လျှောက်လည်စရာ မရှိ ၊ တစ်ယောက်တည်း အိမ်မှာ ပျင်းရိနေရင်ပဲ ဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ သင့်စိတ်ကို အပန်းပြေစေတဲ့ အရာတွေ ရှိပါတယ်။ အင်တာနက်ဟာ သင့်အတွက် ပညာရစရာ အကြောင်းအရာတွေအပြင် အပျင်းပြေစရာ အများကြီး စုစည်းထားတဲ့ နေရာပါ။ စိတ်ထဲမှာ ပျင်းရိလာတယ်လို့ ခံစားရတာနဲ့ အွန်လိုင်းပေါ်မှာ ဒါလေးတွေ လုပ်ပေးလို့ ရပါတယ်။

(၁) ရုပ်ရှင်တွေ ကြည့်မယ်

Photo: Pexels

အင်တာနက်မှာ အခမဲ့ ဒေါင်းလုပ်ဆွဲပြီး ကြည့်လို့ရတဲ့ ရုပ်ရှင်ဇာတ်ကားဝက်ဘ်ဆိုက်တွေ အများကြီး ရှိပါတယ်။ အနည်းဆုံးတော့ YouTube နဲ့ Netflix တို့မှာ ဇာတ်ကားသစ်တွေ ဝင်မွှေကြည့်လို့ ရပါတယ်။ သင်သာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဆိုရင်တော့ အွန်လိုင်းပေါ်တက်လိုက်တာနဲ့ ပျင်းဖို့တောင် မေ့လောက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ပက်ပင်းတွေ့ရမှာပါ။

(၂) ဂိမ်းကစားမယ်

Photo: Unsplash

အွန်လိုင်းမှာ ဂိမ်းအမျိုးအစား အများကြီး ရှိပါတယ်။ Shooter Games တွေ ကစားမလား ၊ Puzzle Games တွေ ဖြေမလား ၊ Strategy နဲ့ စစ်တိုက်မလား ဒါမှမဟုတ် မြို့တွေဆောက်တမ်း ကစားမလား ။ တကယ့်ကို ဂိမ်းအမျိုးအစား စုံပါတယ်။ ဝါသနာပါသူတွေအတွက်တော့ အွန်လိုင်းပေါ်က ဂိမ်းတွေဟာ နတ်သမီးကျွန်းလို ဖြစ်နေမှာပါ။

(၃) e-Book ဖတ်မလား

Photo: Pexels

သင်က စာကြမ်းပိုးဆိုရင်တော့ အင်တာနက်ဟာ သင့်ရဲ့ စာပေလောကပါ။ အခမဲ့ ဒေါင်းလုပ်ဆွဲပြီး ဖတ်ရှုနိုင်တဲ့ e-Books ထောင်နဲ့ သောင်းနဲ့ ချီ ရှိနေတာကြောင့် အွန်လိုင်းပေါ်ရောက်သွားတာနဲ့ စာကြည့်တိုက်ကြီးထဲ ရောက်သွားသလို ခံစားသွားရမှာ ဖြစ်ပါတယ်။

(၄) free course တွေ လိုက်တက်မယ်

Photo: Freepik

အင်တာနက်ဟာ ပညာ့ဘဏ်တိုက်ကြီးပါ။ သင်သိချင်တာတွေကို Googling လုပ်လိုက်တာနဲ့ အကုန် ကျလာမှာပါ။ အွန်လိုင်းပေါ်က Hows-to တွေဟာ စိတ်ဝင်စားစရာပါ။ ပျင်းတိုင်း ပညာသင်မယ်ဆိုရင် သင့်ဦးနှောက်ဘယ်လောက်တောင် ထက်မြက်လာမလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ ဒါကြောင့် အပျင်းပြေပြီး ရေရှည်ဖွံ့ဖြိုးရေးအတွက်လည်း မြှင့်တင်ရာရောက်စေဖို့ အင်တာနက်မှာ ပညာရှာဖို့ တိုက်တွန်းချင်ပါတယ်။