ငှက်ပျောသီးစားတဲ့အခါ များသောအားဖြင့် အခွံကိုအမှိုက်ပုံးထဲပစ်လိုက်ကြတာများပါတယ်။ တကယ်တော့ ငှက်ပျောသီးအခွံတွေဟာ လူတွေရဲ့နေ့စဉ်ဘဝအတွက် အလွန်အသုံးတည့်တဲ့ ပစ္စည်းတစ်ခုပါ။ ဒီနေ့မှာတော့ ငှက်ပျောအခွံတွေကိုဘာကြောင့်လွင့်မပစ်သင့်လဲ ၊ ဘယ်နေရာတွေမှာ ပြန်သုံးလို့ရလဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) အရောင်တင်ပေးတယ်

Source : Freepik

အိမ်မှာရှိတဲ့ ငွေထည်ပစ္စည်းတွေအရောင်မှိန်လာတဲ့အခါက ငှက်သီးခွံကိုအသုံးပြုနိုင်ပါတယ်။ ငှက်ပျောသီးအခွံမှာပါဝင်ပိုတက်ဆီယမ်ဓာတ်က ငွေထည်ပစ္စည်းများအရောင်တောက်ပြောင်သစ်လွင်စေပါတယ်။ အသုံးပြုနည်းကတော့ ငှက်ပျောသီးအခွံကို ကြိတ်စက်တွင်းရေအနည်းငယ်ထည့်ကာ ကြေညက်တဲ့အထိကြိတ်ပေးပါ။ရလာတဲ့အရည်ကို ငွေထည်ပစ္စည်းတွေပေါ်တင်ပြီး အဝတ်စဖြင့်ပွတ်ပေးနိုင်ပါတယ်။

(၂) ခေါင်းကိုက်သက်သာစေတယ်

Source : Freepik

ခေါင်းတစ်ခြမ်းကိုက်ခြင်း နှင့် ခေါင်းကိုက်ခြင်းဝေဒနာတို့အတွက် ငှက်ပျောသီးအခွံကိုအသုံးပြုပြီး သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။ အရင်ဆုံးငှက်ပျောသီးအခွံကို ရေခဲသေတ္တာထဲ ၁ နာရီလောက်ထည့်ထားပါ။ပြီးရင်နဖူးနဲ့ ဇက်ကြောတစ်ဝိုက်ကို အအေးခံထားတဲ့ ငှက်ပျောသီးအခွံလေးတွေကပ်ထားပေးလိုက်ပါ။ အအေးဓာတ်ပျောက်ပြီး ငှက်ပျောခွံနွမ်းသွားသည်အထိ ကပ်ထားပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ခေါင်းကိုက်ဝေဒနာကိုသက်သာစေမှာဖြစ်ပါတယ်။

 

(၃) ဝက်ခြံပျောက်ကင်းစေတယ်

Source : Freepik

ငှက်ပျောသီးအခွံတွေမှာ ဗီတာမင်စီ ဗီတာမင်အီး ပိုတက်ဆီယမ် ဇင့်ဓာတ် နှင့် မဂ္ဂနီဆီယမ်ဓာတ်များကြွယ်ဝစွာပါတာကြောင့် အသားအရေရောင်ရမ်းခြင်းနှင့် ဝက်ခြခံများကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးအခွံရဲ့ အတွင်းဘက်အသားနှင့် မျက်နှာအရေပြားကို ညှင်သာစွာပွတ်ပေးပြီး ၁၅ မိနစ်လောက်နေရင် ရေဆေးလိုက်လို့ရပါပြီ။

(၄) သွားဖြူစေတယ်

Source : Freepik

ငှက်ပျောသီးအခွံက အစွန်းအထင်းနဲ့အညစ်အကြေးတွေကိုဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ငှက်ပျောသီးအခွံနဲ့သွားကိုပွတ်ပေးမယ်ဆိုရင် သွားကြွေပေါ်မှာ စွန်းထင်းနေတဲ့ အညစ်အကြေးတွေကိုဖယ်ရှားသန့်စင်ပြီး သွားများကိုဖြူဝင်းတောက်ပစေနိုင်မှာဖြစ်ပါတယ်။

(၅) အရေးအကြောင်းတွေလျော့ပါးစေတယ်

Source : Freepik

ငှက်ပျောသီးအခွံမှာပါဝင်တဲ့ Antioxidants နှင့် ဗီတာမင် C ဓာတ်ကမျက်နှာပေါ်ရှိအရေးအကြောင်းများဖြစ်ပေါ်ခြင်း လျော့ကျသက်သာစေပါတယ်။ ငှက်ပျောသီးအခွံကိုမျက်နှာအရေပြားပေါ် ညှင်သာစွာပွတ်ပေးပြီး မိနစ် ၃၀ ခန့်လောက်ထားပေးပါ။ ပြီးရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။ တစ်ပတ်ကို ၃ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်ကအရေးအကြောင်းတွေကိုလျော့ကျစေမှာပါ။