တစ်ခါတစ်လေမှာ ဘယ်လိုမှအလုပ်လုပ်ဖို့ စိတ်မပါတဲ့ ရက်တွေကြုံဖူးကြမယ်ထင်ပါတယ်။ အလုပ်လုပ်ဖို့ စိတ်မပါတဲ့စိတ်ကိုဖျောက်ပြီး အလုပ်အတင်းအာရုံစိုက်ပြီးကြိုးစားလုပ်နေပေမယ့် အာရုံစိုက်ကပိုပိုခက်ခဲပြီး စိတ်တွေပြန့်လွင်နေတက်ပါတယ်။ဒါကြောင့် ဒီလိုအလုပ်ထဲအာရုံစိုက်လို့မရတဲ့အချိန်တွေကို ကျော်လွားနိုင်ဖို့ အကြံကောင်းတစ်ချို့ကိုပြောပြချင်ပါတယ်။

(၁) အလုပ်စားပွဲကနေခဏထလိုက်ပါ

Source : Shutterstock

လုပ်လက်စအလုပ်တွေခဏရပ်ပြီး အလုပ်စားပွဲကနေထလိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်ပြုလုပ်ဖို့ လမ်းလျောက်တာ လှေကားတက်တာ ပြတင်းပေါက်မှာရပ်ပြီးလေကောင်းလေသန့်ရှုတာမျိုးတွေ ခဏလောက်လုပ်လိုက်ပါ။ ဒါဆိုရင်စိတ်ရှုပ်ထွေးနေမှုတွေလျော့သွားပြီး အလုပ်ထဲ အာရုံပြန်စိုက်လာနိုင်မှာဖြစ်ပါတယ်။

(၂) သီချင်းကျယ်ကျယ်ဖွင့်ပြီးနားထောင်ပါ

Source : Shutterstock

သီချင်းနားထောင်ခြင်းကသင့်ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်ကိုပြေလျော့စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၁၀ မိနစ်လောက် သီချင်းသံခပ်ကျယ်ကျယ်လေးဖွင့် မျက်စိမှိတ်ပြီး သီချင်းထဲလိုက်ပါစီးမြောလိုက်ပါ။ အာရုံစူးစိုက်လို့မရတဲ့စိတ်တွေလျော့သွားပြီး ကောင်းကောင်းအလုပ်ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။

(၃) တစ်မှေးလောက်အိပ်လိုက်ပါ

Source : Shutterstock

နေ့လည်နေ့ခင်းဘက် ခဏတဖြုတ်အိပ်စက်အနားယူလိုက်တာဟာ ခန္ဓာကိုယ်အတွက် အားအင်တွေကိုအကောင်းဆုံးပြန်လည်ဖြည့်တင်းပေးပါလိမ့်မယ်။ တစ်ခါတစ်လေအရမ်းပင်ပန်းနေတဲ့အချိန်မျိုးတွေမှာအာရုံစိုက်နိုင်စွမ်းတွေကျဆင်းပြီး ဘားမှမလုပ်ချင် မစဉ်းစားချင်တာမျိုးဖြစ်တက်ပါတယ်။ဒါကြောင့် ၁၅ မိနစ် မိနစ်၂၀လောက် ခဏတဖြုတ်အိပ်လိုက်ပါ။

(၄) တရားထိုင်ပါ

Source : Shutterstock

စိတ်ဖိစီးမှုလျော့ချဖို့နှင့် အာရုံစူးစိုက်မှုမြှင့်တင်နိုင်ဖို့ အကောင်းဆုံးစိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုက တရားထိုင်ခြင်းဖြစ်ပါတယ်။ တရားထိုင်ြင်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အာရုံစူးစိုက်မှုကို အကောင်းဆုံးပြန်လည်စုစည်းပေးနိုင်ပါတယ်။ဒါကြောင့် အလုပ်တွေအားလုံးခဏမေ့ပြီး ၁၅ မိနစ်လောက်တရားထိုက်ကြည့်ပါ။