နှလုံးသားရေးရာနဲ့ပတ်သတ်ရင် မိန်းကလေးအများစုမှာ ထုတ်မပြောပေမယ့် စိတ်ကူးထဲမှာတော့ သတ်မှတ်ထားတဲ့ စံနှုန်းတချို့ရှိတက်ပါတယ်။ ငွေကြေးချမ်းသာမှ ရုပ်ချောမှဆိုတာမျိုးထက် အောက်ပါအချက်လေးတွေကို ပိုပြီးစိတ်ကူးယဉ်တက်ကြပါတယ်။ ဘယ်လိုချစ်သူကောင်းလေးပုံစံမျိုးဖြစ်မလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) ရိုးသားမှုရှိသူ

Source : Friday Magazine

မိန်းကလေးအများစုဟာ သူတို့ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ကိုပဲ ချစ်သူအဖြစ်ရွေးချယ် ချင်ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမအပေါ် ရိုးသားမှုရှိမယ့်သူကိုပဲ အဓိကထားဦးစားပေး ရွေးချယ်ကြတာပါ။

(၂) ကြင်နာတက်သူ

Source : FutureLearn

နွေးနွေးထွေးထွေးနဲ့ ကြင်ကြင်နာနာ ဆက်ဆံတက်ခြင်းကလည်း မိန်းကလေးတိုင်းစိတ်ကူးယဉ်ကြတဲ့ အချက်တစ်ခုပါ။ ဟုတ်ပါတယ် Relationship တစ်ခုမှာ ချစ်တယ်ဆိုရုံတစ်ခုတည်းနဲ့လည်း မပြည့်စုံနိုင်ပါဘူး။ ကိုယ်ချစ်သူကိုနွေးထွေးကြင်နာစွာဆက်ဆံတက်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။

(၃) နားထောင်ပေးတက်သူ

Source : Freepik

နားထောင်ပေးတယ်ဆိုတာ သာမာန်ကိစ္စတစ်ခုလို့ထင်ရပေမယ့် ယောကျာ်းလေးတော်တော်များများလိုက်နာဖို့ မေ့နေတက်ကြပါတယ်။ Relationship တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ စကားတွေကို သေချာဂရုတစိုက်နားထောင်ပေးမှလည်း တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးက ပိုမိုခိုင်မြဲမှာပါ။ ဒါကြောင့် မိန်းကလေးတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ဂရုတစိုက်နားထောင်ပေးတက်တဲ့သူမျိုး ပိုပြီးလိုချင်ကြပါတယ်။

(၄) သပ်သပ်ရပ်ရပ်နေတက်သူ

Source : Wedded Wonderland

တစ်ကိုယ်ရေသန့်ရှင်မှုကိုအလေးထားပြီး သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေတက်ခြင်းကလည်း မိန်းကလေးတိုင်းသဘောကျစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဈေးကြီးတဲ့အဝတ်အစားတွေ ရေမွေးအကောင်းစားတွေ သုံးမှမဟုတ်ပါဘူး။ ကိုယ်မှာရှိတဲ့အဝတ်အစားကိုပဲ သပ်သပ်ရပ်ရပ်ဝတ်ဆင်မယ်။ ခြေသည်းလက်သည်းတွေပုံမှန်ညှပ်မယ်။ ဆံပင်ပုံစံသပ်သပ်ရပ်ရပ်လေးထားမယ်။ ဒါဆိုရင်ပဲ မိန်းကလေးတွေရဲ့နှလုံးသားကို လှုပ်ခတ်စေနိုင်မှာပါ။

(၅) စိတ်ဝင်တစားရှိသူ

Source : Dreamstime

မိန်းကလေးတွေဟာ သူတို့နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစားရှိစေချင်ကြပါတယ်။ ကိုယ့်ချစ်သူရဲ့ အလေးထားမှု စိတ်ဝင်တစားရှိမှုကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူရဲ့ဝါသနာလေးတွေ စိတ်အားထက်သန်တဲ့အရာလေးတွေ ကြိုက်နှစ်သက်တဲ့အရာလေးတွေကိုလေ့လာထားသင့်ပါတယ်။