Covid ကာလမှာလူအများစုကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုက အိပ်ရေးပျက်ခြင်းပါ။ ညဘက်တွေမှာအိပ်မရလို့ ဖုန်းသုံးကြရင်း မနက် (၄) နာရီထိုးသွားတဲ့ရက်တွေအများကြီးရှိနေကြပါတယ်။ တစ်ရက်လောက်အိပ်ရေးပျက်တာမသိသာပေမယ့် ကာလကြာရှည်အိပ်ရေးပျက်လာပြီဆိုရင်တော့ စိတ်ပူစရာအခြေအနေတွေရှိလာနိုင်ပါတယ်။

(၁) စိတ်ဓာတ်ကျလာမယ်

Source : Shutterstock

အိပ်ရေးပျက်ခြင်းနှင့်ဆက်စပ်နေတဲ့ အဓိကကျန်းမာရေးပြဿနာတစ်ခုက စိတ်ဓာတ်ကျခြင်းပါ။ အိပ်မပျော်တာက စိတ်ကျရောဂါရဲ့ ပထမဆုံးသော လက္ခဏာတစ်ခုဖြစ်ပြီး စိတ်ကျရောဂါခံစားရရင် ပိုပြီးအိပ်ပျော်ရခက်ခဲစေပါတယ်။ သင်အနေနဲ့ ရက်ရှည်အိပ်ရေးပျက်လာတဲ့အခါ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေခံစားလာရမှာဖြစ်ပြီး အနှေးနဲ့အမြန်စိတ်ကျရောဂါဝင်လာနိုင်ပါတယ်။

(၂) မတော်တဆမှုတွေဖြစ်လာမယ်

Source : Jacksonville Sleep Center

စစ်တမ်းတွေအရ အဝေးပြေးလမ်းမပေါ်က ယာဉ်မတော်တဆမှုတွေဟာ အိပ်ရေးပျက်ခြင်းရဲ့အစပျိုးမှုကနေတစ်ဆင့်ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတွေဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ အာရုံစူးစိုက်နိုင်ခြင်းတွေလျော့ကျလာပြီး ခန္ဓာကိုယ်ရဲ့တုန့်ပြန့်မှုတွေနှေးကွေးသွားစေတာကြောင့် အန္တရာယ်ကြုံလာတဲ့အခါ ခန္ဓာကိုယ်ကအချိန်မှီတုန့်ပြန့်နိုင်စွမ်းမရှိတော့ပါဘူး။ အိပ်ရေးပျက်ခြင်းက အသက်ဆုံးရှုံးရငည်အထိ အန္တရာယ်ကြီးပါတယ်။

(၃) လိင်စိတ်နည်းပါးလာမယ်

Source : Aleteia

အိပ်စက်ခြင်းဆိုင်ရာသုတေသနဆရာဝန်တွေရဲ့အဆိုအရ ရက်ရှည်အိပ်ရေးပျက်တဲ့အိပ်ထောင်သည်တွေမှာ လိင်စိတ်လျော့နည်းတဲ့ပြဿနာမျိုးကြုံတွေ့ကြရပါတယ်။ အိပ်ရေးပျက်တဲ့အခါ အားအင်ကုန်ခမ်းခြင်း အိပ်ရေးမဝ၍စိတ်မကြည်မလင်ဖြစ်ခြင်းတို့ကြောင့် လိင်စိတ်ဆန္ဒလျော့နည်းလာပြီး အိမ်ထောင်ရေးသုခမပြည့်စုံခြင်းတွေနဲ့ အိမ်ထောင်ရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။

(၄) မှတ်ဉာဏ်ပျက်စီးလာမယ်

Source : Daily Mirror

အိပ်ရေးပျက်တဲ့ရက်တွေများလာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေပြီး သတိမေ့ခြင်း မှတ်ဉာဏ်ပျက်စီးခြင်းများဖြစ်ပေါ်စေနိုင်ပါတယ်။ အရွှယ်မတိုင်ခင် မေ့မေ့လျော့လျော့ဖြစ်တဲ့ ပြဿနာတွေ တစ်ခုခုဆိုစဉ်းစားလို့မရအောင် မေ့နေတာမျိုးတွေမဖြစ်စေဖို့ တစ်နေ့ကို ၇ နာရီအနည်းဆုံး အိပ်စက်အနားယူဖို့လိုအပ်ပါတယ်။

ကာလကြာရှည် အိပ်ရေးပျက်ခြင်းကြောင့် နှလုံးကျန်းမာရေးထိခိုက်ခြင်း အဝလွန်ခြင်း အသားရေပျက်စီးခြင်း စဉ်းစားဆုံးဖြတ်နိုင်ခြင်းတွေလျော့ကျခြင်းတို့အပြင်အသက်အန္တရာယ်ဆုံးရှုံးခြင်းတို့ဖြစ်သည်အထိ ဆိုးကျိုးတွေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။