သူငယ်ချင်းတွေနဲ့ အရမ်းကိုပျော်စရာကောင်းတဲ့ အချိန်ကာလတစ်ခုဟာ ဆယ်ကျော်သက်၊ လူငယ်ဘဝတွေမှာပဲ ရနိုင်တာပါ။ အသက်တွေကြီးလာတာနဲ့အမျှ လုပ်ငန်းခွင်ဝင်သူကဝင်၊ နိုင်ငံရပ်ခြားသွားသူကသွား၊ အိမ်ထောင်ကျသူကကျနဲ့ အားလုံးကိုယ်လမ်းကိုယ် လျှောက်ကြရစမြဲပါ။

ဒါကြောင့် လူငယ်ဘဝမှာ သူငယ်ချင်းတွေနဲ့ အမှတ်တရဖြစ်စေမယ့် အရာလေးတွေများများဖန်တီးဖို့ တိုက်တွန်းချင်ပါတယ်။ အသက်ကြီးမှ နောင်တရနေမယ့်အစား အခုလိုငယ်ရွယ်စဉ်မှာ သူငယ်ချင်းတွေနဲ့ပြုလုပ်သင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) သီချင်းဆိုပါ

Source: The Brighton Girl

သူငယ်ချင်းတွေနဲ့ Karaoke ဆိုပါ။ သီချင်းဆိုခြင်းက ပျော်ရွှင်မှုတွေကူးစက်စေသလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်တာကြောင့် သူငယ်ချင်းတွေနဲ့ သီချင်းဆိုခြင်းဟာ ကောင်းတဲ့အချက်တစ်ခုပါ။

(၂) Game တွေဆော့ပါ

Source: gamesplusinc.com

Game လို့ပြောလိုက်တာနဲ့ အခုခေတ်လူငယ်တွေကြားမှာ Video game တွေ၊ Mobile game တွေကပဲ နေရာယူထားကြတာများပါတယ်။ Video Game တွေ၊ Mobile Game တွေထက် ပျော်စရာကောင်းတဲ့ ပါဆယ်ဂိမ်း၊ Jenga ၊ Uno ၊ Scrabble စတဲ့ ဂိမ်းကစားနည်းတွေကို ဆော့ပေးသင့်ပါတယ်။ ဒီလိုဂိမ်းကစားနည်းတွေဟာ ပျော်စရာလည်း ပိုကောင်းသလို ဥာဏ်ရည်လည်းထက်မြက်လာစေမယ့် အမိုက်စားဂိမ်းလေးတွေပဲဖြစ်ပါတယ်။

(၃) အဖွဲ့လိုက်ရုပ်ရှင်ကြည့်ပါ

Source: djtechdirect.com

သူငယ်ချင်းတွေ အဖွဲ့လိုက်ကြီး ရုပ်ရှင်ကြည့်ရတာဟာလည်း တကယ်ကိုပျော်စရာကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်ကားတွေကြည့်ပြီး အတူတူရယ်ကြတာမျိုး၊ Horror ဇာတ်ကားမျိုးကြည့်ပြီး အတူတူအော်ကြမျိုးက သူငယ်ချင်းတွေကြား သံယောဇဉ်ကို ပိုပြီးခိုင်မာစေနိုင်ပါတယ်။

(၄) ရေကူးပါ

Source: Shutterstock

အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ရေကူးပါ။ ရေကူးခြင်းဟာ ကျန်းမာရေးအရပြောရင်လည်း အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေခြင်း စတဲ့ ကောင်းကျိုးများစွာပေးစွမ်းတာကြောင့် သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးလုပ်ဆောင်သင့်တဲ့ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။

(၅) ခရီးတိုလေးတွေသွားပါ

Source: alphaairportparking.com.au

သူငယ်ချင်းတွေနဲ့ ခရီးသွားရတဲ့ Feeling က ဘာနဲ့မှလဲလို့မရတဲ့ ခံစားချက်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တော်ရုံသူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့တိုင်ပင်ကြရင် အကြောင်းအမျိုးမျိုးကြောင့် ပျက်တာများပေမယ့် တကယ်သွားဖြစ်တဲ့အခါ အရမ်းကိုပျော်စရာကောင်းတဲ့ ခံစားချက်ကိုရရှိပါတယ်။ ခရီးထွက်ခြင်းက သူငယ်ချင်းတွေအချင်းချင်း စည်းလုံးမှုပိုရှိစေပါတယ်။ ညအိပ်သွားရမယ့်ခရီးတွေထက် နေ့ချင်းပြန်သွားလို့ရတဲ့ ခရီးတွေက ကုန်ကျစရိတ်လည်းသက်သာသလို လူပင်ပန်းမှုမရှိပဲ စိတ်လက်ပေါ့ပါးစေပါတယ်။

ဒီအချက်လေးတွေနဲ့ သူငယ်ချင်းတွေရဲ့ကြားက သံယောဇဉ်တွေ ပိုမိုတိုးပွားပြီး အချစ်တွေတိုးနိုင်ကြပါစေ။