လူငယ်ဘဝဆိုတာ တက်ကြွလန်းဆန်းမှုတွေနဲ့ ပျော်စရာတွေဖန်တီးလို့ အကောင်းဆုံး အသက်အရွယ် ကာလအပိုင်းအခြားတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်ကူးအိပ်မက်တွေ ၊ ရည်မှန်းချက်တွေများစွာနဲ့ လွတ်လပ်တဲ့ လူငယ်ဘဝရဲ့ အရသာကို အပြည့်အဝမခံစားပဲ ကိုယ့်ကိုယ်ကိုချုပ်နှောင်မှုတွေနဲ့ ဖြတ်သန်းနေမိမယ်ဆိုရင်တော့ တချိန်မှာနောင်တသေချာပေါက် ရရပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ လူငယ်ဘဝရဲ့တက်ကြွလတ်ဆတ်တဲ့ အချိန်ကာလတွေကို ဘယ်လိုမျိုး အပျော်ရွှင်ဆုံး ဖြတ်သန်းသွားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ရည်မှန်းချက်ထားတက်တဲ့ အကျင့်မွေးပါ

Photo : UCEFF

လူငယ်ဘဝဆိုတာဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံတစ်ပင်နဲ့ပါ။ ကိုယ်ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်တွေ လုပ်ချင်အရာတွေ  တကယ်လက်တွေ့ဖြစ်လာနိုင်ဖို့ ရည်မှန်းချက်ထားပြီး ကြိုးစားတက်တဲ့ အကျင့်က များစွာအထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ရည်မှန်းချက်ထားပြီး လုပ်ဆောင်တဲ့အကျင့်ကို လူငယ်ဘဝကတည်းက ကျင့်သားရနေဖို့ လေ့ကျင့်ထားသင့်ပါတယ်။

(၂) ဝါသနာတွေရှာဖွေပါ


Photo : The Jakarta Post

ကိုယ်တကယ်ဝါသနာပါတဲ့အရာတွေ လုပ်ရတာလောက် ဘဝမှာပျော်ဖို့အကောင်းဆုံးအချိန်မရှိနိုင်ပါဘူး။ ငယ်ရွယ်တက်ကြွတဲ့ လူငယ်ဘဝဆိုတာ ဝါသနာပါတဲ့အရာလေးတွေရှာဖွေလုပ်ဆောင်ဖို့အတွက်လည်း အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ဘယ်အရာတွေမှာ ဝါသနာပါလဲဆိုတာဆန်းစစ်ပြီး ကိုယ်တကယ် စိတ်အားထက်သန်မှုရှိတဲ့ ဝါသနာလေးတွေ လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၃) စာများများဖတ်ပါ


Photo : Best Life

စာဖတ်ခြင်း အလေ့အကျင့်ကတော့ လူငယ်တိုင်းလက်ကိုင်ထားသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စာဖတ်ခြင်းကနေ အသိပညာဗဟုသုတတွေများစွာရရှိနိုင်ပြီး ဘဝအတွက်အရေးပါတဲ့ ဉာဏ်အလင်းတွေ ၊ ဆင်ခြင်တုံတရားတွေကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်ဘဝမှာ စာအုပ်တွေနဲ့ပျော်မွေ့တက်ဖို့ကိုလည်း လေ့ကျင့်ထားသင့်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုချစ်ပါ


Photo : Society19

လူတိုင်းလူတိုင်း ဘဝမှာကိုယ့်ကိုယ်ကိုချစ်တက် ၊ ဂရုစိုက်တက်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ လူငယ်ဘဝကတည်းစတင်ပြီး ကိုယ့်ကိုယ်ကိုချစ်တက်ဖို့ လေ့ကျင့်ပါ ၊ ကိုယ်ကိုယ့်ပျော်ရွှင်စေမယ့်အရာတွေ များများလုပ်ပါ။ သူငယ်ချင်းတွေနဲ့ ပျော်စရာ အမှတ်တရတွေ ဖန်တီးပါ။ ခရီးတွေ များများထွက်ပါ။ ဓာတ်ပုံတွေ များများရိုက်ပါ။ ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးပြီး လွတ်လပ်ပျော်ရွှင်မှုအပြည့်နဲ့ လူငယ်ဘဝကိုအကောင်းဆုံးဖြတ်သန်းလိုက်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Freepik