လူငယ်တစ်ယောက်အတွက် ဘယ်လိုအရာတွေကအရေးကြီးသလဲ။ ဘယ်လိုအရည်အချင်းတွေပိုင်ဆိုင်ထားသင့်လဲ။ Kwee စာဖတ်ပရိသတ်တွေထဲမှာ လူငယ်တွေအများကြီးရှိမယ်ထင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးကတော့ လူငယ်တစ်ယောက်အတွက် ဘယ်လိုအရည်အချင်းတွေမဖြစ်မနေရှိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ပေါင်းသင်းဆံဆက်ရေးချဲ့ထွင်ပါ

Source : Freepik

State ကျောင်းသားဘဝတုန်းကလို သူငယ်ချင်းသုံးလေးယောက်ရှိရင် အဆင်ပြေပြီလို့ တွက်လို့မရတော့ပါဘူး။ ဆယ်ကျော်သက်အရွှယ်ကိုကျော်လွန်ပြီး လူငယ်တစ်ယောက်အဖြစ်သို့ပြောင်းလဲလာချိန်မှာ ပေါင်းသင်းဆက်ဆံရေးကိုအရင်ကထက်ပိုမိုချဲ့ထွင်ပြီး မိတ်ဆွေသူငယ်ချင်းအသစ်တွေများများရအောင် ကြိုးစားရမှာဖြစ်ပါတယ်။ မိတ်ဆွေများများရှိခြင်းက ကိုယ့်အတွက်အခွင့်အလမ်းကောင်းတွေ အကူအညီတွေများစွာရလာနိုင်ပါတယ်။

(၂) လူရှေ့ထွက်ရဲအောင်ကြိုးစားပါ

Source : Shutterstock

တစ်ချိန်မှာ အလူအများကြီးကို ဦးစီးရတဲ့ ကုမ္ပဏီပိုင်ရှင် (သို့) လူအများလေးစားအားကျရတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ရင် လူတွေရဲ့အရှေ့ကိုသေချာပေါက်ထွက်ရမှာပါ။အခုချိန်မှာကိုယ်အနေနဲ့ လူတွေနဲ့ စကားပြောရမှာကြောက်ရင် လူတွေအများကြီးရဲ့ရှေ့မှာထွက်ပြီးစကားပြောဖို့ တွန့်ဆုတ်နေရင် စိတ်ဓာတ်မကျပါနဲ့။ လူရှေ့ထွက်ရဲဖို့ဆိုတာ ဘယ်သူမှ မွေးကတည်းကရလာနိုင်တဲ့ အရည်အချင်းတစ်ခုတော့မဟုတ်ပါဘူး။သူငယ်ချင်းနှစ်ယောက်သုံးယောက်လောက် ဒါမှမဟုတ် မိသားစုဝင်တွေရှေ့မှာဖြစ်ဖြစ် စမ်းပြီးစကားပြောကြည့်ပါ။ ဒီလိုမျိုး ဖြေးဖြေးချင်းလေ့ကျင့်ယူရမှာပါ။

(၃) ငွေကြေးစီမံခန့်ခွဲပါ

Source : Twenty20

လူငယ်အရွှယ်မှာကတည်းက ငွေကြေးစီမံခန့်ခွဲခြင်းနဲ့ ပတ်သတ်ပြီး ရင်းနှီးအောင်လေ့ကျင့်ထားသင့်ပါတယ်။ လစဉ်ကိုယ့်ရဲ့ ဝင်ငွေကိုကောင်းစွာကိုင်တွယ်ထိန်းချုပ်နိုင်ရင် ငွေကြေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေရှိတော့မှာမဟုတ်ပါဘူး။ တစ်လတစ်လကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုစာရင်းပြုစုပါ။ အသုံးနဲ့အဖြုန်းကိုခွဲခြားသိပြီး ငွေကြေးရဲ့တန်ဖိုးကိုနားလည်အောင် လေ့ကျင့်သင်ယူထားသင့်ပါတယ်။

(၄) ရင်းနှီးမြုပ်နှံပါ

Source : freepik

ကိုယ်ကိုယ်ကိုရင်းနှီးမြုပ်နှံခြင်းက ရေတိုမှာသိသာထင်ရှားတဲ့ ထူးခြားမှုမျိုးရချင်မှရပါလိမ့်မယ်။ ရင်းနှီးမြုပ်နှံခြင်းဆိုတာ အဓိကအားဖြင့် ရေရှည်အတွက်ခိုင်မာတဲ့ အုတ်မြစ်ချမှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ငယ်တုန်းမှာလေ့လာစရာရှိတဲ့ အရာတွေ ဘာသာစကားတွေ နည်းပညာဗဟုသုတတွေ ဒစ်ဂျစ်တယ် Skill စသည်ဖြင့် စာဖတ်သူတို့နောင်တစ်ချိန်မှာ ပြန်လည်အသုံးချနိုင်မယ့် ပညာရပ်တွေကို မပျင်းမရိပဲလေ့လာဆည်းပူးခြင်းဖြင့် ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံမှုတွေပြုလုပ်သင့်ပါတယ်။