ပရိသတ်တွေမသိသေးတဲ့ ဒေးဗစ် ဘက်ခမ်းအကြောင်း
၁. ဒေးဗစ် ဘက်ခမ်းဟာ ငယ်စဉ်က အင်္ဂလန် ဂန္တဝင် ကစားသမားဟောင်းကြီး ဘော်ဘီချာတန်ဖွင့်လှစ်ထားတဲ့ ဘောလုံးသင်တန်းကျောင်းကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒီအရာကပဲ မန်ယူ ကင်းထောက်အဖွဲ့ရဲ့ အာရုံစိုက်ခြင်းကို ရရှိစေခဲ့တာပါ။
Source: AS English – Diario AS
၂. ဘက်ခမ်းဟာ ငယ်စဉ်က စကားပြောအသံအနေအထား မှန်ကန်စေဖို့အတွက် အသံနည်းပြငှားပြီး လေ့ကျင့်ခဲ့ရပါတယ်။
Source: Goal
၃. သူ့ရဲ့မိန်းမဖြစ်သူ ဗစ်တိုးရီးယား ဘက်ခမ်းဟာ သူ့ကို “Golden Balls” လို့ချစ်စနိုးခေါ်လေ့ရှိပါတယ်။
Source: Proven Quality
၄. ဘက်ခမ်းဟာ ပထမဆုံး အနီကက် နှစ်ကက် ရရှိခဲ့ဖူးတဲ့ အင်္ဂလိပ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးတော့ ပထမဆုံး အထုတ်ပယ်ခံရတဲ့ အင်္ဂလိပ်ကစားသမားအသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
Source: FotMob
၅. ဘက်ခမ်းရဲ့ လက်ပေါ်မှာ “99” တက်တူးထိုးထားပါတယ်။ ဒါဟာ ဘက်ခမ်းနဲ့ဗစ်တိုးရီးယားတို့ လက်ထပ်ဖြစ်တဲ့နှစ်ကို အမှက်ရနေအောင် ထိုးထားခြင်းဖြစ်ပါတယ်။ ပြီးတော့ တစ်နှစ်ထဲမှာပဲ မန်ယူအသင်း ဖလားသုံးလုံးရခဲ့တာရယ် အကြီးဆုံးသား Brooklyn Joseph ကိုမွေးဖွားခဲ့တာရယ်ကြောင့် အမှက်တရထိုးခဲ့ခြင်းဖြစ်ပါတယ်။
Source: Entertainment Tonight
၆. ဘက်ခမ်းဟာ မတူညီတဲ့ နိူင်ငံလေးခုမှာ အမှတ်ပေးဖလား ကိုင်မြောက်နိူင်ခဲ့တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ အင်္ဂလန်၊ စပိန်၊ US နဲ့ ပြင်သစ် နိူင်ငံတို့မှာ အမှတ်ပေးဖယား ရရှိအောင် စွမ်းဆောင်နိူင်ခဲ့ပါတယ်။
Source: Goal
၇. ဘက်ခမ်းနဲ့သူ့မိန်းမရဲ့ မင်္ဂလာပွဲ ကုန်ကျစရိတ်ဟာ ဒေါလာ (၆၂၈,၀၀၀) အထိရှိခဲ့ပါတယ်။
Source: SheKnows
၈. ဘက်ခမ်းဟာ ရီးရဲအသင်းအတွက် ကစားပေးခဲ့စဉ်မှာ ကျောနံပက် (၂၃) ကိုရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ ဒါဟာ သူလေးစားအားကျရတဲ့ ဘက်စကက်ဘော အကျော်အမော် မိုက်ကယ် ဂျော်ဒန်ကို ဂုဏ်ပြုသောအားဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
Source: Goal.com
၉. ဘက်ခမ်းမှာ Ornithophobia လို့ခေါ်တဲ့ ငှက်တွေကို ကြောက်တဲ့ ရောဂါရှိပါတယ်။
Source: Hello Magazine
၁၀. ဘက်ခမ်းဟာ ချန်ပီယံလိဂ်ပွဲ (၁၀၀) ပြည့်မြောက်အောင် ကစားခဲ့တဲ့ ပထမဆုံး ဗြိတိန် ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။
Source: Irish Mirror