လူတိုင်းမှာ  အထီးကျန်ဆန်တဲ့ အချိန်ဆိုတာ ရှိတတ်ကြပါတယ်။ ဒီလို အထီးကျန်ဆန်မှုကို ဖြေဖျောက်လို့ရတဲ့ အလွယ်ကူဆုံး အသက်သာဆုံး အကောင်းဆုံးနည်းလမ်းရှိပေမယ့် အများစုက သတိမထားမိတတ်ကြတာများပါတယ်။

Source: Anaheim Lighthouse

Source: Bupa Blue Room

မိမိရဲ့ မိသားစုနဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေဖို့ အရေးကြီးပါတယ်။ ဒါဟာ အထီးကျန်အားငယ်နေတဲ့စိတ်အတွက် အကောင်းဆုံး ဖြေဆေးတစ်ခွက်ပါ။ ကိုယ့်ရဲ့ အထီးကျန်ဆန်မှုကို သူတို့တွေနဲ့ ဖြေဖျောက်လို့ရပါတယ်။

Source: bustle.com

အထီးကျန်ဆန်နေတဲ့အခါဖြစ်ဖြစ် အသက်ကြီးလာတဲ့အခါဖြစ်ဖြစ်  ငယ်ငယ်က အကြောင်းအရာတွေ ဒါမှမဟုတ် ဟိုးအရင်က အကြောင်းအရာတွေကို ပြန်လည်ပြောဆိုတာက ကိုယ့်ရဲ့ အထီးကျန်ဆန်မှုတွေကို ပြေပျောက်သွားစေနိုင်ပါတယ်။

Source: la-motte.com

မောင်နှမသားချင်းတွေ၊ မိဘတွေ၊ ဆွေမျိုးတွေနဲ့ အမှတ်တရဖြစ်ရပ်လေးတွေအကြောင်း  ပြန်ပြောင်းပြောဆိုရင်း အချိန်ဖြုန်းခြင်းဟာ အလွန်ကို စိတ်ကြည်နူးစရာကောင်းပါတယ်။ အားလပ်ရက်တွေမှာ မိသားစုတွေနဲ့ အတူတူခရီးထွက် နိုင်ပါသေးတယ်။ တခြားသူစိမ်းလူတွေကို မဟုတ်ဘဲ ကိုယ့်မိသားစုအချင်းချင်း  အကြင်နာတရားတွေလည်း ထားသင့်ပါတယ်။ အထီးကျန်ဖြစ်နေတဲ့ အဘိုးရဲ့အိမ်ကို သွားပြီး အိမ်အလုပ်ကူ စကားပြောတာတွေ လုပ်ပေးသင့်ပါတယ်။