ဝတဲ့သူတွေပဲ ပိန်ချင်တဲ့ဆန္ဒရှိကြတာ မဟုတ်ပါဘူး။ ပိန်တဲ့သူကလည်း ဝချင်တာ သူတို့ရဲ့အိပ်မက်တစ်ခုပါ။ ဆေးပညာအရ လူတစ်ယောက်ဟာ ၀လွန်းနေရင်လည်း နှလုံးအဆီဖုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဝင်လာနိုင်ပါတယ်။ ပိန်လွန်းနေပြန်ရင်လည်း ရောဂါဝင်ရောက်ဖို့ ပိုမိုလွယ်ကူပြန်ပါတယ်။ အကောင်းဆုံးကတော့ အရမ်းဝလွန်း၊ ပိန်လွန်းမနေပဲ ကျန်းမာအောင်နေထိုင်စားသောက်တာကတော့ ပိုပြီးသင့်တော်ပါတယ်နော်။ ဒီတစ်ခါမှာတော့ ဝဖို့ကြိုးစားနေတဲ့သူတွေ ဘယ်လိုနေထိုင်စားသောက်သင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

Source: guardian.ng

(၁) ဝိတ်တက်ချင်တဲ့သူတွေအနေနဲ့ ပုံမှန်စားနေကျ ကယ်လိုရီအရေအတွက်ထက် ပိုပြီးစားပေးသင့်ပါတယ်။ အမျိုးသားတစ်ယောက်အတွက် တစ်နေ့ကို ပျှမ်းမျှကယ်လိုရီ ၂၅၀၀ ဝန်းကျင်လောက်လိုအပ်ပြီး အမျိုးသမီးတွေကတော့၂၀၀၀ ဝန်းကျင်လောက် လိုအပ်ပါတယ်။ ဝချင်ရင်တော့ တစ်ရက်ကိုပုံမှန်ထက် ကယ်လိုရီ ၃၀၀ ကနေ ၆၀၀ ကြား ပိုစားသုံးပေးဖို့လိုပါတယ်။ ပရိုတင်းဓာတ် ၅၀ရာခိုင်နှုန်း၊ ကစီဓာတ် ၄၀ရာခိုင်နှုန်းနဲ့ အဆီဓာတ် ၁၀ရာခိုင်နှုန်း ဆိုတဲ့ အချိုးအစားအတိုင်း မျှမျှတတ စားသုံးပေးသင့်ပါတယ်။

Source: glo-pamper.co.uk

(၂) ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။ တစ်နေ့ကို ပျှမ်းမျှ ရေ ၄လီတာကနေ ၇လီတာအထိ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ရေအပြင်သဘာဝအသီးဖျော်ရည်များ၊ ဓာတ်ဆားရည်များလည်း သောက်သုံးပေးနိုင်ပါတယ်။

Source: mensfitness.co.za

(၃) အိပ်စက်ချိန်ကိုလည်း အထူးဂရုပြုပေးရပါမယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ အနည်းဆုံး ၆နာရီကနေ ၈နာရီ ကြား အိပ်စက်ချိန်ပေးဖို့ လိုပါတယ်။ အိပ်စက်ချိန်မမှန်တာဟာ ဇီဝကမဖြစ်စဉ်ကို ကမောက်ကမဖြစ်စေနိုင်တာကြောင့် ပုံမှန်အိပ်စက်ပေးဖို့၊ အိပ်ချိန်မနည်းဖို့၊ ညဘက်အိပ်ယာဝင်တဲ့အချိန် အရမ်းနောက်မကျဖို့လိုပါတယ်။

Source: Sand Canyon Urgent Care

(၄) အားကစားတစ်နည်းနည်း ပုံမှန်လုပ်ပေးဖို့ကလည်း အရေးပါပါတယ်။ ကိုယ်ရဲ့ခန္ဓာကိုယ်လုပ်ဆောင်နိုင်မယ့် အားကစားနည်းကို သေချာလေ့လာပြီး ပုံမှန်လုပ်ဆောင်သွားပါ။ Gym ကစားခြင်း၊ ရေကူးခြင်း၊ Boxing ကစားခြင်း၊ အပြေးလေ့ကျင့်ခြင်း စတဲ့ အားကစားနည်းတစ်မျိုးမျိုးကို တစ်ရက်မှာတစ်နာရီ အနည်းဆုံး ပုံမှန်ပြုလုပ်သင့်ပါတယ်။ အစားတော့စားပါရဲ့ အားကစားမလုပ်ဘူးဆိုရင် အဆီထုထည်သာတက်လာပြီး ကြွက်သားတက်လာခြင်း မဟုတ်တာကြောင့် ကျန်းကျန်းမာမာနဲ့ ဝလာမှာမဟုတ်တာကိုတော့ သတိထားဖို့လိုပါမယ်။

Source: lapolo.in

(၅) နောက်ဆုံးအနေနဲ့ စိတ်ဖိစီးမှုကို တက်နိုင်သလောက်လျော့ချပေးဖို့ လိုပါတယ်။ တစ်ရက်ကို ၁၅ မိနစ်လောက် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့ စိတ်ကို Relax ဖြစ်စေမယ့် အရာတွေကိုလုပ်ဆောင်ပေးသင့်ပါတယ်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုရှိနေရင် အစားစာချင်စိတ်ကို လျော့နည်းသွားစေပါတယ်။