ရုပ်ရှင်ဖန်တီးတဲ့သူတွေဟာ လူတွေစိတ်ဝင်စားအောင် တကယ့်လက်တွေ့ဘဝမှာ တွေ့ရလေ့မရှိတဲ့အရာတွေကို ဇာတ်လမ်းတွေဆင်ပြီး ဆက်တင်ချိန်ကာ ရိုက်ကူးတတ်လေ့ရှိကြတယ်။ အခု kwee ပြောပြမဲ့ အကြောင်းကလည်း ရုပ်ရှင်ဇာတ်ကားတွေထဲမှာသာ တွေ့ရတတ်ပြီး အပြင်လောကမှာ မတွေ့ရတတ်တဲ့ အကြောင်းလေးတွေကို ပြောပြပေးသွားမှာပါ။

ရာသီဥတုနဲ့မညီတဲ့ အဝတ်အစားတွေ

အေးခဲနေတဲ့ ရာသီဥတုမျိုးမှာ ဦးထုပ်မဆောင်းဘဲ ဘယ်လိုလူမျိုးက အပြင်ထွက်ရဲမှာလဲ။ ဒါပေမဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ ကာရိုက်တာတွေ ပိုပြီးဆွဲဆောင်မူရှိအောင် ရာသီဥတု နဲ့မညီတဲ့အဝတ်အစားတွေ ဝတ်ခိုင်းလေ့ရှိကြတယ်။

တကယ့်လက်တွေ့မှာတော့ နားတွေ အေးခဲသွားတာ မျက်နှာတခုလုံး အေးခဲသွားတာမျိုးခံစားရတတ်ပါတယ်။

ဇာတ်ကောင်တွေအတွက် ကားပါကင်တွေက အမြဲလွတ်နေတတ်တယ်


ရုပ်ရှင်ကြည့်ပရိသတ်တွေအနေနဲ့ ကားပါကင်မှာ ရုပ်ရှင်ဇာတ်ကောင်တွေ မိနစ် (၃၀) လောက် ပါကင်ထိုးဖို့ လှည့်ပက်ရှာနေတာကို မကြည့်ချင်ပါဘူး။ ဒါကြောင့် ဒါရိုက်တာတွေက ဇာတ်ကောင်တွေအတွက် အမြဲတမ်း ကားပါကင်ထိုးဖို့ နေရာကို ပြုလုပ်ပေးထားလေ့ရှိပါတယ်။

တကယ့်ဘဝမှာ မြို့ကြီးတွေထဲမှာ ကားပါကင် တနေရာရဖို့ဆိုတာ တော်ရုံလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။

CPR လုပ်ပေးခြင်းက လူတွေကို သတိပြန်လှည်လာစေတယ်

ရုပ်ရှင်တွေထဲမှာ သတိလစ်နေတဲ့သူတွေကို CPR လုပ်ပေးလိုက်တာနဲ့ သတိပြန်ရလာစေပါတယ်။ ဒါပေမဲ့ တကယ့်ဘဝမှာတော့ ဒီလိုမဟုတ်ပါဘူး။ CPR လုပ်တယ်ဆိုတာက နှလုံးနဲ့ဦးနှောက်လုပ်ငန်းတွေကို ပြန်ပြီး ကောင်းလာစေဖို့ပါ။ ဆရာဝန်တွေ ဆေးဝါးကျွမ်းကျင်တဲ့သူတွေ ရောက်လာပြီး လိုအပ်သလို ပြုစုကုသပေးပြီးမှသာ လူနာက ပြန်ကောင်းလာတာပါ။

ပေါက်ကွဲမူတွေ ကျည်ဆံတွေကြောင့် မသေတတ်ဘူး

Indiana Jones နှင့် the Kingdom of the Crystal Skull တို့လိုဇာတ်ကားတွေမှာ အဓိကဇာတ်ကောင်တွေဟာ နျူကလီးယား ပေါက်ကွဲမူကို ရေခဲသေတ္တာထဲဝင်ပြီး ရှောင်ကွင်း အသက်ရှင်နိူင်ပါတယ်။

နျူကလီးယား ပေါက်ကွဲပြီး အရာအားလုံး ပြာပုံဖြစ်သွားရမဲ့ အနေအထားမျိုးမှာတောင် သူတို့က မသေနိူင်ပါဘူး။ တကယ့်အပြင် နျူကလီးယား ပေါက်ကွဲခဲ့ရင် ဓါတ်ရောင်ခြည် သင့်တဲ့ ဧရိယာအတွင်းမှာ အသက်ရှင်ဖို့ဆိုတာ မဖြစ်နိူင်ပါဘူး။

တံခါးခေါက်ပြီးတာနဲ့ ၂-၃ စက္ကန့်အတွင်း တံခါးလာဖွင့်လေ့ရှိတယ်

ရုပ်ရှင်ဇာတ်ကားအများစုမှာ ဇာတ်ကောင်တွေက တံခါးခေါက်ပြီးတာနဲ့ ၂-၃ စက္ကန့်အတွင်း တစ်စုံတစ်ယောက် တံခါးလာဖွင့်လေ့ရှိပါတယ်။ ဒါကလည်း တကယ့်အပြင်လက်တွေ့ဘဝမှာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ အရာပါ။

လူဆင်းရဲတွေက လူချမ်းသာနဲ့တူတယ်

ဒရာမာ ဇာတ်ကားတော်တော်များများမှာတွေ့ရတတ်လေ့ရှိပါတယ်။ ဆင်းရဲပေမဲ့ စားသောက်ဆိုင်တွေမှာ စားနိူင်တာ။ အလုပ်မရှိ ဝင်ငွေမရှိပေမဲ့ တိုက်ခန်းတွေငှားနေနိူင်တာမျိုးတွေ ရိုက်ပြတတ်ပါတယ်။

တကယ့်လက်တွေ့မှာ လူဆင်းရဲတစ်ယောက်အနေနဲ့ စားသောက်ဆိုင်မှာ စားဖို့မပြောနဲ့ ဘက်စ်ကားစီးဖို့တောင် တစ်ခါတစ်လေ ပိုက်ဆံမရှိဘဲဖြစ်တတ်ပါတယ်။

Source: Bright Side