ဒီနှစ်ထဲမှာ ဒန်နီရယ်ခရေ့ချ်ရဲ့ နောက်ဆုံးဂျိမ်းစ်ဘွန်းဇာတ်ကောင် ရုပ်ရှင် “No Time To Die” ထွက်ပါတယ်။ ဂျိမ်းစ်ဘွန်းအနေနဲ့ သူဟာ Casino Royale , Quantum of Solace , Skyfall ၊ Spectre နဲ့ No Time To Die ဆိုပြီး စုစုပေါင်း ရုပ်ရှင် ၅ ကားမှာ သရုပ်ဆောင်ခဲ့ပြီး ဂျိမ်းစ်ဘွန်းမင်းသား ၆ ဦးထဲမှာ လူကြိုက်အများဆုံးမင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။

ထိပ်တန်း A-List စာရင်းဝင် ရုပ်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ ဒန်နီယယ်ခရေ့ချ်ဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်လိုပဲ လျှို့ဝှက်ပြီး ထူးခြားတဲ့ Lifestyle နဲ့ နေထိုင်တတ်သူ ဖြစ်ပါတယ်။ အရပ် ၅ ပေ ၁၁ လက်မဆိုတာ ဂျိမ်းစ်ဘွန်းဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသားတွေထဲမှာ အရပ်အပုဆုံးလို့ ဆိုနိုင်ပေမယ့် သူကတော့ ဒီဇာတ်ရုပ်နဲ့ကို ဂျိမ်းစ်ဘွန်းဇာတ်ကား ၅ ကားအထိ ထွက်ခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတာ့ ပရိသတ်တွေ သိပ်မသိသေးတဲ့ ဒန်နီရယ်ခရေ့ချ်ရဲ့ စိတ်ဝင်စားစရာအချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ရပ်ဘီကစားသမားဖြစ်ဖူးတယ်

He Played Rugby

Photo: screenrant

ဒန်နီရယ်ခရေ့ချ် ငယ်စဉ်က Hoylake Rugby Club ဆိုတဲ့ ရပ်ဘီကလပ်တစ်ခုမှာ ကစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယူကေနိုင်ငံ အနောက်ပိုင်း ဒီးမြစ်ကမ်းပေါ်က Hoylake မှာ ကြီးပြင်းခဲ့တဲ့သူဟာ အားကစားသမားဘဝကလာတာ ဖြစ်လို့ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသန်မာပြီး ကြည့်ကောင်းနေတာလည်း ဖြစ်ပါတယ်။

(၂) ရှိတ်စပီးယားပြဇာတ်မှာ သရုပ်ဆောင်ဘဝစတင်ခဲ့တယ်

He Started In Shakespeare

Photo: screenrant

ဂျိမ်းစ်ဘွန်းကားနဲ့ ရှိတ်စပီးယားပြဇာတ်က ဆီနဲ့ရေ တခြားစီ ဆိုရမှာပါ။ ဒါပေမယ့်လည်း ဒန်နီယယ်ခရေ့ချ်ဟာ သူ့ရဲ့ သရုပ်ဆောင်မှုဘဝမှာ ပထမဆုံးအကြိမ်အဖြစ် Romeo and Juliet ဆိုတဲ့ ရှိတ်စပီးယားပြဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သူ့အသက် ၁၄ နှစ်အရွယ်မှာ အထက်တန်းကျောင်းမှာ စတင်တင်ပြဇာတ်အဖြစ် ကတဲ့ ရိုမီယိုနဲ့ ဂျူးလီယက်မှာ သရုပ်ဆောင်ခဲ့တာပါ။
အထက်တန်းကျောင်းက ထွက်ပြီးနောက်မှာ အမျိုးသားလူငယ်ယဉ်ကျေးမှုကျောင်း (NYT) လျှောက်ပြီး လန်ဒန်ကို ရောက်လာခဲ့တာပါ။ ပရော်ဖက်ရှင်နယ်သရုပ်ဆောင်ဘဝအစ နောက်ထပ်ရှိတ်စပီးယားပြဇာတ် Troilus and Cressida မှာ အဂ္ဂါမင်နွန်ဘုရင်အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(၃) စားပွဲထိုးလည်း လုပ်ဖူးတယ်

He Worked As A Waiter

Photo: screenrant

သရုပ်ဆောင်ဘဝနဲ့ အောင်မြင်ဖို့ ကြိုးစားနေရင်း ဘဝရပ်တည်ရေးအတွက် စားပွဲထိုးလည်း လုပ်ဖူးတယ်လို့ ဆိုပါတယ်။ အမျိုးသားလူငယ်ယဉ်ကျေးမှုကျောင်း NYT စရိတ်အတွက် အလုပ်လုပ်ရင်း ငွေရှာတာ ဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက စင်တင်ပြဇာတ်သရုပ်ဆောင်ဘဝကလည်း ပိုက်ဆံသိပ်မရတာကြောင့် အခုလို ဒေါင်ကျပြားကျ ရှင်သန်ခဲ့ရတာပါ။
၁၉၈၈ မှာ Guildhall ဂီတနဲ့ပြဇာတ်ကျောင်းမှာ တက်ခဲ့ပြီး နာမည်ကျော်အနုပညာရှင်တွေ ဖြစ်တဲ့ ဒါမီယန် လူးဝစ် ၊ အဝမ် မက်စ်ဂရီဂေါ် နဲ့ ဂျိုးဆက်ဖီးနက်စ်တို့နဲ့အတူ သရုပ်ဆောင်ရင်း ပညာယူခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဂျိုးဆက်ရဲ့ အကို ရက်ဖ်နဲ့လည်း Skyfall ရုပ်ရှင်မှာ အလုပ်တွဲလုပ်ခဲ့ပါတယ်။

(၄) အချိန်အကြာဆုံး ဂျိမ်းစ်ဘွန်းပါပဲ

He Is The Longest Running Bond

Photo: screenrant

ဂျိမ်းစ်ဘွန်းဇာတ်ကောင်တွေထဲမှာ ပထမဆုံး ၆ ပေအောက် မင်းသားဖြစ်ပေမယ့် သူဟာ ဇာတ်ရုပ်အရ ကာလအကြာဆုံး ဂျိမ်းစ်ဘွန်းလို့ ပြောနိုင်ပါတယ်။ ပထမဆုံး ဂျိမ်းစ်ဘွန်းမင်းသား ရှောင်ကွန်နရီဟာ ဂျိမ်းစ်ဘွန်းအဖြစ် ၆ ကားရိုက်ခဲ့ပေမယ့် ၁၉၆၂ ကနေ ၁၉၇၁ ခုနှစ်အထိ ၉ နှစ်ပဲ သရုပ်ဆောင်ခဲ့ပါတယ်။ ဂျော့ချ်လာဇန်ဘီဆို တစ်ကားပဲ သရုပ်ဆောင်ခဲ့ပြီး ရော်ဂျာမိုးက ၁၉၇၃ ကနေ ၁၉၈၅ အထိ ၁၂ နှစ်ကြာ သရုပ်ဆောင်ပြီး ဂျိမ်းစ်ဘွန်းကား ၇ ကား ရိုက်သွားခဲ့ပါတယ်။ ဒန်နီယယ်ခရေ့ချ်ကတော့ ၂၀၀၆ ခုနှစ်ကနေ ဂျိမ်းစ်ဘွန်းကားတွေ ရိုက်လာတာ No Time To Die အထိဆို ၁၅ နှစ် ကြာပါတယ်။

(၅) ဂျိမ်းစ်ဘွန်းကား မရိုက်ချင်ခဲ့ဘူး

He Was Reluctant To Play Bond

Photo: screenrant

ဂျိမ်းစ်ဘွန်းကားတွေဟာ ဝင်ငွေသောက်သောက်လဲရတဲ့ ရုပ်ရှင်တွေ ဖြစ်သလို ဒီကားတွေကို သရုပ်ဆောင်တဲ့ မင်းသားတွေလည်း ကြေးအမြင့်ဆုံးရတဲ့ A-List စာရင်းဝင် ဖြစ်လာကြတာကြောင့် အားလုံးက မက်မောကြပါတယ်။ ဒါပေမယ့်လည်း ဒန်နီယယ်ခရေ့ချ်ကတော့ ဂျိမ်းစ်ဘွန်းကားတွေမှာ သရုပ်ဆောင်ဖို့ သိပ်စိတ်မပါခဲ့ဘူးလို့ ဆိုပါတယ်။ ဒန်နီရယ်ခရေ့ချ်ဟာ သေနတ်တွေကို ကြောက်တဲ့စိတ်ရှိသူ ဖြစ်တာကြောင့် ဒီအချက်နဲ့ ဆိုင်မလားလို့ မေးစရာပါပဲ။

Featured Photo: funfacts