မနက်ဖြန်ဆိုရင် မြန်မာတို့ရဲ့ ၁၂ လရာသီပွဲတော်တွေထဲအကြီးဆုံးပွဲတော်ကြီးတစ်ခုဖြစ်တဲ့ မြန်မာရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီးရဲ့ အကြိုနေ့ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။သင်္ကြန်ပွဲတော်ရက်ရောက်ဖို့ တစ်နှစ်ပတ်လုံးအားခဲခဲ့ကြရပေမဲ့ လက်ရှိမှာကိုရိုနာဗိုင်းရပ်ပိုးတွေ ကူးစက်ပြန့်နှံ့နေတာကြောင့် ဒီနှစ်သင်္ကြန်ကတော့ ဝမ်းနည်းစွာနဲ့ပဲ အိမ်တွင်းအောင်းကြရမှာအသေအချာပါပဲ။ အိမ်ထဲမှာနေခြင်းအားဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကချစ်ခင်ရသူတွေကို ရောဂါပိုးကူးစက်ပြန့်ပွားခြင်းကို ကာကွယ်နိုင်ရန် တစ်ဖက်တစ်လမ်းကကူညီရာရောက်စေမှာပါ။ ဒီနေ့မှာတော့သင်္ကြန်မကဲရလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အိမ်တွင်းအောင်းပြီးပျော်နိုင်မဲ့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) အိမ်ခန်း အပြင်အဆင်လေးတွေ ပြောင်းမယ်
Source : Flipboard
အိမ်အတွင်းခန်း အပြင်အဆင်လေးတွေကို တသတ်မတ်တည်းထားတာက ငြီးငွေ့ပျင်းရိဖို့ကောင်းပါတယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အတွေးအခေါ်အသစ်တွေအမြင်အသစ်တွေရရှိဖို့ ပစ္စည်းတွေကိုနေရာပြန်ချပြီး အိမ်ခန်းအပြင်အဆင်လေးတွေကို နည်းနည်းလောက်ပြောင်းကြည့်လိုက်ပါ။ အိမ်မှာအသုံးမလိုတော့တဲ့ပစ္စည်းတွေကိုလည်း တခြားသူတွေကိုလှူတာဖြစ်စေ လွင့်ပစ်လိုက်တာဖြစ်စေလုပ်ပါ။ ဒါဆိုရင်ကိုယ့်ရဲ့နေအိမ်လေးက သန့်ရှင်းသပ်ရပ်ပြီး ဒီဇိုင်းပုံစံအသစ်နဲ့ သင့်ကိုစိတ်ပျော်ရွှင်မှုကိုပေးစွမ်းမှာဖြစ်ပါတယ်။
(၂) အကြိုက်ဆုံး စာအုပ်တွေတဝကြီး ဖတ်မယ်
Source : Lifewire
အိမ်တွင်းအောင်းပြီး ကော်ဖီလေးတစ်ခွက် စာအုပ်လေးတစ်အုပ်ဖတ်ပြီး နှပ်ရတာလောက် ဇိမ်ကျတဲ့ အရာမရှိနိုင်ပါဘူး။အရင်ကရုံးတွေ ကျောင်းတွေကြောင့် စာအုပ်ဖတ်ဖို့ အချိန်မပေးနိုင်တာမျိုးတွေရှိကောင်းရှိမှာပါ။အခုလို အိမ်မှာပဲနေရတဲ့အတောအတွင်းမှာ ကိုယ်ကြိုက်တဲ့ စာအုပ်တွေကို စိတ်အေးလက်အေးနဲ့ ဇိမ်ကျကျဖတ်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။အပျင်းလည်းပြေ ဗဟုသုတလည်းတိုးစေဖို့ အိမ်မှာနေရင်းစာဖတ်ကြရအောင်။
(၃) အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေ ကြည့်မယ်
Source : Thermo Fisher Scientific
စာအုပ်ဖတ်ရတာပျင်းလာရင် လွှတ်သွားတဲ့ ရုံတင်ဇာတ်ကားကောင်းတွေ မကြည့်ရသေးတဲ့ ရုပ်ရှင်တွေစီးရီးတွေကို တစ်ထိုင်တည်း ကြည့်ပစ်လိုက်ပါ။ အခုချိန်က တစ်ယောက်တည်းဖြစ်စေ အိမ်ကမိသားစုဝင်တွေနဲ့ ဖြစ်စေ ပျော်ပျော်ပါးပါး Movie Time လုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။အိမ်မှာပဲ စိတ်ရောလူရော အပန်းဖြေတယ်လို့ သဘောထားကာ အမိုက်စားရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး အကောင်းဆုံးအနားယူအပန်းဖြေလိုက်ပါနော်။
(၄) သူငယ်ချင်းတွေနဲ့ Group လိုက် Video Call ပြောကြမယ်
Source : ZDNet
အိမ်မှာနေရပေမဲ့ ချစ်ရခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်နေလို့ရပါတယ်။ ကိုယ်ရဲ့ အချစ်ဆုံး အခင်ဆုံး သူငယ်ချင်းတွေနဲ့ Messenger မှာ Group ဖွဲ့ပါ။ပြီးရင် အဖွဲ့လိုက်ကြီး Video Call ခေါ်ပြီး စကြနောက်ကြ စကားတွေပြောနိုင်ပါတယ်။ လူချင်းမတွေ့နိုင်ပေမဲ့လည်း သင်္ကြန်အချိန်အခါကို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းနိုင်ပြီပေါ့။
(၅) မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး မုန့်လုပ်စားကြမယ်
Source : The Spruce Eats
မုန့်လုံးရေပေါ် သင်္ကြန်ထမင်း သာကူ မုန့်လက်ဆောင်း ရွှေရင်အေးစတဲ့ ရာသီစာလေးတွေက သင်္ကြန်အချိန် အခါမှာ စားမှအရသာပိုရှိတဲ့အစားအစာလေးတွေပါ။အိမ်မှာနေရင်း ဒီလိုရာသီစာမုန့်လေးတွေကို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်စားရတာကလည်း အရမ်းကိုပျော်စရာကောင်းမှာသေချာပါတယ်။ မိသားစုနဲ့ အတူ အိမ်မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ပျော်စရာလည်း ကောင်းစေမဲ့ သင်္ကြန်ရာသီစာမုန့်လေးတွေ မဖြစ်မနေလုပ်စားလိုက်ကြပါအုန်းနော်။
(၆) ဝါသနာပါတဲ့ ပညာရပ်လေးတွေ လေ့လာမယ်
Source : Pinterest
အိမ်မှာနေရပေမဲ့ ကိုယ်တကယ်ဝါသနာပါတဲ့အရာလေးတွေလေ့လာပြီး လုပ်နေရမယ်ဆိုရင် ပျင်းရိငြီးငွေ့ တဲ့စိတ်တွေတောင်ရှိမှာမဟုတ်ပါဘူး။အခုခေတ်က ဘယ်လိုပညာရပ်မျိုးကိုမဆို အွန်လိုင်းပေါ်ကနေ အလွယ်တကူလေ့လာလို့ ရနိုင်တာဖြစ်တာကြောင့် အခွင့်အရေးရတုန်း အပြည့်အဝအသုံးချပြီး ကိုယ်ဝါသနာပါတဲ့အရာလေးတွေကို လေ့လာလိုက်ပါ။