လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လောက်ထိပဲရင်းနှီးနေပါစေ၊ မန်နေဂျာနဲ့ ဘယ်လောက်ထိပဲအဆင်ပြေနေပါစေ (သို့) အလုပ်အပေါ်မှာ ဘယ်လောက်ထိပဲ စိတ်ဝင်စားမှုရှိနေပါစေ အလုပ်ခွင်မှာ ကိုယ်ကအသစ်ဖြစ်နေတယ်ဆိုရင် သတိထားရမယ့် အရာလေးတွေရှိပါတယ်။

အလုပ်ချိန်အတွင်းမှာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လိုနေကြသလဲ ပြီးတော့ အလုပ်အသစ်အကြောင်း နားလည်သဘောပေါက်အောင် လေ့လာဖို့လိုပါသေးတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အလုပ်စစဝင်ခြင်း ပထမလအတွင်း မလုပ်သင့်တဲ့ အရာလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

အရာအားလုံးကို သိအောင်ကြိုးစားခြင်း

Source: Fox Business

အလုပ်ခွင်ထဲကလူတွေ အားလုံးအကြောင်းနဲ့ အလုပ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေအားလုံးကို ရက်အနည်းငယ်အတွင်း သိအောင်လုပ်ဖို့မလိုအပ်ပါဘူး။ သူကဘာလုပ်လဲ၊ သူကရော ဘယ်ကလဲ၊ သူဒီမှာလုပ်တာ ကြာပြီလာ စသဖြင့် မေးခွန်းတွေ မမေးမိအောင် ကြိုးစားပါ။ သင့်ရဲ့အလုပ်နဲ့ပတ်သက် တာတွေကိုပဲ မေးမြန်းပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်နိုင်အောင် ကြိုးစားပါ။

အေးအေးဆေးဆေးလုပ်ခြင်း

Source: Glassdoor

အလုပ်စဝင်တဲ့ပထမလအတွင်းမှာ အလုပ်ချိန်တွေကို အလွဲသုံးစားလုပ်ခြင်းက ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်အောင်ကြိုးစားပြီး ရုံးချိန်မှီအောင်လာတာ ရုံးချိန်ပြီးမှအလုပ်ဆင်းတာတွေ ပြုလုပ်သင့်ပါတယ်။ နေ့လည်စာစားချိန်ပိုယူတာ ကော်ဖီမကြာခဏဖျော်သောက်တာတွေ ရှောင်ရှားပေးပါ။ အလုပ်ထဲမှာ အချိန်ကြာလာတာနဲ့အမျှ အလုပ်ချိန်ကိုဘယ်လိုထိန်းညှိရမလဲဆိုတာ သိလာမှာပါ။

လုပ်ဖော်ကိုင်ဖက်တွေကို ဝေဖန်ခြင်း

Source: my Republica

ပထမတစ်လအတွင်း လုပ်ငန်းခွင်အတွင်းမှာ လူတိုင်းရဲ့ အကြောင်းတွေသိဖို့ဆိုတာ မလွယ်ကူပါဘူး။ သင်က သင့်လုပ်ဖော်ကိုင်ဖက်ကို သင်နဲ့ပတ်သက်ပြီး အမြင်မမှားစေချင်ဘူးဆိုရင် သင်အနေနဲ့လည်း သူတို့နဲ့ပတ်သက်ပြီး အမှားမလုပ်မိအောင် လုပ်ဖို့လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ သူများတွေကို ဝေဖန်တာတွေမပြုလုပ်ပါနဲ့။

အကုန်သိအကုန်တက်ပြုလုပ်ခြင်း

Source: Hamza Hassan

သင်အနေနဲ့ ပရော်ဖက်ရှင်နယ်လောကမှာ အချိန်ဘယ်လောက်ပဲဖြတ်သန်းခဲ့ဖြတ်သန်းခဲ့ သင်ယူခြင်းဆိုတာ သင့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဆိုတာ မမေ့ဖို့လိုအပ်ပါတယ်။ သင့်လုပ်ငန်းခွင်အတွင်းမှာ ဘာတွေလုပ်ရမလဲဆိုတာသိဖို့လိုအပ်ပေမယ့် ငါအကုန်သိငါအကုန်တက် အပြုအမူမျိုးက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။