သင့်ကားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ခြေများတဲ့ နေရာတစ်ခုပါ။ ဘတ်စ်တို့ ရထားတို့နဲ့ စာရင်တော့ ကိုယ်ပိုင်ကားနဲ့ သွားတာဟာ ဘေးကင်းဖို့ အလားအလာ များပါတယ်။ ဒါပေမယ့် ကိုယ့်ကားပေါ် ဧည့်သည်တွေ ပါလာတယ်လို့ တွေးကြည့်ပါ။ ဒါဆို ကိုယ့်ကားလည်း Public Transportation တွေနဲ့ သိပ်ပြီး မကွာတော့ပါဘူး။

မက်ဆာချူးဆက်-ဒါးမောင့်တက္ကသိုလ်က ဇီဝပါမောက္ခ အာရင်းဘရိုမေ့ဂျ်ကတော့ ကပ်ဘေးအတွင်းမှာ တစ်ခြားသူတွေနဲ့ ကားတစ်စီးတည်း အတူသွားခြင်းဟာ အန္တရာယ်ကြီးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ကားနဲ့ပဲ ခရီးသွားသွား COVID-19 မဖြစ်အောင် ဒီနည်းလမ်းလေး ၂ ခုတော့ လိုက်နာသင့်တယ်လို့ အကြံပြုထားပါတယ်။

Air Recycler ကို ပိတ်ထားပါ

Photo: carfromjapan

ကားထဲမှာ တစ်ခြားသူတွေပါရင် Recirculation ခလုတ် (ကားထဲက လေအေးပေးတဲ့ ခလုတ်) ကို ပိတ်ထားပါတဲ။ Air Con တွေဟာ အတွင်းထဲမှာပဲ လေကို Recycle လုပ်နေတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲကနေ ကူးစက်နိုင်တာ ဖြစ်လို့ လတ်ဆတ်တဲ့လေ အဝင်အထွက် ဖြစ်အောင် ထားမှသာ ကူးစက်မှုကို လျော့ပါးအောင် ဟန့်တားနိုင်မှာပါ။

ကားတံခါးတွေ ဖွင့်ထားပါ

Photo: ShutterStock

လေကောင်းလေသန့် ဝင်ဖို့အတွက် အလွယ်ဆုံးနည်းပါ။ ခရီးသွားတုန်းမှာ ကားတံခါးတွေ ဖွင့်ထားတာဟာ ကားအတွင်းမှာ SARS-CoV-2 ကူးစက်မှုကို လျှော့ချပေးနိုင်ပါတယ်။ အနည်းဆုံး ကားထဲမှာ တစ်ယောက်ယောက် နှာချေ/ချောင်းဆိုးရင်တောင် လေဝင်လေထွက်ကောင်းလို့ ကူးစက်မှုကနေ သက်သာရာရနိုင်ပါတယ်။