တက်တူးထိုးခြင်းဟာ ခန္ဓာကိုယ်အရေပြားပေါ်မှာ သေရာပါမယ့် ပန်းချီကားတစ်ချပ်ရေးဆွဲလိုက်တာလို့ ဆိုနိုင်ပါတယ်။ တက်တူးထိုးသူအများစုဟာ သူတို့ဘဝရဲ့အရေးပါဆုံးအရာ၊ မြတ်နိုးတဲ့အရာတွေကို အရေပြားပေါ် မှတ်ကျောက်တင်ကြခြင်းဖြစ်ပါတယ်။

ဒီလိုတန်ဖိုးထားရတဲ့အရာတွေကို တက်တူးအဖြစ် အရေပြားပေါ်ရေးထိုးပြီးချိန်မှာ လှပသပ်ရပ်တဲ့ပုံကောင်းတစ်ပုံကိုပဲ လိုချင်ကြတာပါ။ ပုံကောင်းတစ်ပုံရဖို့ တက်တူး Artist မှာတာဝန်ရှိသလို သင်ကိုယ်တိုင်ကလည်း တက်တူးထိုးပြီးချိန်မှာ လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။

Source: bustle.com

(၁) တက်တူးထိုးပြီးချိန်တွင် ပိုးမဝင်အောင်ဂရုစိုက်ပေးပါ။ ရောဂါပိုးမဝင်နိုင်အောင် မိမိရဲ့ အသစ်စက်စက်တက်တူးကို သန့်ရှင်းသောရေ၊ ဆပ်ပြာတို့နဲ့ဆေးကြောပြီး ရေခြောက်အောင်သုတ်ပေးပါ။ အဲ့ဒီနောက်မှာ Tattoo Aftercare Cream လို့ခေါ်တဲ့ တက်တူးထိုးပြီးချိန်လိမ်းရတဲ့ ခရင်မ်တစ်မျိုးမျိုးလိမ်းပေးပါ။

Source: radissonred.com

(၂) နောက်တစ်ဆင့်အနေနဲ့ ပိုးသတ်ပေါင်းခံထားတဲ့ အဝတ်သန့်သန့်ဖြင့် မိမိတက်တူးနေရာကိုဖုံးအုပ်ပြီး တစ်ရက်ခန့်ပတ်တီးစည်းထားပါ။ တစ်ရက်ပြည့်တာနဲ့ တစ်ဖန်ပြန်လည်ဆေးကျောပြီး ခြောက်သွေ့အောင်သုတ်ပါ။ တက်တူးထိုးထားတဲ့နေရာကို မကိုင်မှီ သင်ရဲ့လက်ကိုစင်ကြယ်အောင် ဆေးကြောပေးဖို့လည်းလိုပါတယ်။

Source: WGRD

(၃) ဆောင်ရန်ရှောင်ရန်တွေအနေနဲ့ တက်တူးထိုးပြီး ရက်အနည်းငယ်အတွင်း နေရောင်နဲ့လုံးဝအထိမခံပါနဲ့၊။ ရေများများသောက်ပေးပါ။ ကြက်သား၊ အမဲသားနဲ့ ပင်လယ်စာတွေကို တတ်နိုင်သလောက် လုံးဝမစားသုံးသင့်ပါ။ ထိုအသားတွေကို တက်တူးအနာမကျက်ခင်စားပါက အဖုတွေဖြစ်လာနိုင်ပါတယ်။ အစိုဓာတ်ပါတဲ့ Moisturising Cream မကြာခဏလိမ်းပေးပါ။ မိမိကိုထိုးပေးခဲ့တဲ့ Tattoo Artist ဆီမှာလည်း အကြံဥာဏ်တောင်းနိုင်ပါတယ်။