ

Source : BU Bigsize

လမ်းလျောက်ခြင်းက လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေများစွာပေးပါတယ်။ မနက်ခင်းလမ်းလျောက်ခြင်းက စိတ်ဖိစီးမှုတွေလျော့ကျစေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေပြီး အသက်ရှည်ကျန်းမာတဲ့ လူမှုဘဝကိုပိုင်ဆိုင်နိုင်မှဖြစ်ပါတယ်။ ဒါကြောင့်မနက်ခင်းကို နာရီဝက်လောက်အချိန်ပေးပြီး လမ်းလျောက်ခြင်းဖြင့်စတင်ပါ။

(၃) ရေအေးဖြင့်ရေချိုးပါ

Source : Daily Mirror

မနက်ခင်းမှာရေအေးဖြင့်ချိုးခြင်းက စိတ်ကြည်လင်လန်းဆန်းစေပြီး ခွန်အားသစ်တွေရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေဖြစ်ပေါ်မှုကိုလည်း အကောင်းဆုံးဖယ်ရှားသန့်စင်ကာ တစ်နေ့တာလုံးကို ယုံကြည်မှုအပြည့်နဲ့ လန်ဆန်းတက်ကြွစွာဖြတ်သန်းနိုင်မှာပါ။

(၄) တရားထိုင်ပါ

Source : Daily Mirror

အားအင်ပြည့်ဝပြီး စိတ်ကြည်လင်လန်းတဲ့ မနက်ခင်းတစ်ခုပိုင်ဆိုင်ချင်ရင်တော့ ဖုန်းတွေကွန်ပြူတာတွေ ကိုင်ခြင်းနဲ့ မစတင်ပါနဲ့။တစ်နေ့တာလုံး စိုးရိမ်သောကကင်းစွာနဲ့ စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ၅ မိနစ်ခန့်တရားထိုင်ပါ။တရားထိုင်ခြင်းက စိတ်အေးချမ်းမှုဖြစ်တည်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

(၅) မနက်စာကောင်းကောင်းစားပါ

Source : Active.com

မနက်ခင်းအလေ့အထတွေထဲမှာ လုံးဝမေ့မထားသင့်တဲ့အရာတစ်ခုက မနက်စာပါ။ မနက်စာက တနေ့တာလုံးအတွက် ခန္ဓာကိုယ်စွမ်းအင်တွေကိုဖြည့်တင်းပေးတာကြောင့် လန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာကို အချိန်ပေးပြီး စားသုံးပေးဖို့လိုအပ်ပါတယ်။