အားကစားလုပ်ချိန်မှာ ကြွက်သားတွယ်ဆက်တစ်သျှူးလေးတွေ စုတ်ပြဲပျက်စီးတာမျိုး တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Workout ကစားပြီး နာကျင်ကိုက်ခဲတာ ၊ နုံးခွေသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမျိုးက ယာယီဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဖြစ်ပြီး တကယ်က ကြွက်သားအတွင်းက လက်တစ်အက်ဆစ်တွေဖွဲ့စည်းမှုကြောင့် ဖြစ်လာတာပါ။ စိတ်ပူစရာမလိုပေမယ့် အခံရခက်တဲ့အထဲမှာ ပါပါတယ်။ ဒါကြောင့် Workout လုပ်လို့ နာကျင်ပင်ပန်းတတ်ရင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Compression တွေ ဝတ်ပါ

Wear-Compression-If-You-Feel-Tired-and-Sore-After-Working-Out

Photo: NextLuxury

ခြေကျင်းဝတ် ၊ လက်ကောက်နဲ့ ဒူးလိုမျိုး အဆစ်တွေနေရာက အားကစားလုပ်ချိန်မှာ ပိုပြီး ထိခိုက်မှု ရှိနိုင်ပါတယ်။ Compression Clothing တွေက ကြွက်သားတွေ နလန်ထမှု ပိုမြန်စေမယ့် သွေးစီးဆင်းမှုကို အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် Compression တွေ ဝတ်ပြီး အားကစားလုပ်တာကလည်း ကြွက်သားနဲ့ အဆစ်အမြစ်နာကျင်မှုကို သက်သာစေနိုင်မှာပါ။ ဝတ်တဲ့ ဆိုဒ်မှန်ဖို့နဲ့ ချည်အမျိုးအစား မှန်ဖို့တော့ လိုပါတယ်။

(၂) ပရိုတိန်းစားပါ

Eat-Protein-If-You-Feel-Tired-and-Sore-After-Working-Out

Photo: NextLuxury

Workout လုပ်ပြီးတိုင်း ကြွက်သားနာသည်ဖြစ်စေ မနာသည်ဖြစ်စေ ပရိုတိန်းစားပေးဖို့ လိုပါတယ်။ ပရိုတိန်းဟာ ကြွက်သားတွေ ပြန်ပြုပြင်ပေးနိုင်ရုံတင်မဟုတ်ဘဲ ကြွက်သားအသစ် ဖွဲ့စည်းမှုကိုလည်း အားပေးလို့ ဖြစ်ပါတယ်။ Workout လုပ်ပြီး ၄၅ မိနစ်အတွင်း စားနိုင်ရင် ကောင်းပါတယ်။ ပရိုတိန်းနဲ့အတူ ကာဗွန်ဟိုက်ဒရိတ်နဲ့ Healthy Fat တွေလည်း မပါမဖြစ် စားပေးဖို့ အကြံပြုချင်ပါတယ်။

(၃) ရေများများသောက်ပါ

Stay-Hydrated-If-You-Feel-Tired-and-Sore-After-Working-Out

Photo: NextLuxury

ရေသောက်တာက ကြွက်သားနာတာကို သက်သာစေသလားဆိုတော့ တိုက်ရိုက်ကြီး ဆက်စပ်မှုတော့ မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း အားကစားလုပ်ထားလို့ နုံးတာ ခြေကုန်လက်ပန်းကျတာကိုတော့ သိသိသာသာ ပြန်နလန်ထစေတာ အမှန်ပါပဲ။ ဥပမာ- ကြွက်တက်တာမျိုးမှာ ရေနဲ့ ဓါတ်ဆား အားနည်းလို့ ဖြစ်တဲ့ ကိစ္စဖြစ်ပြီး ကြွက်တက်ရင် ကြွက်သားနာကျင်မှုကို ဆိုးဆိုးဝါးဝါး ခံစားရမှာ ဖြစ်ပါတယ်။ ရေများများသောက်ပေးတာက ကြွက်သားတွေရဲ့ အလုပ်လုပ်ဆောင်မှုကို ပုံမှန်အတိုင်း ဖြစ်စေပြီး အားကစားလုပ်နိုင်စွမ်းကိုလည်း ပိုမြှင့်တင်ပေးနိုင်မှာပါ။

(၄) အကြောလျှော့ပါ

Stretch-If-You-Feel-Tired-and-Sore-After-Working-Out

Photo: NextLuxury

အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းကို အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ်ဖြစ် လုပ်ပေးဖို့ မမေ့သင့်ပါဘူး။ သွေးပူလေ့ကျင့်ခန်းလုပ်တာ ၊ အကြောလျှော့တာဟာ ကြွက်သားနာကျင်မှုကို သက်သာစေသလို ၊ အဆစ်အမြစ်နဲ့ ကြွက်သားတွေထဲ သွေးစီးဆင်းမှုကို ပိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ သွေးစီးဆင်းမှုအားကောင်းရင် အချိန်ကြာကြာ အားကစားလုပ်နိုင်ပြီး နာကျင်မှုဒဏ်ကိုလည်း အထိုက်အလျောက် လျော့ပါးအောင် အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

(၅) ရေခဲ/ရေနွေးအိတ် ကပ်ပါ

Ice-packs-and-Warm-Compresses-If-You-Feel-Tired-and-Sore-After-Working-Out

Photo: NextLuxury

တကယ်လို့ အားကစားလုပ်ထားပြီး ကြွက်သားတွေ နာနေရင် နာတဲ့နေရာပေါ် ရေခဲအိတ်/ရေနွေးအိတ် ကပ်တာက ရောင်ရမ်းနာကျင်မှုကို သက်သာစေပြီး ရေနွေးအိတ်ကပ်တာက ကြွက်သားထဲ သွေးပို့ဆောင်မှုကိုလည်း မြှင့်တင်ပေးနိုင်မှာပါ။ ရေနွေးအိတ်ကပ်တဲ့ အကျိုးတစ်ခုကတော့ အဆစ်အမြစ် တင်းကိုက်နေတဲ့ နေရာတွေကို သက်သာစေပြီး ကြွက်သားတွေလည်း ပြေလျော့စေနိုင်ပါတယ်။

အခုပြောခဲ့တဲ့အချက်တွေအပြင် အားကစားလုပ်သူတိုင်း ညစဉ် အိပ်ရေးဝဝ အိပ်စက်အနားယူမှု လုပ်ဖို့လည်း လိုပါတယ်။ တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိ အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်ရေးဝမှလည်း Workout ကို ပိုလုပ်နိုင်သလို Body Recover ဖြစ်နှုန်းလည်း ပိုမြန်ဆန်မှာ ဖြစ်ပါတယ်။

Featured Photo: NextLuxury