လူဟာ တစ်ချိန်မှာ ကိုယ့်လုပ်ရပ်ကို မကျေမနပ်ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ရခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ Depression ဝင်ပြီး လူလည်း ချုံးချုံးကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်လာပြီဆိုရင် ဒီအချက်လေးတွေ လုပ်ပေးသင့်ပါတယ်။

(၁) တစ်ခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

Photo: Freepik

ကျွန်တော်တို့ အများစုရဲ့ ပြဿနာက ကိုယ့်ကိုယ်ကိုယ် တစ်ခြားသူတွေနဲ့ ယှဉ်ကြည့်တတ်ခြင်းပဲ ဖြစ်ပါတယ်။ သူတစ်ပါးနဲ့ နှိုင်းယှဉ်ခြင်းဟာ ဘယ်တော့မှ အဆုံးမသတ် တဝဲလည်လည်နေတဲ့ ဝင်္ဂဘာဂိမ်းတစ်ခုနဲ့ တူပါတယ်။ စိတ်မထားတတ်သူဟာ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တတ် ၊ ကျေနပ်တတ်မှာ မဟုတ်ဘူးဆိုတာ သတိရသင့်ပါတယ်။

(၂) အတွေးလွန်နေမှု ရပ်ပါ

Photo: Freepik

သင့်ကိုယ်သင် Thinking Mode ထဲက ဆွဲထုတ်ဖို့ လိုပါတယ်။ အဖြေရှာမရတဲ့ အတွေးသံသရာထဲမှာ နေတာထက် လက်ရှိအခြေအနေထဲကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားတာက အမှန်ဆုံးလုပ်ရပ်ပါပဲ။

(၃) ရင်ဖွင့်ပါ

Photo: Freepik

ယုံကြည်အားကိုးရလောက်တဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်ဆီမှာ ကိုယ့်ရဲ့ လက်ရှိခံစားချက်နဲ့ အခြေအနေကို ရင်ဖွင့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် အခု အားမလိုအားမရဖြစ်နေချိန်မှာ မိတ်ဆွေ‌ကောင်းတစ်ယောက်နဲ့ စကားပြောဆို ဆွေးနွေးခြင်းဟာ အများကြီး သက်သာရာရသလို ထိရောက်တဲ့အကြံပြုချက်တွေလည်း ပေးနိုင်ပါလိမ့်မယ်။

(၄) ရလဒ်ထက် ဆက်ပြီး ကြိုးစားဖို့ပဲ အာရုံစိုက်ပါ

Photo: Freepik

လောလောဆယ် ကိုယ့်အခြေအနေဟာ ဆိုးဆိုးဝါးဝါး နိမ့်ကျကောင်း နိမ့်ကျနေနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ဘက်က အကောင်းဆုံးအရည်အသွေးတွေ ထုတ်ပြီး ကြိုးစားနေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်နေတဲ့ စိတ်ရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်ပါ။ ထက်သန်တဲ့စိတ်မွေးယူပြီး အကောင်းဆုံးဖြစ်အောင် ရှေ့ဆက်သွားသင့်ပါတယ်။