တစ်ချို့လူတွေက ဝင်ကောင်ကောင်းကြပေမဲ့ အသုံးအဖြုန်းကြီးတာကြောင့် အမြဲတမ်းလိုလို ပိုက်ဆံပြတ်လေ့ ရှိကြတယ်။ တစ်ချို့တွေကြတော့ ပိုက်ဆံဖြုန်းတာမဟုတ်ပဲနဲ့ ဘယ်နေရာမှာ ကုန်သွားမှန်းမသိ ကုန်သွားလေ့ရှိကြတယ်။

ဒီနေ့ kwee page ကနေပြီးတော့ ဘယ်လိုနေရာတွေမှာ ပိုက်ဆံတွေမဖြုန်းသင့်ဘူးလဲဆိုတာ အကြံပေးသွားမှာပါ။

၁။ အပြင်စာစားတာ

Source: Bright Side

သင်က အပြင်ထွက်စားရတာ ကြိုက်တဲ့သူလား။ ဒါဆိုရင်တော့ ပြန်စဉ်းစားဖို့တော့ လိုနေပါပြီ။ များသောအားဖြင့် စားသောက်ဆိုင်တွေမှာ စားတာဟာ အိမ်မှာ ချက်စားတာထက် ပိုက်ဆံပိုကုန်ပါတယ်။ မိမိရွေးချယ်စားသုံးတဲ့ ဆိုင်ပေါ်မှာလည်း မူတည်ပါတယ်။ မဖြစ်မနေ ကိစ္စတွေကလွဲရင်တော့ အပြင်မှာစားတာထက် အိမ်မှာ မိမိဖာသာ တခုခုချက်ပြုတ်စားတဲ့ အကျင့်ကို လုပ်သင့်ပါတယ်။ ဒါဆိုရင် ငွေပိုတွေ ထွက်လာပါလိမ့်မယ်။

၂။ ထီလက်မှတ်တွေ အများကြီးဝယ်တာ

Source: YouTube

တစ်လတစ်လ ထီလက်မှတ်တွေ အများကြီးဝယ်တာက ငွေယိုပေါက်ကြီးတစ်ခုပါပဲ။ တစ်စောင် (သို့) နှစ်စောင်လောက် ဝယ်တာက ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ ထီဆိုတာ ဘယ်ဂဏန်း ထွက်မည်မှန်း သိရတာမဟုတ်တော့ ကံစမ်းယုံလောက်ဆိုရင် တစ်လ ၁ စောင် လောက်ပဲဝယ်တာ အကောင်းဆုံးပါ။

၃။ မလိုအပ်ပဲ ပစ္စည်းတွေဝယ်တာ

Source: Bright Side

တစ်ချို့လူတွေက မလိုအပ်ပဲ အသုံးအဆောင်ပစ္စည်းတွေ အများကြီး ဝယ်ထားတတ်ကြတယ်။ သူတို့တွေဟာ ဆိုင်တွေမှာ discount ချပြီဆိုတာနဲ့ အသုံးပြုဖို့မလိုလည်း ဝယ်ထားတတ်ကြတယ်။ ဒါက ပိုက်ဆံဖြုန်းနည်း တစ်မျိုးပါပဲ။ discount တွေဘယ်လောက်ပဲ ချချ မိမိ တကယ်လိုအပ်တဲ့ ပစ္စည်းတွေပဲ ဝယ်ပါ။

၄။ နောက်ဆုံးပေါ်နည်းပညာပစ္စည်း တွေနောက်လိုက်တာ

Source: Tech Bakbak

တစ်ချို့လူတွေက iPhone အသစ်ထွက်တာနဲ့ ကိုင်ချင်ကြတယ်။ သူတို့လက်ရှိကိုင်နေတဲ့ ဖုန်းက အကောင်းကြီးရှိသေးတာတောင် အသစ်ထွက်တဲ့ ဖုန်းတွေကို ကိုင်ချင်ကြတယ်။ တစ်ချို့တွေက ကိုင်ချင်လွန်းလို့ အကြွေးတွေ အတင်ခံပြီးတောင် ဝယ်ကြတဲ့သူတွေရှိပါတယ်။ ဒီလိုလူမျိုးတွေမှာ ပိုက်ဆံက ကြာကြာမနေတတ်ကြပါဘူး။ ဒါကြောင့် မလိုအပ်ရင် နောက်ဆုံးပေါ်ဆိုတဲ့ အရာတွေနောက်ကို မလိုက်တာ အကောင်းဆုံးပါ။