စာဖတ်သူတို့မှာ ၂၀၂၁ ခုနှစ် နှစ်သစ်အတွက် ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေ အမှန်တကယ်အကောင်အထည်ချင်တဲ့ ဆန္ဒကိုယ်စီရှိကြမယ်ထင်ပါတယ်။ ကိုယ့်ကိုယ့်ကို တိုးတက်ပြောင်းလဲသူ တစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ဘဝထဲက မကောင်းတဲ့အကျင့်စရိုက်တွေကိုတော့ စွန့်လွှတ်ဖို့လိုတာပေါ့။ ကဲဒါဆို နှစ်သစ်မှာတိုးတက်အောင်မြင်မှုတွေရရှိနိုင်စေဖို့ သင်ကိုယ်တိုင်စွန့်လွှတ်သင့်တဲ့ အရာတွေကိုပြောပြပေးချင်ပါတယ်။
(၁) အချိန်ဆွဲခြင်း

Source : TaskTrain
ကိုယ်လုပ်ရမယ့်အရာတွေကို တစ်ခါတည်း ပြီးပြတ်အောင်မလုပ်ဘဲ အချိန်ဆွဲတက်တဲ့အကျင့်ရှိတယ်ဆိုရင် အခုချိန်ကစပြီး စွန့်လွှတ်လိုက်သင့်ပါပြီ။ အလုပ်တစ်ခုကိုအချိန်ဆွဲပြီး အနီးကပ်မှ အသည်းအသန်လုပ်တာက စွမ်းအင်ပိုကုန်စေသလို ပိုပြီးလည်း ဖိအားများစေပါတယ်။ ဒါကြောင့် ၂၀၂၁ မှာ သင့်တာဝန်ယူရတဲ့အလုပ်တာဝန်တွေကို အချိန်မဆွဲဘဲ တစ်ခါတည်းပြီးပြတ်အောင်လုပ်တက်တဲ့အကျင့်ကို မွေးမြူဖို့အကြံပြုပါရစေ။
(၂) ဝေဝါးခြင်း

Source : Her Way
သင်ဟာ ဆုံးဖြတ်ချက်တစ်ခုခုချချိန်မှာ ဝေဝါးတက်တဲ့ အကျင့်ရှိပါသလား။ တွေဝေခြင်း ဝေဝါးခြင်းဆိုတာက သင့်ဆုံးဖြတ်ချက်ကို အမှားပိုများစေနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးလာစေနိုင်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ်သေချာစဉ်းစားဆုံးဖြတ်ပြီး ဆုံးဖြတ်ထားတဲ့အတိုင်း ရဲရဲဝံ့ဝံ့ ဆက်လက်လုပ်ဆောင်ပါ။ ဆုံးဖြတ်ချက်ချပြီးမှ တွေဝေနေတာ ဝေးဝါးနေတာမျိုးတွေ မလုပ်ပါနဲ့။
(၃) ဖုန်းအလွန်အကျွံသုံးခြင်း

Source : CVS Health
၂၀၂၀ တစ်နှစ်လုံးအိမ်မှာနေရတဲ့ အချိန်များတဲ့အတွက် လူတိုင်းဖုန်းတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်ကုန်ကြတာများပါတယ်။ အခု ၂၀၂၁ ခုနှစ်ကစပြီး ဖုန်းအလွန်အကျွံသုံးနေမိတဲ့အကျင့်ကို ရပ်တန့်လိုက်ပါ။ ဖုန်းတွေအစား စာအုပ်ဖတ်တာ ၊ ဝါသနာပါတဲ့အရာတွေ လုပ်ဆောင်တာ ၊ မိသားစုကိုအချိန်ပိုပေးတာ ပြင်ပလောကနဲ့ ထိတွေ့တာမျိုးတွေ များများလုပ်သင့်ပါတယ်။
(၄) ညဘက်မအိပ်ခြင်း

Source : EveryEvery
ညဘက်မအိပ်ပဲ ဂိမ်းတွေ ရုပ်ရှင်ကြည့်တာတွေလုပ်တဲ့ သူတွေရှိကြမယ်ထင်ပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်အတွက် အရမ်းကိုအရေးပါတယ်ဆိုတာ သင်သိပါသလား။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေနဲ့ ဆက်စပ်နေတဲ့အတွက် ညအိပ်ရေးပျက်တာ အိပ်ချိန်မမှန်တာတွေက သင့်အပေါ်ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုကစပြီး သင့်ရဲ့အိပ်ချိန်ကို ပုံမှန်အတိုင်းပြန်လည်ပြောင်းလဲယူလိုက်ပါ။
(၅) တစိမ်းတွေကိုရှောင်ဖယ်ခြင်း

Source : LoveToKnow
ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းသူအများစုဟာ လူသစ်တွေ တစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရမှာကို အမြဲရှောင်ဖယ်လေ့ရှိပါတယ်။ တကယ်တော့ လူသစ်တွေနဲ့ များများမိတ်ဖွဲ့ပါ ၊ ပြောဆိုဆက်ဆံပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာတာနဲ့အမျှ သင့်ဘဝမှာ ထင်မှတ်မထားတဲ့အခွင့်အလမ်းကောင်းတွေ အောင်မြင်မှုတွေရရှိနိုင်ဖို့ အခွင့်အရေးများပါတယ်။ ဒါကြောင့် လူသစ်တွေကို မရှောင်ဖယ်ပါနဲ့။ ရင်းနှီးစွာမိတ်ဆွေဖွဲ့ပါ။
