နှစ်ဟောင်းကုန်လို့ မကြာခင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန်အချိန်အခါလည်း ကျရောက်တော့မှာဖြစ်ပါတယ်။ နှစ်သစ်အချိန်ကစလို့ မိမိဘဝကိုလက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်ချင်တယ်ဆိုရင်တော့ မဖြစ်မနေလုပ်ဆောင်ရမယ့် အရာတစ်ချို့ရှိပါတယ်။ဘယ်လိုအရာတွေလည်းဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) စိတ်အားထက်သန်မှုရှိပါ

Source : Shutterstock

ဘယ်အလုပ်မဆို စိတ်အားထက်သန်မှုရှိခြင်းက အလုပ်ပြီးမြောက်အောင်မြင်မှုအပေါ်အကျိုးသက်ရောက်မှုရှိစေပါတယ်။ဒါကြောင့် ဘာပဲလုပ်လုပ် စိတ်အားထက်သန်စွာလုပ်ဆောင်ပါ။အောင်မြင်တိုးတက်တဲ့အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ရစေမှာသေချာပါတယ်။

(၂) ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာရှင်သန်ပါ

Source : Shutterstock

လူတစ်ယောက်အောင်မြင်တိုးတက်ဖို့ ကိုယ်တိုင်မှာတာဝန်ရှိတယ်ဆိုပေမယ့် ပတ်ဝန်းကျင်ကလည်း အများကြီးစကားပြောပါတယ်။ကိုယ့်ပတ်ဝန်းကျင်မှာ လူပျင်းလူဖျင်းတွေနဲ့သာ ဝန်းရံထားမယ်ဆိုရင် သင်လည်းသေချာပေါက် သူတို့နည်းတူဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကိုယ်ထက်တော်တဲ့သူတွေ အနာဂတ်အိပ်မက်တွေပြည့်ဝနေတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံသင့်ပါတယ်။

(၃) ပိုက်ဆံများများစုပါ

Source : Noobie

ပိုက်ဆံစုဖို့ စဉ်းစားခဲ့ပေမယ့် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ဘူးဆိုရင် အခုချိန်ကစပြီး ပိုက်ဆံစုလိုက်ပါ။အသုံးနဲ့ အဖြုန်းကိုခွဲခြားသိမြင်ပြီး မလိုအပ်ဘဲငွေသုံးမိတာတွေကို အတက်နိုင်ဆုံးရှောင်ကျဉ်ပါ။လက်ရှိအချိန်မှာပိုက်ဆံစုထားတာဟာ နောင်တစ်ချိန်အတွက် ခိုင်မာတဲ့အာမခံချက်တစ်ခုဖြစ်နေစေမှာဖြစ်ပါတယ်။ဒါကြောင့် မဖြစ်မနေပိုက်ဆံစုပါ။

(၄) လေ့လာသင်ယူမှုတွေ အစဉ်အမြဲလုပ်ဆောင်ပါ

Source : Shutterstock

ဘဝဆိုတာသင်ယူခြင်းတွေ အဆက်မပြတ်လုပ်ဆောင်နေရတာမျိုးပါ။လေ့လာသင်ယူခြင်းတွေက ပြီးမြောက်သွားတယ်ဆိုတာမရှိပါဘူး။ပိုကောင်းတဲ့နေရာတစ်ခုရောက်ဖို့ တခြားသူတွေထက်ပိုပြီး အားထုတ်ဖို့လိုအပ်ပါတယ်။မပျင်းပါနဲ့။ကိုယ့်ကိုယ်ကိုဝမ်းစာတွေထပ်ထပ်ဖြည့်နေဖို့လိုအပ်ပါတယ်။ဒါကြောင့် လေ့လာသင်ယူမှုတွေ အစဉ်အမြဲလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။