ကျန်းမာရေးဆိုးကျိုးပေးတဲ့အပြင် ငွေကုန်ကြေးကျများစေတဲ့ အလေ့အထဆိုးတွေထဲမှာ ဆေးလိပ်သောက်တာလည်း ပါပါတယ်။ ဆေးလိပ် ၊ ကွမ်း ၊ အရက်ဆိုတာတွေဟာ ဘယ်လိုအမြင်နဲ့ ကြည့်ကြည့် လူကို ကောင်းကျိုးမပေးတာကြောင့် ဒီအကျင့်ဆိုးကို ဖြတ်ဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ ဆေးလိုက်ဖြတ်လိုက်ပြီဆိုတာနဲ့ ကျန်းမာရေးကောင်းကျိုးတွေ ချက်ချင်းဆိုသလို ခံစားရမှာ ဖြစ်သလို ဆေးလိပ်သောက်ဖို့ ကုန်မယ့်ငွေကို စုပြီးလည်း အကျိုးများမယ့်နေရာတွေမှာ သုံးလို့ရပါတယ်။ အောက်မှာ ဆေးလိပ်ဖြတ်ပြီး စုထားတဲ့ငွေကို အကျိုးရှိရှိသုံးနိုင်မယ့် နေရာလေးတွေ ပြောပြပေးထားပါတယ်။

(၁) ခရီးလေးဘာလေးထွက်ပါ

Photo: Freepik

တစ်နှစ်လောက် ဆေးလိပ်ဖြတ်ပြီး ပိုက်ဆံစုလိုက်ရင် ခရီးတွေ ဘာတွေ စိတ်ကြိုက်ထွက်လို့ရပြီ ဖြစ်ပါတယ်။ မရောက်ဖူးတဲ့ နေရာတွေ ၊ ကမ်းခြေနဲ့ သဘာဝရေမြေတောတောင်တွေဆီ စွန့်စားခန်း ထွက်ကြည့်ပါ။ ခရီးထွက်ခြင်းရဲ့ ထူးခြားတဲ့ အကျိုးတွေကို လက်ငင်းတွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။

(၂) ရင်းနှီးမြှပ်နှံမှုလုပ်ပါ

Photo: Freepik

ရင်းနှီးမြှပ်နှံတယ်ဆိုလို့ ရှယ်ယာတွေ ဝယ် ၊ တစ်ခြားလုပ်ငန်းတွေထဲ ငွေထည့်တာမျိုးကို ပြောတာ မဟုတ်ပါဘူး။ ကိုယ်စုထားတဲ့ ငွေကလေးနဲ့ ကိုယ့်အလုပ်အကိုင်ကို မြှင့်တင်ပေးဖို့ လိုအပ်တဲ့သင်တန်းတွေ တက်တာ ၊ စာအုပ်တွေ ဝယ်ဖတ်တာနဲ့ ကိုယ့်အတွက် အကျိုးရှိမယ့် အသုံးချပစ္စည်းမျိုး ဝယ်တာမျိုးကို ပြောတာ ဖြစ်ပါတယ်။

(၃) ကျန်းမာရေးအတွက် သုံးပါ

Photo: Freepik

ဆေးလိပ်ဖြတ်ပြီးနောက် အားကစားလေးတွေ လုပ်ပါ။ ပိုပြီး ကျန်းမာကြံ့ခိုင်တဲ့ လူတစ်ယောက် ဖြစ်စေဖို့ ကိုယ်စုထားတဲ့ ငွေတွေနဲ့ Gym မှာ စာရင်းသွင်းလိုက်ပါ။ အားကစားဖိနပ်နဲ့ ဝတ်စုံဝယ်တာမျိုး သုံးဖို့ အကြံပေးချင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားဖို့ သုံးပါ။

(၄) လူနေမှုအဆင့်မြှင့်ပါ

Photo: Freepik

ကိုယ်စုထားတဲ့ ပိုက်ဆံကို အကျိုးရှိရှိ သုံးဖို့ အရေးကြီးပါတယ်။ ဆေးလိပ်ဖြတ်ပြီးမှ စုထားတဲ့ ငွေနဲ့ အဝတ်အစားကောင်းကောင်းဝတ်တာကနေ အကြွေးဆပ်တာအထိ သုံးလိုက်ပါ။ တစ်နည်းနည်းနဲ့ ကိုယ့်ရဲ့ လူနေထိုင်မှုအခြေအနေကို မြှင့်တင်တဲ့နေရာမှာ သုံးစွဲဖို့ ဖြစ်ပါတယ်။