ကိုယ့်ဘော်ဒါတွေ ရည်းစားထည်လဲတွဲနေချိန် ကိုယ်မှာတော့ မူးလို့ ရှုစရာရည်းစားလေး တစ်ယောက်တောင် မရှိသေးတဲ့ FA လေးတွေရှိလား။ ဒီလိုဂေါ်မစွံဘဝကနေ လွတ်မြောက်ချင်ပါတယ်ဆိုသူအတွက် နည်းလမ်းကောင်းလေးတစ်ချို့ကို ဖောက်သည်ချပေးချင်ပါတယ်။ ဒီအကြံပြုချက်လေးတွေ ကိုလိုက်နာမယ်ဆိုရင်လက်တွဲဖော်တစ်ယောက်တော့သေချာပေါက်ရမှာပါ။
Crush တစ်ယောက်ထက် ပိုထားပါ

Source : Freepik
Crush ဆိုတာကြီးက လကုန်ရက်တိုင်း မျှော်လင့်နေရတဲ့ ထီသည်ကြီးလိုပါပဲ။ မသေချာမှန်းသိသိနဲ့ကို အိပ်မက်တွေကြီးစွာ စောင့်နေရတာပါ။ လူတစ်ယောက်ကို ကိုယ်ဘက်က စ Crush ပြီဆိုတာနဲ့ ချေနည်းပေါင်းစုံနဲ့ အချေခံရပြီပဲ ဖြစ်ပါတယ်။ အကယ်၍ ကိုယ် ကြိတ် Crush နေတဲ့ ကောင်မလေးက ကောက်ကာငင်ကာ ဘဲရသွားပြီဆိုရင်တော့ ခဲလေသမျှ သဲရေကျပါပဲ။ ဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရလေအောင် တတ်နိုင်သလောက် Crush နှစ်ယောက်သုံးယောက်အနည်းဆုံးရှိနေဖို့လိုပါတယ်။
ကိုယ့်ရဲ့ စတိုင်ကို ချိန်းပစ်ပါ

Source : Freepik
အရင်ဆုံး ကိုယ်ရဲ့ ရှိရင်းစွဲ စတိုင်ဒီဇိုင်းတွေကနေ ရုန်းထွက်ဖို့ လိုပါတယ်။ ပြောင်းလဲသင့်တယ်ထင်တဲ့အရာတွေ အားလုံးကို ပြောင်းလဲရဲတဲ့ သတ္တိရှိပါ။ ရည်းစားတော့လိုချင်ပါရဲ့ ကပို ကရို စုတ်တိစုတ်ပဲ့ နေနေတုန်းပဲဆိုရင်တော့ ကောင်မလေးတွေက ဆောတီးပဲလို့ ပြောသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ရဲ့ ဖက်ရှင်စတိုင်၊ ဆံပင်စတိုင် အားလုံးအားလုံးကို ပြောင်းလဲပြီး စိတ်သစ်လူသစ်နဲ့ သပ်သပ်ရပ်ရပ် ဝတ်စားနေထိုင်သူတစ်ယောက်အဖြစ်ပြောင်းလဲပစ်ရပါမယ်။
စွဲစွဲမြဲမြဲလုပ်တတ်တဲ့အရာတွေ လျော့ပါ

Source : Freepik
ကိုယ်ကအလုပ်မှအလုပ် (သို့) ဂိမ်းမှဂိမ်း ဒီလိုမျိုးတစ်ခုခု အပေါ်ကိုပဲ စွဲစွဲမြဲမြဲလုပ်နေမယ်ဆိုရင် ရည်စားရနိုင်ချေလုံးဝမရှိပါဘူး။ တစ်ခုလိုချင်ရင်တော့ တစ်ခုပြန်ပေးဆပ်ရတယ်ဆိုတာ ဓမ္မတာပဲဖြစ်ပါတယ်။ လုံးဝမလုပ်ရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သူ့အချိန်နဲ့သူ တစ်ကန့်စီ ခွဲထားမယ်ဆိုရင် အဆင်ပြေပါတယ်။ အကြွေးရှင်ပဲ ကိုယ်နောက်ကလိုက်လာတ်တာပါ။ အခွင့်အရေးဆိုတာ ကိုယ့် နောက်ကိုလိုက်လာတတ်တဲ့ အရာတစ်ခုမဟုတ်တဲ့အတွက် စွဲစွဲမြဲမြဲလုပ်နေတဲ့အရာတွေကို လျော့ပြီး အခွင့်အရေးကို ကိုယ်တိုင်လိုက်ရှာဖို့လိုပါတယ်။
တုန့်ပြန့်မှုကို သုံးသပ်တတ်ပါ

Source : Freepik
အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ်အနေနဲ့ အရမ်းကြီး ထုံအနေလို့ မရတော့ပါဘူး။ တစ်ထွာပြရင် တစ်လံမြင်တက်မှ အဆင်ပြေမှာပါ။ တစ်ခါတစ်လေမှာ မိန်းကလေးတွေ သဘာဝမူတတ်တာလည်းရှိတာကြောင့် သူတို့ရဲ့ တုန့်ပြန်လာတဲ့ Reaction ကို တစ်ချက်သုံးသပ်ကြည့်ပါ။ ငါ့ကိုမူနေတာဖြစ်နိုင်လား ၊ တကယ်ပဲ စိတ်မဝင်စားတာလားဆိုတာကိုပေါ့။ ကိုယ့်ကိုလုံးဝစိတ်မဝင်စားတဲ့ သူတစ်ယောက်ကို အတင်းအကျပ်တွေ စကားသွားပြောနေရင်တော့ ကျောက်ခဲရေညှစ်သလိုဖြစ်နေပါလိမ့်မယ်။ ကံဆိုးရင် ကီးဘုတ်ပျောက်(Block) သွားနိုင်ပါတယ်။
