သင်သတိထားမိသည်ဖြစ်စေ မထားမိသည်ဖြစ်စေ၊ သင်ကအင်တာနက်ကိုအမြဲသုံးနေကြဖြစ်တဲ့အတွက် အင်တာနက်သုံးလို့မရတော့ရင် ရုတ်တရတ်ဘာလုပ်ရမှန်းမသိဘဲ စိတ်ရှုပ်တာမျိုးကြုံဖူးမှာပါ။ ဒီနေ့ခေတ်မှာ လူတော်တော်များများက အွန်လိုင်းမှာပဲ အချိန်ကုန်ကြပါတယ်။ တကယ်တော့ သင့်အိမ်မှာဖြစ်စေရုံးမှာဖြစ်စေ အွန်လိုင်းသုံးစရာမလိုဘဲ သင့်ရဲ့တကယ့်ပြင်ပလောကမှာအကျိုးရှိစေမယ့်အရာတွေလုပ်လို့ရပါတယ်။ ဒီထဲကမှ အချို့အချက်တွေကို ပြောပြပေးပါမယ်။

(၁) စကားလက်ဆုံပြောပါ

Source : Точка

စကားလက်ဆုံပြောတယ်ဆိုတဲ့နေရာမှာ messenger ကနေဖုန်းခေါ်စကားပြောတာမျိုးမဟုတ်ဘဲ တကယ့် အပြင်မှာစကားပြောဆိုဖို့ကိုဆိုလိုပါတယ်။ သင့်ရဲ့ မိသားစုနဲ့ဖြစ်စေ၊ အိမ်နီးနားချင်းမိတ်ဆွေနဲ့ဖြစ်စေ အတူတူထမင်း စားရင်းစကားပြောတာမျိုးပါ။ ဒါမှမဟုတ် သင့်မှာကလေးတွေရှိရင်လဲ ကလေးတွေနဲ့ သူတို့သဘောကျမယ့်စကား လေးတွေပြောလို့ရပါတယ်။ စကားစမြည်ပြောပေးတာက သင်တယောက်ထဲလို့မခံစားရစေဘဲ အဆက်အသွယ်ရှိ တယ်လို့ခံစားရစေပါတယ်။

(၂) စာဖတ်ပါ

Source : IzzyWeb.net

သင်က စာအုပ်တအုပ်ကိုအပြီးသတ်ဖတ်မယ်တွေးတိုင်း အချိန်မရှိဘူးလို့ပဲတွေးမိနေပါသလား။ ဒါဆို သင့်ရဲ့ဆိုရှယ်မီဒီယာ အသုံးပြုချိန်တွေကိုလျော့ပြီး အခုပဲစာအုပ်ကိုင်လိုက်ပါ။ စာအုပ်မပြီးမချင်း ဖေ့စ်ဘုတ်မဖွင့်ပါနဲ့။ တကယ်လို့စာအုပ်က တနေ့တည်းမပြီးတဲ့ စာအုပ်မျိုးဆိုရင် နောက်ရက်တွေလဲဖုန်းကိုင်တဲ့အချိန်ကို ကန့်သတ်လိုက်ပါ။ ဒါဆိုတလအတွင်းကိုစာအုပ်တအုပ်ထက်မက ဖတ်ဖြစ်ပါလိမ့်မယ်။

(၃) လမ်းလျှောက်ထွက်ပါ

Source : www.churchofjesuschrist.org

အပြင်ထွက်ပါ လမ်းလျှောက်ပါ။ လေကောင်းလေသန့်ရပြီး သင့်ခန္ဓာကိုယ်ကိုပြန်လည်လန်းဆန်းစေပါလိမ့်မယ်။ လမ်းလျှောက်ထွက်ချိန်မှာ သင့်ရဲ့ဖုန်းကိုအိမ်မှာထားခဲ့ပါ ဒါမှမဟုတ် ဖုန်းကိုသီချင်းနားထောင်တာပဲလုပ်ပါ။ ဆိုရှယ်မီဒီယာမှာအချိန်ဖြုန်းမယ့်အစား တနေ့မိနစ် ၃၀ သာလမ်းလျှောက်ခြင်းကသင့်ခန္ဓာကိုယ်အတွက် အမှန် တကယ်အကျိုးရှိစေမှာပါ။ လေ့ကျင့်ခန်းလုပ်ပေးရင်လည်း ကောင်းပါတယ်။

(၄) တရေးအိပ်ပါ

Source : Insider

အခုခေတ်မှာ လူတော်တော်များများက အိပ်ချိန်မပြည့်ကြပါဘူး။ နေ့လည်ဘက်မှာ ၁၅ မိနစ်လောက်တရေးအိပ် ပေးတာက သင့်ကိုမယုံနိုင်လောက်အောင် ပြန်လည်လန်းဆန်းစေပါတယ်။ ဒါ့အပြင် ခေတ္တတရေးအိပ်ပေးတာ က သင့်ဦးနှောက်မှတ်ဉာဏ်ကောင်းကိုစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေကာ ဖန်တီးနိုင်စွမ်းလဲကောင်းစေပါ တယ်။

(၅) သင်နှစ်သက်တဲ့ တီဗွီအစီအစဉ်တွေကြည့်ပါ

Source : Pixabay

တီဗွီစခရင်ကြည့်တာနဲ့ ဖုန်းစခရင်ကြည့်တာဘာမှမထူးဘူးထင်ရပေမယ့် သင်နှစ်သက်တဲ့တီဗွီအစီအစဉ်တွေ ကြည့်တာက ဖုန်းပဲနှိပ်နေတာထက်အများကြီးကွာခြားပါတယ်။ ပေါ့ပါးတဲ့အိမ်နေရင်းဘောင်းဘီတထည်ဝတ်ပြီး ပြောင်းဖူးပေါက်ပေါက်စားရင်း ရုပ်ရှင်ကြည့်ရတဲ့အရသာကို သင်သိတယ်မလား။ ဒါဆို အခုပဲလက်ထဲကဖုန်းကို ချပြီး တီဗွီသွားဖွင့်လိုက်ပါ။