အဝတ်အစားဝတ်တယ်ဆိုတာ ရာသီနဲ့အညီ လိုက်ဖက်အောင် အဓိကထားပြီး ဝတ်ရတာဆိုပေမယ့် ဖက်ရှင်ကျအောင် ဝတ်ဖို့လည်း လိုပါသေးတယ်။ အခုဆို ဝဿန်ကာလရောက်ပြီဆိုတော့ စွတ်စိုတဲ့ မိုးရေတွေကြား စတိုင်မိမိ ဘယ်လိုနေရပါ့မလဲ သိပ်မစဉ်းစားရအောင် နည်းလမ်းလေးတွေ ညွှန်းပေးလိုက်ပါတယ်။

(၁) ဝါချည်နဲ့ လီနင်ထည်တွေ ဝတ်ပါ

rainwear

Photo: fashionbeans

မိုးရာသီရဲ့ စိုထိန်းဆ မြင့်မားမှုက လူကို ချွေးထွက်ပြီး ပင်ပန်းစေတတ်ပါတယ်။ ဝါဂွမ်းနဲ့ ရက်လုပ်ထားတဲ့ အထည်တွေက ပေါ့ပါးပြိး လေဝင်လေထွက်ကောင်းလို့ ချွေးစိုတာကို သက်သာစေပြီး ချွေးကွက်ဖြစ်တာ ၊ ချွေးနံ့စွန်းတာ အဖြစ်နည်းစေပါတယ်။ ဘောင်းဘီကိုတော့ လီနင်သားဘောင်းဘီရှည် Trouser ဒါမှမဟုတ် ဝါချည်ဘောင်းဘီတိုလည်း ဝတ်နိုင်ပါတယ်။

(၂) အရောင်ရွေး မှန်ပါစေ

model-wearing-rains-yellow-waterproof-jacket-and-everlane-hat-

Photo: theadultman

မိုးတွင်းမှာ ညစ်ပတ်ပေရေလွယ်တဲ့ အဖြူရောင်ဝတ်တာ ရှောင်ပါ။ ဘောင်းဘီဆို အရောင်ရင့် Dark Coloured တွေ ဝတ်ဆင်သင့်ပြီး အပေါ်ဘက်မှာ အရောင်ခပ်ဖျော့ဖျော့ ရှပ် ၊ တီရှပ်တွေ ဝတ်ပေးသင့်ပါတယ်။ အရောင်အနေနဲ့ ဘောင်းဘီဆို သံလွင်စိမ်း ၊ အညိုနဲ့ ကာကီရောင်၊ ရှပ်အင်္ကျီဆို အဝါ ၊ မရမ်းဖျော့ ၊ အပြာဖျော့တွေ ဝတ်ပေးသင့်ပါတယ်။

(၃) Bomber Jacket ဝယ်ထားပါ

Man-with-umbrella

Photo: nextluxury

Bomber တွေကို ဆောင်းတွင်းဝတ်ဖက်ရှင်အဖြစ် ထင်နေကြပေမယ့် မိုးရေဒဏ်လည်း ခံနိုင်လို့ မိုးတွင်းမှာ Bomber Jacket လေး ဆောင်ထားတာ မမှားပါဘူး။ Bomber တွေက ပိုလီအီစတာသားနဲ့ ထုတ်ထားတာဖြစ်လို့ ရေစိုခံပြီး အပေါ်ကနေ Layer Dressing အဖြစ် ဝတ်လို့လည်း အဆင်ပြေပါတယ်။ Bomber Jacket နဲ့ တွဲဝတ်သင့်တာတွေကတော့ ဗြောင် Plain T-Shirt ၊ Regular Fit Jeans နဲ့ Sneaker တို့ပဲ ဖြစ်ပါတယ်.

(၄) ပေါ့ပေါ့ပါးပါး ဝတ်ပါ

Businessman in the city on the rainy day

Photo: istockphoto

မိုးတွင်းမှာ ဘောင်းဘီဆို Slim Fit အမျိုးအစားထက် သက်တောင့်သက်သာပိုရှိတဲ့ Regular Fit ဒီဇိုင်းမျိုး ရွေးပါ။ Joggers တွေ ၊ Track Pants တွေလည်း ဝတ်နိုင်ပါတယ်။ ဘောင်းဘီတိုဆိုရင်လည်း လျှော်ရပြုရလွယ်တဲ့ ချည်သားမျိုးကို ဦးစားပေးရွေးပါ။