အောင်မြင်ပျော်ရွှင်တဲ့ အချစ်ရေးဆိုတာ လူတိုင်းလိုချင်တဲ့အရာတစ်ခုပါ။ အများအားကျရလောက်တဲ့အထိ ကြည်နူးပျော်ရွှင်ဖို့ကောင်းတဲ့ ချစ်သူစုံတွဲတွေကိုတွေ့ဖူးကြပါမှာပါ။ ဒီလိုအချစ်ရေးမှာ စိတ်ချမ်းသာစရာ ကြည်နူးပျော်ရွှင်စရာတွေနဲ့ ပြည့်နေတဲ့ ပျော်ရွှင်တဲ့စုံတွဲတွေရဲ့ အလေ့အထကောင်းတွေကို စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
(၁) လက်ခံပေးတယ်
Source : Assante Wealth Management
လူတစ်ယောက်နဲ့ တစ်ယောက်မှာမတူညီတဲ့ အကျင့်စရိုက်လေးတွေဆိုတာ ရှိတက်ကြပါတယ်။ ပျော်ရွှင်နေတဲ့စုံတွဲတွေမှာလည် တစ်ယောက်နဲ့တစ်ယောက်မတူညီတာလေးတွေ ရှိပါတယ်။ဒါပေမယ့် ဒီလိုမတူညီကွဲပြားတဲ့အရာတွေကို ကိုယ့်အကြိုက်ပုံစံဖြစ်အောင် တစ်ဖက်လူကို ဘယ်တော့မှပုံသွင်း အတင်းလုပ်ယူတာမျိုးမရှိကြပါဘူး။ ကိုယ့်ချစ်သူရဲ့မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်အောင်ပဲကြိုးစားကြတာပါ။
(၂) ယုံကြည်မှုရှိတယ်
Source : Pixpa
RS တစ်ခုမှာအဓိက ယုံကြည်မှုပါပဲ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိနေရင် မပျော်ရွှင်နိုင်စရာအကြောင်းမရှိနိုင်ပါဘူး။ ဒါကြောင့် တကယ်ပဲသာယာပျော်ရွှင်တဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ချင်ရင် အရင်ဆုံးယုံကြည်မှုတည်ဆောက်ပါ။ ကိုယ်ချစ်သူသံသရဝင်စေမယ့်အရာမျိုး ယုံကြည်မှုလစ်ဟာသွားစေမယ့်အရာတွေကို သတိထားရှောင်ကျဉ်ပါ။
(၃) အချစ်ကိုပြကြတယ်
Source : HuffPost
အချစ်ဆိုတာ တကယ်တော့ထုတ်ဖော်ပြသဖို့လည်း လိုအပ်ပါတယ်။ ချစ်တော့ချစ်တယ် အချစ်တွေကိုထုတ်မပြတက်ဘူးဆိုရင်လည်း ဒါဟာမှားယွင်းတဲ့ အယူအဆတစ်ခုလို့ပြောရမှာပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့အချစ်တွေကို ထုတ်ပြမှသာကြည်နူးပျော်ရွှင်ဖို့ကောင်းတဲ့ အချိန်တွေကိုပိုင်ဆိုင်ရနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့စုံတွဲတွေကတော့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ချစ်ခြင်းမေတ္တာကို အမြဲထုတ်ဖော်ပြသလေ့ရှိကြပါတယ်။
(၄) ကိုယ်ပိုင်အချိန်ထားတယ်
Source : People.com
ပျော်ရွှင်နေတဲ့စုံတွဲတွေဟာ ကိုယ့်ချစ်သူနဲ့ အချိန်တိုင်းတွေ့ အချိန်တိုင်းဆက်သွယ်နေကြတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ပိုင်လွတ်လပ်ချိန်ဆိုတာကို မဖြစ်မနေထားရှိကြပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကောင်းကောင်းနားလည်ကြပြီး ကိုယ့်ရဲ့သီးသန့်အချိန်လေးတွေမှာ အနှောက်ယှက်ပေးတာမျိုးတွေမလုပ်ပဲ လွတ်လပ်စွာနေခွင့်ပေးထားကြပါတယ်။ဒီအချက်ကလည်း ပျော်ရွှင်တဲ့စုံတွဲတွေရဲ့ လျို့ဝှက်ချက်တစ်ခုပါ။