ပစ္စည်းတခုကိုဝယ်လိုက်တိုင်း စားသုံးသူတွေဟာ ဝန်ဆောင်ခ၊ ပို့ဆောင်ခ၊ ကြော်ငြာခ နဲ့ အခွန်အခတွေကိုပါ ပေးရပါတယ်။ ပစ္စည်းတန်ဖိုးမှာ အဲ့တာတွေအကုန်ပေါင်းထည့်ပြီးသားပါ။ ကန ဦး ကုန်ကျစရိတ်၏ ၁၀၀% ဈေးနှုန်းသည်လက်လီအရောင်းဆိုင်များအကြားတွင် စံသတ်မှတ်ချက်ဖြစ်သော်လည်းအချို့သောပစ္စည်းတွေက သာမန်ထက်ပိုဈေးကြီးနေတတ်ပါတယ်။ ဉပမာ ပရင်တာတွေမှာ အသုံးပြုတဲ့ မင်တွေ ဟာဆိုရင် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အရည်လို့တောင်ပြောလို့ရပါတယ်။

ဒီနေ့မှာတော့ စားသုံးသူတွေဟာ ဘယ်လိုပစ္စည်းတွေကို ပုံမှန်ဈေးထက်ပိုပေးပြီး ဝယ်ယူနေကြလဲဆိုတာ ပြောပြပေးသွားမှာပါ။

၁။ လေဆိပ်မှာ စားသောက်ခြင်း (ပုံမှန်ဈေးထက် အဆပေါင်း ၂၀၀-၃၀၀ % ပိုပေးရတယ်)

လေ့လာမှုတွေအရ လေဆိပ်က ကော်ဖီ၊ အသားညပ်ပေါင်မုန့်တွေဟာ ပြင်ပဈေးထက် အဆပေါင်း ၂၀၀-၃၀၀% ကျော်ပိုကြီးတတ်ပါတယ်။ လေဆိပ်ကဆိုင်တွေက စားသုံးတွေဟာ လေဆိပ်မှာ ရွေးချယ်စရာ များများစားစားမရှိဘူးဆိုတာ သိထားတဲ့အတွက် ဈေးကိုမြင့်ထားကြတာပါ။ ပြီးတော့ လေဆိပ် ဆိုင်ခန်းငှားခ ကလည်းအပြင်ကထက်ပိုဈေးကြီးနေတဲ့အတွက် ကာမိအောင်လို့ ကုန်ပစ္စည်းတွေကို ဈေးတင်ထားတတ်ကြပါတယ်။ဒါကြောင့် အတွေ့အကြုံရှိတဲ့ခရီးသွားတွေဟာ စားစရာတွေကို အပြင် စတိုးဆိုင်တွေကနေဝယ်ပြီး သယ်သွားလေ့ရှိကြပါတယ်။

၂။ ပရင်တာတွင် အသုံးပြုသော မှင်များ (ပစ္စည်းထုတ်ကုန်တန်ဖိုးထက် အဆပေါင်း ၃၀၀% ကျော်ပေးဝယ်ရတယ်)

ပရင်တာထုတ်တဲ့သူတွေဟာ အရမ်းညဏ်ပြေးကြတယ်လို့ပြောရမှာပဲ။ သူတို့ဟာ ပရင်တာတွေကို ဈေးပေါပေါနဲ့ ရောင်းပြီးတော့ ပရင်တာအတွက် မရှိမဖြစ်လိုအပ်တဲ့ မှင်ရည်တွေကိုတော့ မယုံနိူင်လောက်အောင် ဈေးမြင့်ထားကြတယ်။ လေ့လာမှုတွေအရ ပရင်တာကုမ္ပဏီတွေဟာ ပရင်တာတွေကို အရှုံးခံရောင်းပြီးတော့ မှင်ရည်တွေကို အဆမတန် ဈေးမြင့်ထားကြတယ်လို့ ဆိုထားပါတယ်။ဒါကြောင့်လည်း မင်ရည်တွေက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး တန်းဝင်နေတာပါ။

၃။ သွားတိုက်ဆေး (ထုန်ကုန်တန်ဖိုးထက် အဆပေါင်း ၄၀၀-၅၀၀% ကျော်)

နည်းပညာအရ သွားတိုက်ဆေးထုတ်တာက အရမ်းကြီး မရှုပ်ထွေးပါဘူး။ ဈေးကြီးတဲ့ သွားတိုက်ဆေးတွေဟာ marketing ကောင်းလို့ပါ။ တကယ်တော့ သွားတိုက်ဆေးတွေက စားသုံးသူသွားတွေအတွက် များစွာအကျိုးမပြုပါဘူး။ သွားဆရာဝန်တွေကတော့ သွားကျန်းမာရေးအတွက် ထုတ်တဲ့ ပစ္စည်းတွေကို ဈေးကြီးပေးပြီးဝယ်သုံးစရာမလိုဘူးလို့ ပြောထားကြပါတယ်။ တစ်နှစ်ကို ၂ ခေါက်လောက် သွားဆရာဝန်နဲ့တွေ့ပေးရင် သွားကျန်းမာရေးအတွက် စိတ်ချရပါြပီ။

၄။ စူပါမာကက်ထဲက အသားများ (ထုတ်ကုန်တန်ဖိုးထက် အဆပေါင်း ၂၀၀% ကျော်)

စူပါမာကက်ထဲက အသားတွေရဲ့ ဈေးနုန်းတွေထဲမှာ အသားတွေကို ထုတ်ပိုးရတဲ့ ဝန်ထမ်းတွေရဲ့လစာကို ထည့်သွင်းထားပါတယ်။ ပြီးတော့ ရောင်းမထွက်လို့ ပျက်စီးသွားမဲ့ အသားတွေရဲ့တန်ဖိုးတွေကိုလည်း ကာမိအောင် ထည့်သွင်းထားကြပါတယ်။ ဒါကြောင့် စူပါမာကက်ထဲက အသားတွေရဲ့ဈေးနုန်းဟာ ပုံမှန်ထက် မြှင့်နေတတ်ပါတယ်။

Source: Bright Side