ငွေရတဲ့ အလုပ်တစ်ခုခုကို လုပ်နေပြီဆိုရင် ငွေထည့်ဖို့ အိတ်တစ်လုံးလည်း လိုလာပြီပေါ့။ ဒါပေမယ့် ဘယ်လို ပိုက်ဆံအိတ်မျိုး ဝယ်ကိုင်ရမလဲ။ ဒီမေးခွန်းကို ဒီဆောင်းပါးကနေ ရှင်းပြသွားမှာပါ။

(၁) ဘာသားနဲ့ လုပ်ထားလဲ

Source: GearMoose

ပိုက်ဆံအိတ် ဒီဇိုင်းနဲ့ ဈေးနှုန်းတွေအကြောင်း မပြောခင်အရင်ဆုံး ဘယ်လို Material သုံးထားတဲ့ အိတ်လဲက စကြည့်ရအောင်။ ရှေးရှေးကာလတွေမှာတုန်းက ပိုက်ဆံအိတ်ကို မြင်းသားရေ ၊ နွားသားရေတွေနဲ့ ချုပ်ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ Synthetic Fibers သားတွေ ၊ ဖျင် ၊ သားရေအစုံနဲ့ ရက်လုပ်လာပြီ ဖြစ်ပါတယ်။ Polyester စ လို့ ခေါ်တဲ့ ဓါတုနည်းနဲ့ ထုတ်ထားတဲ့ ချည်နဲ့ လုပ်ထားတဲ့ အိတ်တွေက အကြမ်းခံတာကြောင့် ဂျင်းဘောင်းဘီ အဝတ်များသူတွေနဲ့ အဆင်ပြေပါတယ်။
အလူမီနီယံနဲ့ လုပ်တဲ့ ပိုက်ဆံအိတ်တွေကတော့ ပုံမှန်မြင်နေကျ နှစ်ခေါက်ချိုး၊ သုံးခေါက်ချိုး အိတ်တွေ မဟုတ်ဘဲ ခရစ်ဒစ်ကတ်နဲ့ ATM ၊ ယာဉ်မောင်းလိုင်စင်တွေလို ကတ်ပြားတွေ ထည့်ဖို့ပိုပြီး သင့်တော်ပါတယ်။ ဖျင်သားနဲ့ လယ်သာ ပိုက်ဆံအိတ်တွေကတော့ အသုံးအများဆုံးထဲမှာပါပြီး ဇစ်နဲ့လာတာ ရှိသလို ရိုးရိုး ခေါက်အိတ်ပုံစံတွေနဲ့လည်း လာပါတယ်။

(၂) ဒီဇိုင်း

Source: Pinterest

ဒါကတော့ မြင်မြင်ချင်းတွေ့ရတဲ့ ပိုက်ဆံအိတ်တစ်လုံးရဲ့ အသွင်အပြင်ပါ။ Bi-Fold / Tri-Fold လို့ခေါ်တဲ့ နှစ်ခေါက် သုံးခေါက်ချိုး အိတ်တွေ ဖြစ်ပြီး ပိုက်ဆံများများ ထည့်ရင်တော့ ကိုင်ရတာ အဆင်မပြေတာတွေ ရှိပါတယ်။ အထူးသဖြင့် သုံးခေါက်ချိုး အိတ်တွေမှာ ပိုက်ဆံအတော်အသင့် ထည့်လိုက်ရင်ကို အတော်ကြီး ဖောင်းသွားတတ်ပါတယ်။
နောက်ဒီဇိုင်းတစ်မျိုးကတော့ Card Cases လို့ ခေါ်တဲ့ ဝတ်စုံပြည့်ဝတ်ပြီး ရုံးတက်သူတွေနဲ့ လိုက်ဖက်တဲ့ အိတ်ဒီဇိုင်းပါ။ သူကတော့ Business Card ၊ ATM နဲ့ Credit Card လိုမျိုး ကတ်တွေကို ထည့်ဖို့ ပိုသုံးပါတယ်။ သိမ်းရ သယ်ရ လွယ်တဲ့ ပိုက်ဆံအိတ်မျိုးလည်း ဖြစ်ပါတယ်။
Money Clips ဆိုတာကတော့ နောက်ပိုင်း ခေတ်စားလာနေတဲ့ ပိုက်ဆံအိတ်ဒီဇိုင်းသစ်ပါ။ ပိုက်ဆံကို ခေါက်လျက်သား သယ်သွားချင်သူတွေအတွက်ပါ။ များများစားစား မဟုတ်ရင် အဆင်ပြေပေမယ့် ပိုက်ဆံအိတ်စစ်စစ်ရဲ့ ခံစားမှုရမှာ မဟုတ်ပါဘူး။

(၃) ကာလာ

Source: The Trend Spotter

အရောင်ကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ် ဖြစ်ပြီး အရောင်တွေကပဲ လူတစ်ယောက်ရဲ့ Personality ကို ဖော်ပြနေတတ်ပါတယ်။ အညိုနဲ့ အနက်ဗြောင်ကာလာကတော့ ခေတ်အဆက်အဆက် မရိုးတဲ့ အရောင်တွေထဲမှာ ပါသလို အမျိုးသားတွေနဲ့လည်း အလိုက်ဖက်ဆုံးပါပဲ။

(၄) ဈေး

Source: Minivan Momma

ပိုက်ဆံအိတ်တစ်လုံးအတွက် ငွေဘယ်လောက် သုံးမလဲဆိုတာ ဝယ်မယ့်သူနဲ့ဆိုင်ပါတယ်။ ၁၀၀၀၀ တန် အိတ်ကနေ ၁ သိန်းတန် အိတ်အထိ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ ဒါပေမယ့် အခြေခံအားဖြင့် ပိုက်ဆံအိတ်တစ်လုံးကို ဘယ်လောက် ကိုင်မှာလဲ ၊ ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်က ဘာလဲ စတဲ့ အချက်တွေကို စဉ်းစားပြီး ဈေးနှုန်း ချိန်ဆသင့်ပါတယ။် အကြံပေးလိုတာက ပိုက်ဆံအိတ်တစ်လုံးဟာ သူ့ထဲကို ထည့်မယ့် ငွေပမာဏထက် ပိုများနေရင် သဘာဝသိပ်မကျပါဘူး။

(၅) Brand

Source: The Trend Spotter

ဒါကတော့ နောက်ဆုံးအဆင့်ပါ။ Brand ကြည့်ပြီးမှ ပစ္စည်းဝယ်တာဟာ အခါခပ်သိမ်း မမှန်ပါဘူး။ Brand ထက်စာရင် ကိုယ်သုံးမယ့်ပုံစံ Format နဲ့ ဝင်မဝင်ကို အရင်ကြည့်ပြီးမှ Brand နောက်လိုက်ပါ။ Brand တွေဟာ ပိုကောင်းချင် ကောင်းမယ် ၊ ပိုလည်း လှပသားနားရင် သားနားမယ်။ ကိုယ်မှ မတတ်နိုင်ရင်တော့ Brand ကို ကိုးကွယ်တာ မှားတယ်လို့ပဲ ပြောချင်ပါတယ်။ တတ်နိုင်ရင် ၊ ပစ္စည်း ရိုသေတယ်ဆိုရင် Brand ရှိတဲ့ ပစ္စည်းကို ဝယ်ဖို့ အကြံပေးချင်ပါတယ်။