တစ်နေ့တာတံခါးကို ဆွဲဖွင့်လိုက်တဲ့ သင့်ရဲ့ မနက်ခင်းတွေမှာ ဘယ်လိုပုံစံနဲ့ အိပ်ရာက ထဖြစ်ပါသလဲ။ လူတွေရဲ့ အလုပ်အကိုင်သဘာဝ ၊ ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံတွေကြောင့် မနက်ကို ဘယ်အချိန်ထပါ ။ ဘာလုပ်ပါလို့ တရားသေ ပြောရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ အခုတစ်ခါမှာတော့ သင့်ရဲ့ မနက်ခင်းအိပ်ရာက နိုးလာလာချင်း မလုပ်ဘဲ ရှောင်ကြဉ်သင့်တဲ့ အချက်တွေ ပြောပြပေးချင်ပါတယ်။

(၁) နှိုးစက်မသုံးနဲ့

Photo: Freepik

မနက်ခင်းတွေမှာ ကြည်ကြည်လင်လင် နိုးထလာချင်တယ်ဆိုရင် Alarm မသုံးဘဲ သဘာဝအတိုင်း သူ့အလိုလို နှိုးထပါစေ။ ထိတ်လန့်စရာ နှိုးစက်သံကြီးနဲ့ နိုးလာတဲ့သူဟာ ဘယ်လိုမှ စိတ်လက်ကြည်သာနိုင်မှာ မဟုတ်ပါဘူး။ နိုးကတည်းက သူ့မှာ ပြဿနာက စပြီလို့ ပြောနိုင်ပါတယ်။

(၂) ချက်ချင်း ဝုန်းဒိုင်း အိပ်ရာက မထလိုက်ပါနဲ့

Photo: Freepik

နိုးနိုးချင်း သတိလေးထားပြီး ခဏလောက် လှဲနေပါ။ နှာခေါင်းမှာ လေကလေး ဝင်လာတာကို အာရုံပြု ၊ အဆုတ်ထဲ လေဝင်သွားတာကို သတိထားပြီး ဝမ်းဗိုက်ကြီးဖောင်းလာတာကို သိနေလိုက်ပါ။ နှစ်မိနှစ်လောက် အသက်ဝဝ ရှုပြီး စိတ်ကြည်လင်သွားမှ အိပ်ရာက ထလိုက်ပါ။

(၃) ပထမဆုံး သောက်စရာမှာ ကဖိန်းဓါတ် မပါပါစေနဲ့

Photo: Freepik

အိပ်ရာက ထပြီး ပထမဆုံးသောက်လိုက်တဲ့ အရည်ဟာ ကဖိန်းဓါတ်ပါတဲ့ ကော်ဖီနဲ့ အချိုရည်တွေ မဖြစ်ဖို့ လိုပါတယ်။ ရေတစ်ဖန်ခွက်ပြည့်ပြည့် သောက်ရင်သောက် ဒါမှမဟုတ် အနံ့လေးသင်းပြီး သောက်ချင်ဖွယ် ဖြစ်အောင် လီမွန်ရေသောက်ပေးနိုင်ပါတယ်။ ဒီလိုမျိုး နှစ်ပတ်လောက် လုပ်လိုက်ရင် ခန္ဓာကိုယ်ပုံစံနဲ့ ကျန်းမာမှုပေါ်ပါ ကောင်းမွန်တဲ့ ပြောင်းလဲချက်တွေ မြင်လာရပါလိမ့်မယ်။

(၄) မနက်စာ မစားဘဲ မနေပါနဲ့

Photo: Freepik

မနက်စာ မစားဘဲနေတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ သိထားသင့်ပါတယ်။ တစ်နေ့တာအတွက် အင်အားအပြည့်နဲ့ လှုပ်ရှားနိုင်ဖို့ မနက်ခင်းမှာ စွမ်းအင်ဖြည့်အစားအစာတွေ စားပေးဖို့ လိုပါတယ်။ အိပ်ရာက ထပြီး တစ်နာရီအတွင်း မနက်စာ စားပေးသင့်ပြီး စားတဲ့ အစားအစာထဲမှာ ပရိုတိန်းဓါတ်မြင့်တဲ့ အစားအစာများ ၊ ကာဗွန်ဟိက်ဒရိတ်နဲ့ ကွေကာအုတ် /Oatmeal တို့ ပါဝင်သင့်ပါတယ်။

(၅) နိုးနိုးချင်း အီးမေးလ်မစစ်နဲ့ Social Media မသုံးနဲ့

Photo: Freepik

မနက်အိပ်ရာထချိန် ချက်ချင်း ဖုန်းကောက်ကိုင်တတ်တဲ့ အကျင့်ရှိရင် ဖျောက်ပစ်ပါ။ အကောင်းဆုံးက သင့်မနက်ခင်းအဖွင့်ကို စာအုပ်ကောင်းလေးဖြစ်ဖြစ် သတင်းစာ/ဂျာနယ်လေး ဖတ်တာပဲ ဖြစ်ဖြစ် ၊ တိတ်ဆိတ်စွာ ထိုင်ပြီး တရားရှုမှတ်တာပဲ ဖြစ်ဖြစ် လုပ်တဲ့ အလေ့အကျင့် မွေးသင့်ပါတယ်။