လူတိုင်းလူတိုင်းဘဝမှာဖြစ်ချင်တဲ့ စိတ်ကူးရည်မှန်းချက်တွေကိုယ်တိုင်စီရှိကြပါတယ်။ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေပြည့်ဝဖို့ကလည်း လူတိုင်းရဲ့ ဆန္ဒတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘဝရည်မှန်းချက်တွေပြည့်ဝစေဖို့ သင်ကိုယ်တိုင်လုပ်ဆောင်ရမယ့်အရာတွေ ရှိပါတယ်။ လေ့လာကြည့်ရအောင်။

(၁) ဦးတည်ချက်ချမှတ်ပါ

Source : Freepik

ဘဝရည်မှန်းချက်တွေပြည့်ဝနိုင်ဖို့ ခိုင်မာတဲ့ဦးတည်ချက်တစ်ခုချမှတ်ရမှာဖြစ်ပါတယ်။ ဦးတည်ချက်ချမှတ်ပြီးရင် အမြဲတမ်းပြန်လည်သုံးသပ် ဆန်းစစ်နေဖို့လည်း လိုအပ်ပါတယ်။ ကိုယ်အနေနဲ့ ဘယ်အရာကို ဘာအတွက်လုပ်နေရလဲဆိုတာ အမြဲပြန်လည်မသုံးရင် ဘဝဦးတည်ချက်ကိုမေ့လျော့သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခုရဖို့ ရည်မှန်းချက်ပြည်ဝဖို့ ကိုယ်လျောက်မယ့်လမ်းမှာဦးတည်ချက်ခိုင်မာစွာချမှတ်ထားပါ။ ပြီးရင် ဦးတည်ချက်ကိုအမြဲပြန်လည်ဆန်းစစ်နေဖို့လိုအပ်ပါတယ်။

(၃) Comfort Zone ထဲကရုန်းထွက်ပါ

Source : Freepik

လူအများစု ဘဝမှာမအောင်မြင်ရတဲ့ အကြောင်းအရင်းတွေ ဘဝရည်မှန်းချက်တွေပြည့်ဖို့ခက်ခဲနေရတဲ့ အကြောင်းအရင်းတွေထဲမှာ Comfort Zone ထဲရောက်နေပြီး ပြန်ထွက်ဖို့ခက်နေတဲ့အချက်ကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ Comfort Zone ဆိုတာ ဘဝရည်းမှန်းချက်တွေပြည့်ဝဖို့ကို နှောင့်နှေးကြံ့ကြာစေတဲ့ လှည့်ကွက်ကြီးတစ်ခုပါ။ သင့်အနေနဲ့ Comfort Zone ကနေ မဖြစ်မနေ ရုန်းထွက်ပြီး စိန်ခေါ်မှုတွေ ဘဝအတွေ့အကြုံအသစ်တွေကိုစွန့်စားရှာဖွေမှသာ ရည်မှန်းချက်ပြည့်ဝဖို့ အလားလာကောင်းတွေရလာမှာဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ပါ

Source : Freepik

ဘယ်နေရာမှာမဆို သူတစ်ပါးကို လိုက်ယှဉ်ပြိုင်ခြင်းဟာ သင့်ကိုကောင်းကျိုးမပေးနိုင်ပါဘူး။ ကိုယ့်ကိုယ်သာ ပြိုင်ဘက်လို့သဘောထားပြီး တနေ့ထက်တနေ့ တိုးတက်အောင်ကြိုးစားနေဖို့လိုတာပါ။ အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲနေရလို့ ပျင်းရိငြီးငွေ့နေဖို့တောင် အချိန်ရတော့မှာ မဟုတ်ပါဘူး။