ပြဿနာသေးသေးလေးတွေကနေ ပြဿနာအကြီးကြီးတွေဖြစ်သွားတတ်ပါတယ်။ ဒီလိုပါပဲ နေ့စဉ်နေ့တိုင်းမှာ တစ်ချို့လူတွေဟာ သူတို့ကိုယ်တိုင်တောင်မသိလိုက်ပဲ အမှားသေးသေးလေးတွေလုပ်မိနေကြပါတယ်။ ဒီအမှားဟာ နောက်ပိုင်းမှာ ပြဿနာ အကြီးကြီးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီနေ့ Kwee page ကလူတွေသတိမထားမိဘဲ နေ့စဉ်လုပ်မိနေကြတဲ့ အမှားလေးတွေကို ဖော်ပြပေးသွားမှာပါ။
ထမင်းအများကြီးစားထားတဲ့အချိန် ရေဘူးကို တစ်ကျိုက်တည်း မော့ချပြီးသောက်တာ
Source: The New Times
ထမင်းအများကြီးစားထားတဲ့အချိန်မှာ ရေဘူးကို တစ်ကျိုက်တည်း မော့ချပြီးသောက်တာက ကောင်းတဲ့အကြံတော့ မဟုတ်ပါဘူး။ ရေသောက်ပေးခြင်းက ဝိတ်ကျစေပြီး အစာစားချင်စိတ်ကို ထိန်းပေးတယ်ဆိုတာတော့မှန်ပါတယ်။ ဒါပမေယ့် ထမင်းအများကြီးစားထားတဲ့အချိန်မှာတော့ ရေဘူးကို တစ်ကျိုက်တည်း မော့ချပြီးသောက်တာက ဗိုက်အလွန်အကျွန်ဖောင်းကားလာပြီး မအီမသာ ခံစားရနိုင်ပါတယ်။ ပြီးတော့ ထမင်းစားပြီးပြီးခြင်း ရေသောက်များခြင်းက အစာခြေလုပ်ငန်းစဉ်တွေကို အနှောက်အယှက်ဖြစ်စေပါတယ်။
ရေခဲရေသောက်ခြင်း
Source: Bright Side
နွေရာသီမှာ လူတွေတော်တော်များများ ရေခဲရေသောက်ကြပါတယ်။ လေ့လာမှုတွေအရ ရေခဲရေသောက်ခြင်းဟာ အစာခြေလုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးနိုင်ပါတယ်။ ပြီးတော့ သွေးကြောတွေကိုလည်း တင်းကျပ်စေပါတယ်။
အိပ်သာအဖုံးမပိတ်ပဲ ရေဆွဲချခြင်း
Source: Bright Side
အိပ်သာအဖုံးပိတ်ပြီး ရေဆွဲချခြင်း ဆိုတဲ့ရိုးရှင်းတဲ့လုပ်ငန်းစဉ်တစ်ခုဟာ သင့်ကျန်းမာရေးအပေါ် သက်ရောက်မူအများကြီးရှိစေပါတယ်။ လူတော်တော်များများ ဟာ အိပ်သာအဖုံးမပိတ်ပဲ ရေဆွဲချတဲ့ အလေ့အကျင့်ရှိကြတယ်။ အိမ်သာထဲက ဘတ်တီးရီးယားတွေဟာ ရေဆွဲချလိုက်တဲ့အချိန်မှာ ပတ်ဝန်းကျင်သို့ (၁၀) လက်မခန့် ပြန့်နှံ့သွားနိုင်ပါတယ်။ ဒါကြောင့် အိမ်သာရေဆွဲချတဲ့အချိန်မှာ အဖုံးပိတ်ထားခြင်းက အကောင်းဆုံးပါ။
ထမင်းစားနေစဉ် တီဗီကြည့်ခြင်း
Source: Complete Welbeing
ထမင်းစားနေစဉ်အတွင်းမှာ တီဗီကြည့်ခြင်းကလည်း ကောင်းတဲ့အကျင့်တစ်ခုတော့မဟုတ်ပါဘူး။ ဒီလိုလုပ်ခြင်းက အစာတစ်မျိုးတည်းကို ပိုပြီးစာမိစေတာကြောင့် အဝလွန်တာတွေဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောထားကြပါတယ်။
အိပ်ယာနိုးနိုးခြင်း ကော်ဖီသောက်ခြင်း
ကော်ဖီသောက်တဲ့အချိန်ဟာ သင့်ရဲ့ဟော်မုန်းထုတ်လုပ်မူကို သက်ရောက်မူရှိစေပါတယ်။ Cortisol လို့ခေါ်တဲ့ ဟော်မုန်းဟာတစ်မျိုးဟာ လူတွေကို နိုးနိုးကြားကြားရှိစေဖို့ ကူညီပေးပါတယ်။ တစ်နေ့မှာ cortisol ထုတ်လုပ်ချိန် (၃) ချိန်ရှိပါတယ်။ တစ်ချိန်ကတော့ အိပ်ယာနိုးတဲ့အချိန်ပါပဲ။ ဒီအချိန်မှာ ကော်ဖီသောက်ခြင်းက cortisol ထုတ်လုပ်မှုပမာဏကို လျှော့နည်းသွားစေပါတယ်။ ဒါကြောင့် အိပ်ယာနိုးနိုးခြင်း ကော်ဖီသောက်ခြင်းကို ရှောင်ရှားကြဖို့ အကြံပေးချင်ပါတယ်။
Source: Bright Side