ဆယ်ကျော်သက်အရွှယ်ကို ကျော်လွန်ပြီး လူငယ်တစ်ယောက်ဖြစ်လာပြီဆိုရင် ဘဝမှာထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြုံတွေ့လာတက်ပါတယ်။ဒီလိုအရာတွေကို ကျော်လွန်ပြီး ပျော်ရွှင်တဲ့ လူငယ်ဘဝကိုပိုင်ဆိုင်ချင်ရင်တော့ အခုပြောပြတဲ့အချက်တွေကိုလုပ်နာဆောင်ရွှက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ကြင်နာတက်တဲ့ စိတ်ကိုမွေးမြူပါ
Source : Church of Jesus Christ
လူတွေကို ကူညီတက်ခြင်း ကြင်နာတက်ခြင်းက ပျော်ရွှင်မှုရဲ့ အစလို့ဆိုလို့ရပါတယ်။ ကိုယ်ရဲ့တစ်နေ့တာစတင်ချိန်ကစပြီး ကိုယ်ပတ်ဝန်ကျင်းကလူတွေ ကိုယ်နဲ့ ထိတွေ့ဆက်ဆံရမယ့် လူတွေကို နွေးထွေးကြင်နာစွာပြုံးပြပါ။ဆင်းရဲချမ်းသာမရွေး အသက်ကြီးသူငယ်သူမရွေး တက်နိုင်သလောက်အကူအညီပေးပါ။ကိုယ်ရဲ့ကြင်နာတက်တဲ့စိတ်က ကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်တယ်ဆိုတာကို အမြဲလက်ကိုင်ထားသင့်ပါတယ်။
ပြတ်သားစွာဆုံးဖြတ်တက်ပါစေ
Source : The Positivity Solution
လူငယ်ဘဝဆိုတာ လောကကြီးနဲ့ နဖူးတွေ့ဒူးတွေ့စတင်တွေ့ရှိရတဲ့အချိန်တစ်ခုဖြစ်ပါတယ်။ အခက်အခဲတွေ ရွေးချယ်စရာတွေလည်း အင်မတန်များပါတယ်။ ကိစ္စတိုင်းကို ချီတုန်ချတုန်နဲ့ တွေဝေမှုတွေများနေမယ်ဆိုရင် လူရောကိုယ်ပါ ပင်ပန်းစေတာကြောင့် ဘယ်အရာမဆို တစ်ခုခုလုပ်ဖို့ဆုံးဖြတ်တော့မယ်ဆိုရင် ပြတ်သားစွာဆုံးဖြတ်ချက်ချတက်တဲ့အကျင့်ကို မွေးမြူသင့်ပါတယ်။
မကောင်းတဲ့အရာတွေကိုစွန့်ခွာပါ
Source : Menshealth.rs
ကိုယ်ဘဝအတွက် ဘယ်အရာတွေက အနှောက်အယှက်ဖြစ်စေတာလဲ ကိုယ်တိုင်ဆန်းစစ်ပါ။ ကိုယ်ကမကောင်းတဲ့အတွေးအမြင်တွေများနေပြီးလား ဒါမှမဟုတ်မကောင်းတဲ့အချစ်ရေးတစ်ခုမှာနစ်အတော်ကြာမွန်းကျပ်ပိတ်လှောင်နေပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ပျောက်ဆုံးစေမယ့် မကောင်းတဲ့အရာမှန်သမျှကို ကိုယ့်ဘဝထဲက ထုတ်ပစ်ဖို့ စွန့်ခွာဖို့ သတ္တိရှိဖို့အရေးကြီးပါတယ်။
ဝါသနာကို စတင်ရှာဖွေပါ
Source : Freepik
ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုကိုသိနိုင်ဖို့ဆိုတာ တော်ရုံနဲ့တော့မလွယ်လှပါဘူး။ ကိုယ်အနေနဲ့ လူငယ်အရွှယ်ကိုစတင်ရောက်လာတာနဲ့ ကိုယ့်ဘဝမှာဘယ်လိုအရာတွေကို တကယ်စိတ်ဝင်စားတာလဲဆိုတာ စတင်မြေစမ်းခရမ်းပျိုးထားသင့်ပါပြီ။ ကိုယ့်ရဲ့ အိပ်မက်တွေကို ကိုယ်တိုင်ပဲရှာဖွေလို့ရတာဖြစ်တာကြောင့် ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့ လူငယ်ဘဝမှာ တကယ်ဝါသနာပါတဲ့ အလုပ်ကိုစူးစမ်းလေ့လာသင့်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ အဆက်သွယ်မပြတ်နေပါ
Source : Santalucia
အသက်ကြီးလာလေ သူငယ်ချင်းမိတ်ဆွေတွေဆိုတာ ရှိပေမယ့်လည်း အချိန်မပေးနိုင်ကြတော့ပါဘူး။ကိုယ့်အလုပ်သူ့အလုပ်ကိုယ်စီနဲ့ ဘဝကိုရုန်းကန်ဖို့စတင်နေကြရတာကြောင့် တော်ရုံတွေ့ဖြစ်ဖို့ခက်ခဲသွားပါပြီ။သို့သော်လည်း တစ်လကို အနည်းဆုံး ၂ ကြိမ်လောက် အချစ်ရဆုံးသူငယ်ချင်းတွေနဲ့ တွေ့ဆုံသင့်ပါတယ်။သူငယ်ချင်းဆိုတာလည်း ကိုယ့်ဘဝရဲ့ မိသားစုဝင်တွေထဲက တစ်ဦးဖြစ်တာကြောင့် အဆက်သွယ်မပြတ်ဖို့ သတိပြုသင့်ပါတယ်။