ချမ်းအေးတဲ့ရာသီဥတုအတွက် ဟူဒီတစ်ထည်သော နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ ဖက်ရှင်ချစ်သူများကတော့ ချမ်းအေးတဲ့ရာသီဥတုတစ်ခုတည်းတွင်မဟုတ်ပါဘူး။ ပူအိုက်တဲ့အချိန်မှာလည်း ရှိုးထုတ်ချင်တဲ့အခါ အပူခံပြီးတော့ကို ဟူဒီအင်္ကျီနဲ့ ရှိုးထုတ်လေ့ရှိကြပါတယ်။

လူငယ်မှမဟုတ်ပါဘူး။ သက်လတ်ပိုင်းများသည်လည်း ဟူဒီတစ်ထည်လောက် ဆောင်ထားသင့်ပါတယ်။

ဟူဒီဝယ်မယ်ဆိုရင်လည်း တွေ့ကရာဟူဒီကို ပြီးပြီးရောဆိုပြီး မဝယ်ဘဲ အခုဖော်ပြမယ့်အချက်များကို ထည့်သွင်းစဉ်းစားကာ ဝယ်ယူသင့်ပါတယ်။

ဆိုဒ်အရွယ်အစား

 

men hoodie fashion

ဟူဒီတစ်ထည်ဝယ်တော့မယ်ဆို သင့်ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့ ကွက်တိကျတာကို ဝယ်မှာလား။ ဒါမှမဟုတ် ပွပွယောင်းယောင်း ဟူဒီတွေ ဝယ်မှာလည်းဆိုတာကို အရင်ဆုံးစဉ်းစားပါ။ ပွယောင်းတဲ့ ဟူဒီများကတော့ ပေါ့ပါးလွတ်လပ်မှုအသွင်ကို ပေးစွမ်းပြီး ကွက်တိကျတဲ့ဟူဒီများကိုတော့ ရုံးတက်ရုံးဆင်းအတွက်လည်း အဆင်ပြေတာကြောင့် ရုံးသမားများနဲ့လည်း သင့်တော်ပါတယ်။

ဟူဒီအသား

men hoodie fashion

ဈေးကြီးပေးဝယ်ရတဲ့ ဟူဒီများကတော့ အရည်အသွေးကောင်းပြီး သက်သောင့်သက်သာဖြစ်စေတဲ့အပြင် အသားကလည်း ကြမ်းတမ်းမနေဘဲ နူးညံ့နေတာကို တွေ့မြင်ရပါလိမ့်မယ်။

ဟူဒီအမျိုးအစားများ

men hoodie fashion

ဟူဒီအမျိုးအစားကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဇစ်တပ်ထားတဲ့ ဟူဒီနဲ့ ခေါင်းကနေ စွပ်ချရတဲ့ ဟူဒီဆိုပြီး နှစ်မျိုးရှိပါတယ်။ ဇစ်ပါတဲ့ ဟူဒီရဲ့အားသာချက်ကတော့ လူကြားထဲမှာ ဝတ်ဆင်တဲ့အခါ အလွယ်တကူဝတ်ဆင်နိုင်ပြီး ခေါင်းကနေစွပ်ချရတဲ့ ဟူဒီကျတော့ သင့်ဆံပင်ကို ပုံပျက်သွားစေနိုင်ပါတယ်။

အလေးချိန်ကိုလည်း ထည့်စဉ်းစားပါ

men hoodie fashion

အချို့ဟူဒီများသည် အင်မတန်လေးလံလွန်းလှပါတယ်။ လေးလံလွန်းတဲ့ဟူဒီများသည် သင့်ကို သက်သောင့်သက်သာမဖြစ်စေတာကြောင့် မဝယ်ယူသင့်ပါဘူး။ ဒါ့ကြောင့် ဟူဒီဝယ်ဖို့အတွက် အကောင်းဆုံးအကြံပေးချင်တာကတော့ အွန်လိုင်းက ဝယ်မယ့်အစား ကိုယ်တိုင်ကိုယ်ကျ ဆိုင်ကပဲ ဝယ်လိုက်ဖို့ပါပဲ။

ဟူဒီအကြောင်းလေးတွေ သိသွားပြီဆိုရင်တော့ ကမ္ဘာ့ကောင်းဆုံးနဲ့ လူကြိုက်အများဆုံးဟူဒီများကို ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။

H&M Hoodie

men hoodie fashion

Champion Reverse Weave

men hoodie fashion

Uniqlo Hoodie

men hoodie fashion

Crew Garment-dyed French Terry Hoodie

men hoodie fashion

Everlane The 365 Fleece Hoodie

men hoodie fashion

Source: Onpointfresh.com

Featured Image Source: Onpointfresh.com