စိတ်ဓာတ်တွေကျနေလို့ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ အချိန်တိုင်း ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဒေါသတွေပဲ ပိုင်ဆိုင်နေရပါသလား။ ငိုင်ငိုင်တွေတွေနဲ့ ကိုယ့်ဘဝကိုယ် ဘာဖြစ်နေမှန်းမသိ ငြီးငွေ့နေတဲ့အခါ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ။
ကိုယ့်ရဲ့ အကောင်းဆုံးလုပ်ရပ်ကို ပြန်တွေးကြည့်ပါ
Source: www.healthprep.com
အထီးကျန်ပြီး ကိုယ့်ဘဝကိုယ် စိတ်ပျက်နေတာတွေကို မေ့ဖျောက်ထားလိုက်ပါ။ ကိုယ် ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံးမှာ ကိုယ့်ကိုယ်ကိုယ် အရမ်းစိတ်ကျေနပ်ခဲ့ရတဲ့ အကောင်းဆုံးလုပ်ရပ်တွေ အများကြီးလုပ်ခဲ့ဖူးမှာပါ။ အဲဒီတုန်းက ဖြစ်ရပ်တွေကိုပြန်စဉ်းစားပြီး ဘဝကို ပြန်လည်ရပ်တည်ပါ။
လုံလောက်တဲ့အနားယူမှုနဲ့ သက်သောင့်သက်သာရှိတဲ့နေထိုင်မှု
Source: www.medium.com
စိတ်ဖိစီးမှုများတာ သက်သောင့်သက်သာမရှိတဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်းဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာရှိအောင် နေထိုင်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုစိတ်မသက်မသာအောင် ခံစားရစေတဲ့နေရာတွေကို မသွားပါနဲ့။ ကိုယ့်ကို စိတ်မသက်မသာဖြစ်စေတဲ့သူတွေနဲ့ ဝေးဝေးနေပါ။
တစ်ယောက်တည်းနေဖို့ အချိန်ပေးပါ
Source: www.hyperallergic.com
စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်တည်းနေဖို့ဆိုတာ သိပ်တော့စိတ်မသက်သာစရာကိစ္စပါပဲ။ ဒါပေမယ့် နေကြည့်ဖို့အကြံပေးချင်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း ချောင်မှာကုတ်ကုတ်လေးနေခိုင်းတာတော့မဟုတ်ပါဘူး။ တစ်ယောက်တည်း ကိုယ်သွားချင်တဲ့နေရာ ကိုယ်စားချင်တဲ့အရာတွေကို လုပ်ကြည့်စားကြည့်ပါ။ စိတ်ကလေးကြည်လင်လာပါလိမ့်မယ်။
ပရဟိတတစ်ခုခု လုပ်ပါ
Source: www.everydayhealth.com
ပရဟိတလုပ်ရတဲ့ စိတ်ခံစားမှုဟာ တကယ်ကိုအထီးကျန်ဆန်မှုတွေကို ပြေပျောက်စေနိုင်စွမ်းရှိပါတယ်။ လူအများနဲ့ ပရဟိတလုပ်မှ မဟုတ်ပါဘူး။ ကြီးမားတဲ့ပရဟိတမှ မဟုတ်ပါဘူး။ သေးငယ်တဲ့ပရဟိတနဲ့ တစ်စုံတစ်ယောက်ရဲ့ လိုအပ်မှုကို ကူညီလိုက်ရတာဟာလည်း အထီးကျန်တဲ့ စိတ်ခံစားမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။