ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိဘဲ အတွေးထဲမှာ မွန်းကြပ်မှုများကို ခံစားနေရပါသလား။ အနာဂတ်ကြီးတစ်ခုလုံး မှောင်မိုက်နေသလို ခံစားနေရတဲ့ ယောကျာ်းများအတွက် လက်တွေ့ကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးလိုက်ရပါတယ်။

မိမိကိုယ်ကို ဝေဖန်နေခြင်းကို ရပ်တန့်လိုက်ပါ

tips for men who lack motivation

Motivation တွေ ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ ပထမဆုံးပြုလုပ်ရမယ့်အရာကတော့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ပါပဲ။ မိမိကိုယ်ကို အပြစ်မတင်မိဖို့ အင်မတန်အရေးကြီးပါတယ်။ ခဏတဖြုတ်လောက် စိတ်လွတ်လက်လွတ်နေကြည့်လိုက်ပါ။ ဒါမှသင့်ရဲ့အတွေးတွေ ရှင်းလင်းသွားမှာဖြစ်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ တရိပ်ရိပ်ပေါ်လာမှာဖြစ်ပါတယ်။

ရှုပ်ထွေးမှုများကို လျော့ချလိုက်ပါ

tips for men who lack motivation

အရာရာကို အကောင်းဘက်ကပဲ ရှုမြင်တတ်သူများရဲ့အားနည်းချက်ကတော့ သူတို့သည် သူတို့ရဲ့စိတ်အခြေအနေအမှန်ကို သေချာမစဉ်းစားခြင်းပဲဖြစ်ပါတယ်။ နောက်ဆုံးရလာဒ်အနေနဲ့ သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ စိတ်ပင်ပန်းနွမ်းနယ်တတ်ပါတယ်။

ဒီ့အတွက်အကောင်းဆုံးနည်းလမ်းကတော့ မိမိနှလုံးသားဆီကလာတဲ့အသံကိုသာ နားထောင်ဖို့ပါပဲ။

စောစောအိပ်ရာဝင်ပါ

tips for men who lack motivation

ဘာ Motivation မှ မရှိဖြစ်နေတဲ့အခါ ည ၉ နာရီမတိုင်ခင် အိပ်ရာ ဝင်ကြည့်လိုက်ပါ။ အီးမေးလ်လည်း စစ်မနေပါနဲ့တော့။ ဖုန်းကိုလည်း Silent လုပ်ထားလိုက်ပါ။ ဘာကိုမှ မတွေးဘဲ စောစောအိပ်ရာဝင်လိုက်ပါ။ မနက်မိုးလင်းတဲ့အခါ အားအင်များ ပြည့်ဝပြီး ဘာလုပ်ရမလဲဆိုတာ အဖြေပေါ်သွားပါလိမ့်မယ်။

မိမိရဲ့အောင်မြင်မှုကို ပုံဖော်ကြည့်ပါ

tips for men who lack motivation

မိမိတကယ်ဖြစ်ချင်တဲ့အိပ်မက်နဲ့ ကိုယ့် ရည်မှန်းချက်များ ပြည့်ဝတဲ့အခါ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကို တစ်ရက်လျှင် မိနစ် ၃၀ ခန့် ပုံဖော်ကြည့်လိုက်ပါ။ သင့်အတွေးတွေက ပုံဖော်တဲ့အတိုင်း သင့်ရဲ့ယုံကြည်ချက်များ မြင့်တက်လာမှာဖြစ်ပြီး စွမ်းအင်များပြည့်ဝလာပါလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် ကူညီပါ

tips for men who lack motivation

ကမ္ဘာကြီးနဲ့ သဟဇာတမဖြစ်ဘူးလို့ ခံစားရတဲ့အခါ အကူအညီလိုအပ်နေသူတစ်ယောက်ယောက်ကို ကူညီပေးလိုက်ပါ။ မိမိကူညီပေးလိုက်တဲ့အတွက်ကြောင့် စိတ်ထဲမှာ ကောင်းမွန်တဲ့ခံစားချက်မျိုး ခံစားရမှာဖြစ်ပြီး သင် ကိုယ်တိုင်လည်း ပီတိအကျိုးကို ခံစားရပါလိမ့်မယ်။

Source: Lifehack.org

Featured Image Source: Lightfieldstudios.net