လူတိုင်းလိုလို ပျော်ရင်ပဲ ဖြစ်ဖြစ် စိတ်ညစ်ရင်ပဲ ဖြစ်ဖြစ် အပျင်းပြေပဲ ဖြစ်ဖြစ် သီချင်းနားထောင်ကြပါတယ်။ သီချင်းတွေမှာလူတွေရဲ့ စိတ်ကိုပြောင်းလဲပေးနိုင်တဲ့ ပါဝါတွေရှိပါတယ်။ စိတ်ညစ်နေသူကိုပျော်အောင် စိတ်ဓာတ်ကျနေသူကိုစိတ်ဓာတ်တက်ကြွအောင် စသည့်ဖြင့်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းတွေရှိပါတယ်။ ဒီနေ့မှာတော့ သီချင်းနားထောင်ခြင်းကနေ ရရှိလာမယ့်အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်။

man in headphones relaxing while listening to music on blurred background

Photo : Freepik

သီချင်းနားထောင်ခြင်းက သင့်ရဲ့ စိတ်ကိုပျော်ရွှင်မှုအပြည့်အဝပေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် သီချင်းနားထောင်တဲ့အခါ ဦးနှောက်က Doparmine လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ပေါ်လာစေပြီး အဆိုပါဟော်မုန်းက ပျော်ရွှင်မှုကိုဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့် သီချင်းမြူးမြူးကြွကြွလေးဖွင့်ထားမယ်ဆိုရင် ပျော်ရွှင်စွာလိုက်ဆိုမိတာ ကိုယ်လက်အမူအရာလေးတွေကို စည်းချက်ညီညီလိုက်လုပ်မိကြတာဖြစ်ပါတယ်။

သီချင်းတွေက သင့်အတွက်အကောင်းဆုံးအဖော်မွန်ဆိုလည်း မမှားပါဘူး။ မနက်ခင်း ရုံးသွားရင်းဖြစ်စေ ၊ ကားမောင်းနေစဉ်ဖြစ်စေ ၊ ရေချိုးရင်းဖြစ်စေ ၊ အားကစားနေရင်ပဲဖြစ်စေ အချိန်တိုင်းသီချင်းလေးတွေက သင့်ကိုအမြဲအဖော်ပြုနေမှာပါ။ဒါကြောင့်သီချင်းလေးတွေသာနားထောင်နေမယ်ဆိုရင် အထီးကျန်ခြင်းဆိုတာကလည်း အဝေးဆုံးကိုရောက်ရှိသွားမှာဖြစ်ပါတယ်။

man in wireless earphones smiling while using smartphone near brick wall

Photo : Freepik

စိတ်ညစ်စရာတွေအရမ်းများလာတဲ့အခါ စိတ်ဖိစီးစရာတွေနဲ့ မွန်းကျပ်နေတဲ့အခါ တခြားသောအရက်သောက် ဆေးလိပ်သောက်တာ စသည်ဖြင့်ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေမယ့်အရာတွေမလုပ်ပါနဲ့။ ငွေကြေးကုန်ကျမှုလည်းမရှိ စိတ်ဖိစီးမှုတွေကိုလည်းအမြန်ဆုံးလျော့ကျချင်တယ်ဆိုရင် သီချင်းသာနားထောင်လိုက်ပါ။သီချင်းတွေကကိုယ့်ရဲ့စိတ်စွမ်းအားကိုမြှင့်တင်ပေးတာကြောင့် စိတ်ဖိစီးမှုလျော့ကျစေမှာအမှန်ပါပဲ။

သီချင်းတွေက သင့်ရဲ့ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို အထောက်အပံ့ကောင်းတွေဖြစ်စေပါတယ်။သီချင်းတစ်ပုဒ်ကို ၃ ခါလောက်ဆက်တိုက်နားထောင်လိုက်တဲ့အခါ သီချင်းစာသားတစ်ချို့ကိုမှတ်မိ သွားစေပါတယ်။ဒါဟာဦးနှောက်ကိုနဲ့ မှတ်ဉာဏ်စွမ်းရည်ကို မြင့်တင်ပေးတာကြောင့်ဖြစ်ပါတယ်။ဒီလိုပါပဲ မှတ်ရခက်တဲ့စာတွေကို သီချင်းလိုကဗျာလို လုပ်ကျက်တဲ့အခါပိုပြီးမှတ်ရလွယ်ကူစေမှာဖြစ်ပါတယ်။

Featured Image Source : Freepik