ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ချင်တဲ့ဆန္ဒ ယောကျာ်းလေးတိုင်းမှာရှိကြပါတယ်။မိန်းကလေးတွေရဲ့ အမြင်မှာသင်ဟာကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက် တွေကို ဂရုတစိုက်လုပ်ဆောင်ကြည့်ပါ။

(၁) အဝတ်အစားရွေးချယ်မှုမှန်ကန်ပါစေ

Source : FreeImages

ဈေးကြီးပေးဝယ်ရတဲ့ အဝတ်အစားတွေထက် ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့ ဖက်ရှင်မျိုးကို ဦးစားပေးသင့်ပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ Branded တွေပဲဖြစ်နေပါစေ ကိုယ်ရဲ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီမှုမရှိဘဲ ပွနေတာ ချောင်နေတာမျိုးဆိုရင် ကြည့်လို့ကောင်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အဝတ်အစားကို ဈေးနှုန်းထက် ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်သင့်ပါတယ်။

(၂) ခံတွင်းကျန်းမာရေးကိုဂရုစိုက်ပါ

Source : YouWorkForThem

သွားတွေကဝါညစ်ပြီး အနံ့အသက်မကောင်းတဲ့ ခံတွင်းရနံ့တွေရှိသူတစ်ယောက်ကို ဘယ်သူမှစကားကြာကြာပြောချင်မှာမဟုတ်ပါဘူး။ အဓိကအားဖြင့်မိန်းကလေးတွေကို သင့်ရဲ့ အပြုံးပြတစ်ချက်မှာတင်ကြွေသွားအောင်ဖမ်းစားချင်ရင်တော့ ဖြူဝင်းတောက်ပတဲ့ သွားလေးတွေရှိရမှာဖြစ်သလို သူတို့နဲ့ နီးနီးကပ်ကပ်စကားပြောတဲ့အခါမှာလည်း အနံ့အသက်ကင်းပြီး ကောင်းမွန်တဲ့ ခံတွင်းရနံ့ရှိနေဖို့လိုအပ်ပါတယ်။ဒါကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးကို အထူးဂရုစိုက်ဖို့အကြံပြုချင်ပါတယ်။

(၃) ကိုယ်နေဟန်အထားပြင်ပါ

Source : Shutterstock

မော်ဒယ်တစ်ယောက်လို ကိုယ်နေဟန်ထားလှပနေဖို့မလိုပါဘူး။ဒါပေမယ်လမ်းလောျက်တဲ့အခါ ခါးကိုမတ်မတ်ထားပြီး ခြေလှမ်းတိုင်းကိုယုံကြည်မှုအပြည့်နဲ့ လျောက်တာမျိုး လက်ပြင်မကုန်းအောင်သတိထားနေတာမျိုး စသည်ဖြင့် ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို ထိန်းသိမ်းပြုပြင်မယ်ဆိုရင် စမတ်ကျတဲ့လူတစ်ယောက်အဖြစ်နဲ့ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်မှာသေချာပါတယ်။

(၄) ဆံပင်စတိုင်ကိုထိန်းသိမ်းပါ

Source : Reviews of Beauty Products

ဆံပင်ဆိုတာဒုတိယမျက်နှာလို့ တင်စားပြောကြတာကြားဖူးကြမှာပါ။ဆံပင်ပုံစံကလူတစ်ယောက်ကို အများကြီးပြောင်းလဲသွားနိုင်စွမ်းရှိတာကြောင့် ကိုယ်ရဲ့ မျက်နှာနဲ့ လိုက်ဖက်မှုရှိတဲ့ ဆံပင်စတိုင်ထားတက်ဖို့လည်းအရေးကြီးပါတယ်။ကိုယ်ရဲ့ ဆံပင်ကိုအမြဲပုံကျလှပနေအောင် ညှပ်တာမျိုး ဆီလိမ်းပြီးပုံသွင်းတာမျိုးစသည်ဖြင့် ပြုလုပ်ပေးသင့်ပါတယ်။