ဒီခေတ်ကြီးထဲမှာ အလုပ်ကောင်းကောင်းရဖို့ဆိုတာ ခက်ခဲလှပါတယ်။ အလုပ်လိုချင်တဲ့လူတွေက များနေပြီး သူထက်ငါ အပြိုင်အဆိုင် အလုပ်ရအောင် လျှောက်နေကြရပါတယ်။ အလုပ်ရှင်တွေကလည်း လာလျှောက်တဲ့လူတွေထဲက သူတို့လိုချင်တဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့ လူတွေကို ရွေးချယ်ပြီး အင်တာဗျူးလေ့ရှိပါတယ်။ အလုပ်ရဖို့အတွက် အရည်အချင်းရှိနေဖို့လည်း လိုအပ်သလိုအင်တာဗျူးဖြေတက်ဖို့ကလည်း အရေးကြီးပါတယ်။

ဒီနေ့ kwee page က အင်တာဗျူးဖြေတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးသွားမှာပါ။

ကုမ္ပဏီရဲ့ အကြောင်းကို လေ့လာထားပါ

Source: Business Insider

ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီအကြောင်းကိုတော့ မသိမဖြစ်သိထားရပါမယ်။ ဘယ်ခုနှစ်က စတင်တည်ထောင်တယ်၊ ဘယ်လိုထုတ်ကုန်မျိုးတွေ အဓိကထားပြီး ဖန်တီးထုတ်လုပ်တယ် (သို့) ဘယ်လို ဝန်ဆောင်မှုတွေပေးနေလဲ စသဖြင့် အင်တာဗျူးမဖြေခင် ကြိုတင်လေ့လာစုဆောင်းပြီးမှ သွားဖြေတာ သင့်အတွက် အများကြီး အထောက်အကူပြုစေမှာပါ။ ပြီးတော့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ၊ ပညာအရည်အချင်းစသဖြင့် လိုအပ်တဲ့ စာရွတ်စာတမ်းတွေ ယူသွားဖို့ကိုလည်း မမေ့ပါနဲ့။

အင်တာဗျူးဖြေရမယ့်အချိန်ထက် စောပြီးရောက်အောင်သွားပါ

Source: Forbes

အင်တာဗျူးဖြေရမယ့်နေရာကို နောက်ကျပြီးမှ သွားတာ (သို့) အချိန်ကပ်ပြီးရောက်သွားတာမျိုး မဖြစ်ပါစေနဲ့။ သတ်မှတ်ထားတဲ့ အချိန်ထက် (၁၅) မိနစ် သို့ (၂၀) မိနစ်ခန့် စောရောက်အောင်သွားပါ။ အင်တာဗျူးအခန်းထဲကိုဝင်တာနဲ့ တစ်ပြိုက်နက် တန်းမထိုင်ပါနဲ့ခွင့်တောင်းပါ။ ခွင့်ပြုချက်ရမှသာ ထိုင်ပါ။ ခွင့်တောင်းတတ်တဲ့ အမူအကျင့်ဟာ သင့်ရဲ့ ပင်ကိုယ်အရည်အချင်းကို အဆုံးအဖြတ်ပေးရာမှာ အမှတ်ပိုရရှိစေနိုင်ပါတယ်။

စိတ်မလှုပ်ရှားပါနဲ့

Source: Forbes

အင်တာဗျူးဖြေတဲ့အခါမှာ စိတ်လှုပ်ရှားမှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ မေးခွန်းတွေကို ဖြေနိုင်အောင်ကြိုးစားပါ။ ကိုယ်နေဟန်ထားကိုလည်း ဂရုစိုက်ပါ။ လက်တွေငြိမ်သက်မှုမရှိတာ၊ စကားပြောတဲ့အခါ အင်တာဗျူးသူကို မကြည့်ဘဲ တခြားတစ်နေရာကို ကြည့်ရှုနေတာတွေဟာ သင့်ကို ယုံကြည်မှုနည်းပါးသူတစ်ယောက်အဖြစ် မှတ်ယူသွားစေနိုင်ပါတယ်။

ရိုးသားပါ

Source: Glassdoor

အင်တာဗျူးဖြေတဲ့အခါမှာ အရေးကြီးတာတခုက ရိုးသားဖို့ပါ။ မေးသမျှမေးခွန်းတွေကို ရိုးရိုးသားသားဖြေဖို့ လိုအပ်ပါတယ်။ တစ်ချို့အလုပ်တွေက သင့်ရဲ့ နောက်ကြောင်းရာဇဝင်လိုက်ပါတယ်။ ပြီးတော့ တချို့အင်တာဗျူးတဲ့လူတွေက အများအားဖြင့် အတွေ့ကြုံရှိသူများဖြစ်တဲ့အတွက် သင်မဟုတ်တာ၊ မမှန်တာပြောနေမှန်းကို ချက်ချင်းသိရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့် မေးမြန်းသမျှကို ဟုတ်မှန်တဲ့အတိုင်းပဲ ဖြေလိုက်ပါ။