အသက်အရွယ်လေး ရလာမှ “ငါ အဲ့အချိန်တုန်းက ဒီလိုလေးလုပ်ခဲ့ရင်ကောင်းသား၊ ဟိုလိုလေး လုပ်ခဲ့ရင်ကောင်းသား” ဆိုတဲ့ နောင်တမျိုးကိုတော့ ဘယ်သူမှမရချင်ကြပါဘူး။ ထိုကဲ့သို့သော နောင်တမျိုးမရချင်ဘူးဆိုရင်တော့ အချိန်အခါရှိတုန်းမှာ မိမိရဲ့အရည်အချင်းတွေကို တိုးတက်လာအောင် အားထုတ်ကျင့်ကြံသင့်ပါတယ်။

နောင်တတွေတပွေ့တပိုက်နဲ့ မဖြတ်သန်းချင်သူများအတွက် အသက် (၃၀) မပြည့်ခင်မှာ ပြုလုပ်သင့်တဲ့အရာတွေကတော့ …

သင့်ရဲ့ကိုယ်ရေးအချက်အလက်များထဲတွင် အရည်အချင်းအသစ်များ တိုးထည့်ပါ

things to do for men in their 30s

Photo Source: Careeraddict.com

ဘာသာစကားအသစ် သင်ယူတတ်မြောက်ထားတာလား (သို့) နည်းပညာပိုင်း ကျွမ်းကျင်လက်မှတ်လား (သို့) စီးပွားရေးနဲ့ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်လား။ ဘယ်လိုအကြောင်းအရာကိုပဲ လေ့လာလေ့လာ အဓိကကတော့ မိမိရဲ့လေ့လာသင်ယူမှုကို မရပ်တန့်လိုက်ဖို့ပါပဲ။ နှစ်စဉ်နှစ်တိုင်းမှာ ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်ထဲ အရည်အချင်းအသစ်တစ်ခုစီ တိုးထည့်နိုင်အောင် ကြိုးစားရပါမယ်။

စိတ်ဖိစီးမှုများကို သေချာစီမံခန့်ခွဲပါ

things to do for men in their 30s

အလုပ်နှင့် စိတ်ဖိစီးမှုဆိုတာ ဒွန်တွဲနေတာပါ။ အလုပ်တွေ မပြီးလေ စိတ်ဖိစီးမှုက ပိုများလေပါပဲ။ ဒါ့ကြောင့် တစ်စုံတစ်ရာစိတ်ဖိစီးလာပြီဆိုတာနဲ့ မိမိရဲ့စိတ်ဖိစီးမှုကို သေချာတိုက်ထုတ်ဖို့ လိုပါလိမ့်မယ်။

Comfort Zone ထဲက ရုန်းထွက်ကြည့်ပါ

things to do for men in their 30s

Comfort Zone ထဲမှာ နေခြင်းရဲ့အားနည်းချက်တစ်ခုကတော့ ထိုနေရာမှာ သင် ဘယ်တော့မှ ကြီးပွားတိုးတက်လာဖို့အခွင့်အလမ်း မရှိခြင်းပါပဲ။ မိမိကိုယ်ကို ယုံကြည်ပါ။ သင်က သင် ထင်ထားတာထက် ပိုလုပ်နိုင်ပါတယ်။

သင့်ရဲ့လူမှုဆက်ဆံရေးကို ချဲ့နိုင်သမျှ ချဲ့ပါ

things to do for men in their 30s

သင့်ရဲ့ပရော်ဖက်ရှင်နယ်လူမှုဆက်ဆံရေးသည် သင့်ရဲ့လုပ်ငန်းကိုင်ငန်းကြီးပွားတိုးတက်ဖို့အတွက် အထောက်အကူများစွာ ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ်မပြတ်ရှိနေပါစေ။ ကျောင်းတုန်းက သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့်လည်း အဆက်အသွယ်ပြုလုပ်ပေးဖို့လိုပါတယ်။

အပြုသဘောဆောင်သော ဝေဖန်မှုများကိုလည်း လက်ခံပါ

things to do for men in their 30s

လူတချို့သည် ကိုယ့်ကို အခြားသူတစ်ယောက်က လာပြီး ဆရာကြီးလုပ်တာမျိုး၊ ဝေဖန်သုံးသပ်ပြနေတာမျိုးကို အင်မတန်မုန်းကြပါတယ်။ သင် ကိုယ်တိုင်က ကြီးပွားတိုးတက်ချင်တယ်ဆိုရင်တော့ အများက ဝေဖန်အကြံပြုတာမျိုးကို လက်သင့်ခံရပါမယ်။ ကိုယ်ပဲသိ ကိုယ်ပဲတတ်တဲ့စိတ်မျိုးကို ချိုးနှိမ်ပစ်မှသာလျှင် သင့်ဘဝရှေ့ရေးအတွက် အကျိုးရှိမှာပါ။

ငွေကြေးများ စုဆောင်းဖို့မမေ့ပါနဲ့

things to do for men in their 30s

ဘဝဆိုတာ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။ မိမိမသိနိုင်တဲ့အရာကို ကြိုတင်မကာကွယ်နိုင်ပေမယ့် ကြိုတင်ပြင်ဆင်မှုတွေတော့ ပြုလုပ်နိုင်ပါတယ်။ ဒါ့ကြောင့် မိမိလုပ်အားခငွေတွေကို အကုန်မသုံးပစ်ဘဲ စုဆောင်းတတ်တဲ့အကျင့်ကိုလည်း မွေးမြူဖို့လိုပါတယ်။

Source: Mau.com