အသက်ငယ်ငယ်နဲ့ ဂဏန်း ၇ လုံးအထက် ချမ်းသာတဲ့သူဖြစ်ချင်ဆိုရင် နိုင်ငံတကာက ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာဖြစ်နေသူတွေ ဘယ်လို ချမ်းသာခဲ့သလဲဆိုတာကို လေ့လာကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။ သုတေသနပညာရှင်တွေနဲ့ ကိုယ့်ဒူးကိုယ်ချွန် သန်းကြွယ်သူဌေးတွေရဲ့ အကြံပေးချက်ကို နားထောင်ကြည့်ရအောင်ပါ။

(၁) ငွေပိုဝင်မယ့်ဘက် အာရုံစိုက်ပါ

United State Dollar

Photo: Pexels

အသက် ၃၀ မှာ ကိုယ့်ခြေထောက်‌ပေါ်ကိုယ် ရပ်တည်ပြီး မီလျံနာဖြစ်လာတဲ့ ဂရန့်ကာဒွန်းက ပြောဖူးပါတယ်။ “ချမ်းသာဖို့ ပထမဆုံးခြေလှမ်းက သင့်ဝင်ငွေ တစ်နေ့တစ်ခြား တိုးတိုးလာဖို့ ၊ အဲ့ဒီအတိုင်း ဆက်တိုးသွားဖို့ကို Focus ထားရမယ်”တဲ့။ လခစားပဲ လုပ်လုပ် ၊ ကိုယ်ပိုင်လုပ်ငန်းပဲ ထောင်ထောင် ကိုယ့်ရဲ့ ဝင်ငွေဟာ တစ်နှစ်ထက် တစ်နှစ် မြင့်မြင့်သွားဖို့ ဦးတည်နေသင့်ပါတယ်။

ဝင်ငွေပိုရဖို့ ဝင်ငွေစီးကြောင်းတွေ များများခွဲထားဖို့လည်း အကြံပြုကြပါတယ်။ သောမတ်စ် စီကော်လေးက ကိုယ့်အစွမ်းအစနဲ့ကိုယ် ချမ်းသာလာတဲ့မီလျံနာတွေထဲက ၆၅% ဟာ ဝင်ငွေစီးကြောင်း ၃ ခု ရှိပြီး ၄၅% ဟာ ၄ ခု ၊ ၂၉% ဟာ ဝင်ငွေရမယ့်အလုပ် ၅ ခုနဲ့အထက် ရှိကြတယ်လို့ ဆိုပါတယ်။ ဒီလို ဝင်ငွေမြင့်မြင့်လာမယ့် အလုပ်မျိုးကို ရွေးမိဖို့လည်း လိုပါတယ်။

(၂) ရင်းနှီးမြှပ်နှံဖို့ စုဆောင်းပါ

Saving cash

Photo: Pexels

ချမ်းသာဖို့ ငွေစုပါ။ ငွေစုရာမှာလည်း လုပ်ငန်းတိုးချဲ့ ရင်းနှီးမြှပ်နှံဖို့အတွက် ငွေစုတာမျိုး ဖြစ်ဖို့ လိုပါတယ်။ ချမ်းသာချင်ရင် မှန်မှန်ကန်ကန် ရင်းနှီးမြှပ်နှံတတ်ဖို့ သင်ကြားထားသင့်ပါတယ်။ ငွေစုရုံ စုသွားသူဟာ တော်ရုံ စိတ်မဆင်းရဲရပေမယ့် ချမ်းသာတဲ့ဘဝတော့ ရောက်ခဲပါတယ်။

ငွေစုရာမှာ ဖြစ်ဖြစ် ငွေရှာရာမှာ ဖြစ်ဖြစ် စည်းကမ်းထားပါ။ ဆုံးဖြတ်ထားတဲ့အတိုင်း သံဓိဌာန်အပြည့်နဲ့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ငွေပုံမှန်စုဆောင်းပါ။မှန်မှန်ကန်ကန် ရင်းနှီးမြှပ်နှံရမယ့်နေရာမှာ ပြတ်ပြတ်သားသား မြှပ်နှံဖို့ လိုပါတယ်။

(၃) မကြားဝါပါနဲ့

man holding Money

Photo: Pexels

အများအထင်ကြီးမှု ရဖို့အတွက် အကုန်အကျများလှတဲ့ အသုံးအဆောင်အသစ်အဆန်းတွေ ဝယ်ပြီးကြွားဝါတာမျိုး မလုပ်ပါနဲ့။ မီလျံနာဖြစ်လာတဲ့လူငယ်တွေဟာ မချမ်းသာမချင်း ဇိမ်ခံနာရီတို့ ကားတို့ ဝယ်ယူသုံးစွဲခြင်း မပြုဘူးလို့ ဆိုပါတယ်။ ကိုယ့်အလုပ်ကို ရိုးရိုးကုတ်ကုတ် ကြိုးစားလုပ်ဆောင်ရင်း အောင်မြင်မှုဆီ တက်သွားဖို့သာ အာရုံစိုက်ပါ။ မချမ်းသာသေးသရွေ့ မလိုတဲ့နေရာတွေမှာ ငွေပိုသုံးတာမျိုး ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံပါ

Counting Money

Photo: Pexels

အမြဲတမ်း အောင်မြင်ဖို့အတွက် တစ်ပွဲတိုး ကြိုးစားမှုမျိုးနဲ့ ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ရေရှည် အောင်မြင်ချင်ရင် လေ့လာပါ။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲရွက်ဆောင်ပါ။ စာဖတ်ပါ။ ကျန်းမာရေးကောင်းအောင် အာရုံစိုက်ပါ။ အောင်မြင်တိုးတက်နေတဲ့လူတွေနဲ့ ပေါင်းသင်းပါ။ နေ့တိုင်း တိုးတက်အောင် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါ။ အောင်မြင်မှုပန်းတိုင် Goal ကို သေချာချမှတ်ထားပြီး နေ့တိုင်းမှာ ပန်းတိုင်ကို မျှော်မြင်ပြီး ကြိုးစားသွားဖို့ လိုပါတယ်။

Featured Photo: Pexels