ဘယ်အရာကိုမှ ကောင်းကောင်းအာရုံမစိုက်နိုင်ပဲ စိတ်ဓာတ်ကျသလို ခံစားနေရပြီလား။ စိတ်ထဲမှာ တက်ကြွရွှင်လန်းမှု မရှိရင် ဘာပဲလုပ်လုပ် အလုပ်မဖြစ်ဘဲ လူပဲ ပန်းလျပြီး ကျန်နေတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် သင့်စိတ်ကိုပြန်လည်မြှင့်တင်ပေးပြီး Motivation ပြန်ရလာအောင်လုပ်ဆောင်လို့ရတဲ့နည်းလေးတွေရှိပါတယ်။ စိတ်ဝင်စားရင် ဆက်လေ့လာကြည့်ရအောင်ပါ။

(၁) မိတ်ဆွေတွေနဲ့ စကားပြောလိုက်ပါ

Men's Groups Talking

Photo : Medium

ပျင်းရိငြီးငွေ့နေပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေရင် ကိုယ်အခင်မင်ရဆုံးမိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားစမြည်ပြောလိုက်ပါ။ ရယ်စရာမောစရာအကြောင်းတွေ ပေါ့ပေါ့ပါးပါး ခေါင်းစဉ်လေးတွေ ပြောဆိုကြည့်ပါ။ စိတ်ကိုအပြောင်းလဲဖြစ်စေပြီးတက်ကြွလန်းဆန်းလာပါလိမ့်မယ်။

(၂) အကြောလျော့ပါ

man stretching indoor

Photo : Freepik

Stretching လုပ်တာဟာ ခန္ဓာကိုယ်ရဲ့တင်းကျပ်နေမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် စိတ်ညစ်ညူးပြီး ဘာမှမလုပ်ချင်သလိုဖြစ်နေတဲ့အချိန်မျိုးမှာ အကြောလျှော့ပေးလိုက်ပါ။ ပြန်လည်ရွှင်လန်းတက်ကြွလာပါလိမ့်မယ်။

(၃) လှုပ်ရှားလိုက်ပါ

Young muscular shirtless caucasian man doing stretching exercises at playground in sunny summer's day

Photo : Freepik

လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာတင် သန်စွမ်းစေတာ မဟုတ်ဘဲ စိတ်ကိုလည်း ကြည်လင်ရွှင်လန်းစေပါတယ်။ အပြင်ထွက်ပြီး စက်ဘီးနင်းလိုက်တာမျိုး ၊ ခပ်ရွရွပြေးတာမျိုး ၊ အိမ်ထဲမှာတင်ဆိုလဲ ယောဂလေ့ကျင့်ခန်းလုပ်တာမျိုး ပြုလုပ်နိုင်ပါတယ်။

(၄) သင်ချစ်တဲ့အရာတွေလုပ်ပါ

Man drawing on paper

Photo : Verywell Mind

ဂစ်တာတီးရတာကြိုက်နှစ်သက်လား ၊ ပန်းဆွဲရတာကြိုက်လား ၊ သီချင်းနားထောင်ရတာကြိုက်လား။ ကိုယ်ကြိုက်နှစ်သက်ပြီး ချစ်မြတ်နိုးတဲ့အရာတွေလုပ်နေရချိန်ဟာ စိတ်အတက်ကြွဆုံးနဲ့အရွှင်လန်းဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ညစ်ညူးနေချိန်မှာ ကိုယ်နှစ်သက်သဘောကျတဲ့အရာတွေကို အချိန်ပေးလိုက်ပါ။

Featured Photo : Healthline