စာဖတ်သူက ရည်းစားလည်းမထားဘူး။ သူငယ်ချင်းအပေါင်းအသင်းလည်းများများစားစားမရှိတဲ့ တစ်ကိုယ်တော်သမားလား။ တစ်ခါတစ်လေမှာ တစ်ယောက်တည်းဘဝက ပျင်းစရာကောင်းပြီး ငြီးငွေ့ဖွယ်ကောင်းတယ်လို့ ခံစားချင်ခံစားရနိုင်ပါတယ်။ အကယ်၍စာဖတ်သူအနေနဲ့ တစ်ယောက်တည်းပျင်းနေတယ်လို့ခံစားနေရပြီဆိုရင် အပြောင်းအလဲဖြစ်သွားအောင် အခုပြောပြမယ့် အရာလေးတွေလုပ်ကြည့်ပါ။
(၁) ဟင်းချက်စားပါ

Source : Freepik
ဟင်းချက်တယ်ဆိုတာလည်း ဖန်တီးမှုအနုပညာတစ်ခုလို့ ဆိုနိုင်ပါတယ်။ အရသာရှိပြီး စားချင်စားဖွယ်ကောင်းတဲ့ ဟင်းပွဲတစ်ခုရဖို့ ဖန်တီးမှုတွေ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေအများကြီးလိုအပ်ပါတယ်။ သင့်အနေနဲ့ တစ်ခါမှဟင်းမချက်ဖူးဘူးဆိုရင်တောင် You Tube က Tutorial ဗီဒီယိုလေးတွေကြည့်ပြီး တစ်ကြိမ်လောက်စမ်းကြည့်ဖို့အကြံပြုချင်ပါတယ်။
(၂) ပန်းချီဆွဲပါ

Source : Freepik
ပန်းချီဆွဲခြင်းဆိုတာ ကိုယ့်ရဲ့စိတ်အာရုံတွေကို စုစည်းကာစိတ်နှစ်ပြီး ဆွဲရတဲ့ အနုပညာအလုပ်တစ်ခုဖြစ်ပါတယ်။ ပျင်းရိခြင်းတွေနဲ့အတူ ဘာလုပ်ရမလဲမသိပဲ ပြန့်လွင့်နေတဲ့စိတ်အာရုံတွေကို အကောင်းဆုံးပြန်လည်ထိန်းချုပ်နိုင်ဖို့ ဆိုရင် ပန်းချီဆွဲခြင်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။
(၃) နေ့ချင်းပြန်ခရီးသွားပါ

Source : US News & World Report
လက်ရှိကိုယ်ရဲ့တစ်ကိုယ်တည်း ပျင်းရိဖွယ်အခြေအနေကနေ အပြောင်းအလဲဖြစ်သွားဖို့ဆိုရင် ခရီးထွက်လိုက်တာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။ အချိန်လည်းအများကြီးမပေးနိုင်ဘူး ငွေကုန်ကျမှုလည်း သက်သာချင်တယ် စိတ်အပြောင်းအလဲလည်းဖြစ်ချင်တယ်ဆိုရင် နေ့ချင်းပြန်ခရီးသာထွက်လိုက်ပါ။
(၄) ရှော့ပင်ထွက်ပါ

Source : Shutterstock
တစ်ယောက်တည်းပျင်းနေရင် ရှော့ပင်ထွက်ဖို့ အကြံပြုချင်ပါတယ်။ ရှော့ပင်ထွက်တာက သင့်ကိုစိတ်အပြောင်းအလဲဖြစ်စေနိုင်သလို ပျော်ရွှင်မှုကိုလည်း ခံစားရစေပါတယ်။ ရှော့ပင်ထွက်ရင် ပိုက်ဆံကုန်မှာပေါ့လို့ ပြောချင်ပြောနိုင်ပါတယ်။ အကယ်၍ ကိုယ်မှာဝယ်စရာလည်းများများစားစားမရှိသေးဘူး ပိုက်ဆံလည်းနည်းနေတယ်ဆိုရင် တကယ်မဝယ်ပဲ လျောက်ကြည့်လို့ရတဲ့ Window Shopping မျိုးပြုလုပ်နိုင်ပါတယ်။
