လူတိုင်းအတွက် နေအိမ်အသိုက်အမြုံဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ တစ်နေ့တာလုံး အပြင်မှာဘယ်လောက်ပင်ပန်းခဲ့ပါစေ အိမ်ပြန်ရောက်တဲ့အခါ အမောပြေပြီး စိတ်သက်တောင့်သက်သာဖြစ်တဲ့ ခံစားမှုမျိုးအားလုံးခံစားဖူကြမှာပါ။ ဒါကြောင့် အိမ်ဆိုတာ လူတိုင်းအတွက် အကောင်းဆုံးအပန်းဖြေအနားယူစရာနေရာတစ်ခုဖြစ်တယ်ဆိုတာ လွဲမှားစရာတော့ မရှိနိုင်ပါဘူး။ ဒီနေ့မှာတော့ မိမိတို့နေအိမ်လေးကို ပင်ပန်းမှုတွေပိုပြီး ဖြေဖျောက်နိုင်တဲ့ အကောင်းဆုံးစိတ်အပန်းဖြေစရာ ကမ္ဘာလေးတစ်ခုအဖြစ်ခံစားနိုင်ဖို့ ဘာတွေပြင်ဆင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) သန့်ရှင်းသပ်ရပ်မှုကိုဦးစားပေးပါ

Source : The Manual

ရှုပ်ပွေလိမ်နေတဲ့ နေအိမ်ပတ်ဝန်းကျင်အခြေအနေက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာကိုပါ ဆိုးကျိုးသက်ရောက်စေပြီး ကောင်းစွာအနားယူဖို့ ခက်ခဲစေပါလိမ့်မယ်။ ဒါကြောင့် သင့်နေအိမ် အခန်းတို့ကို သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ ဦးစားပေးလုပ်ဆောင်ပါ။ တစ်နေ့ကို အနည်းဆုံး အိမ်သန့်ရှင်းရေးအတွက် (၁၅) မိနစ်လောက်အချိန်ပေးလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။

(၂) နေရောင်ခြည်ဝင်နိုင်အောင်ပြုလုပ်ပါ

 

Source : 123RF.com

သဘာဝနေရောင်ခြည်က သင့်ရဲ့စိတ်ကိုအကောင်းဆုံး အပန်းပြေစေသလို စိတ်ခံစားမှုပိုမို ကောင်းမွန်စေဖို့လည်း တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့် LED မီးတွေ မီးလုံးတွေထက် မနက်ခင်းမှာသင့်ရဲ့အိမ်အတွင်းနေရောင်ခြည်ကောင်းစွာဝင်စေဖို့ ပြတင်းပေါက်တွေဖွင့်ထားတာမျိုး လိုက်ကာတွေဖွင့်တာမျိုး မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။

(၃) စိမ်းစိုတဲ့ပတ်ဝန်းကျင်လေးတည်ဆောက်ပါ

Source : Pest Removal Warrior

ဆိုလိုသည်မှာ အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးခြင်းဖြစ်ပါတယ်။ နေအိမ်အတွင်း စိုက်ပျိုးလို့ရသည့် အိမ်တွင်းအပန်းလေးတွေကို စိုက်ပျိုးထားခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို များစွာအကျိုးသက်ရောက်မှုရှိစေပါတယ်။ အိမ်တွင်းအပင်လေးတွေက စိတ်ပင်ပန်းမှုတွေလျော့ကျကာ ပိုပြီးနေရတာ သက်တောင့်သက်သာရှိစေမှာဖြစ်တာကြောင့် စိမ်းစိုတဲ့အပင်လေးတွေစိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) သင်ချစ်တဲ့အရာလေးတွေကိုမြင်သာအောင်ထားပါ

Source : Livinginsider

သင်ကဘယ်အရာတွေကိုချစ်မြတ်နိုးသူတစ်ယောက်လဲ။ ဥပမာ စာအုပ်တွေလား ပန်းချီကားတွေလား လက်မှုပစ္စည်းလေးတွေလား ဂီတတူရိယာတွေလား စသည်ဖြင့် ကိုယ်ချစ်မြတ်နိုးတဲ့အရာလေးတွေကို မိမိရဲ့ နေအိမ်အတွင်းမှာထားပါ။ တနည်းအားဖြင့် မြင်သာအောင်ထားနိုင်ရင်ပိုကောင်းပါတယ်။ ကိုယ်ချစ်တဲ့အရာလေးတွေကိုရှု့မြင်ခံစားရခြင်းကလည်း သင့်ကိုအကောင်းဆုံးစိတ်အပန်းပြေစေပြီး ပေါ့ပါးလန်းဆန်းစေမှာဖြစ်ပါတယ်။