အချိန်တွေ တရွေ့ရွေ့ကုန်လာတာနဲ့အမျှ နှစ်သစ်ကိုရောက်ဖို့နီးလာပြန်ပါပြီ။ နှစ်တစ်နှစ်ရဲ့အစဆိုတာ သင့်ကိုယ်သင်ပြောင်းလဲဖို့ ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ရာ အကောင်းဆုံးအချိန်ပါပဲ။ အခုပြောပြပေးမှာက ၂၀၂၂ နှစ်သစ်မှာ သင့်ကိုသင်တိုးတက်ကောင်းမွန်လာအောင်သင့်ဘဝထဲက ပြုပြင်ပြောင်းလဲလိုက်သင့်တဲ့ အရာ ၄ ခုကိုပြောပြပေးမှာပါ။ ကဲဒါဆိုအခုပဲ စလိုက်ရအောင်ပါ။

(၁) အချိန်ဖြုန်းတာကို ရပ်လိုက်ပါ

Photo:Every Pixel

သင့်အတွက် တကယ်အရေးမကြီးတဲ့အရာတွေအတွက် အချိန်ဖြုန်းတာကို ရပ်လိုက်ပါ။ အချိန်ဟာ ဘယ်တော့မှ ပြန်မရနိုင်တော့သည့် တစ်ခုတည်းသောအရာထဲမှ တစ်ခုဖြစ်ပါတယ်။ သင့်အတွက် တကယ်အရေးမကြီးတဲ့အရာတွေအတွက် အချိန်ဖြုန်းတာကို ရပ်လိုက်ပြီးတော့ သင့်ရဲ့အိပ်မက်တွေအတွက်ကို အချိန်ပေးပါ။ သင့်ဘေးမှာ သင်ချစ်တဲ့သူတွေထာဝရမရှိနိုင်လို့ သူတို့အတွက် အချိန်ပေးပါ။ အခိုက်အတန့်တိုင်းကို အပြည့်အဝနေထိုင်နိုင်အောင် သင်ယူပါ အခိုက်အတန့်လေးတွေကို လက်လွှတ်မခံပါနဲ့။ ဒါတွေဟာ သင်ဘဝရဲ့ အဆုံးမှာ သင်အမှတ်ရနေမယ့် အရာတွေပါ။

(၂) ကျန်းမာသောလူနေမှုပုံစံမှာနေထိုင်ပါ

Photo : SelectHealth

ကျန်းမာသောဘဝနေထိုင်မှုပုံစံဟာ အစားစားခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းထက် သာလွန်ပါတယ်။ ဆိုလိုတာက သင့်ခန္ဓာကိုယ်နှင့် ဘဝနေထိုင်မှုပုံစံအတွက် အကျိုးပြုတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အစားအသောက်ကို ပြုပြင်‌ပြောင်းလဲဖို့ရာ လွယ်ကူလွန်းပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံဖြစ်ဖို့က သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့သတ်မှတ်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းကပိုအရေးပါပါတယ်။ ဒါမှသာ သင့်ခန္ဓာကိုယ်က ကောင်းကောင်းလည်ပတ်နိုင်တဲ့စက်တစ်ခုလိုဖြစ်လာမှာပါ။

(၃) သင့်အတွက် Toxic ဖြစ်စေတဲ့ Relationships တွေကိုရပ်လိုက်ပါ

Photo:Business Insider

သင့်အတွက်ထူးခြားတဲ့သူငယ်ချင်း ဒါမှမဟုတ် တခြားသူတွေနဲ့ဆက်ဆံရေးက သင့်အတွက် အဆိပ်သင့်ဆက်ဆံရေးမျိုးဖြစ်နေမယ်ဆိုရင်သင့်အနေနဲ့ ရှေ့ဆက်မတိုးတော့ဘဲရပ်လိုက်တာက သင့်အတွက်ပိုကောင်းစေပါတယ်။ သင့်အနေနဲ့ ဒီဆက်ဆံရေးကိုပြန်အဖတ်ဆယ်သင့် မဆယ်သင့်ဆုံးဖြတ်ဖို့ လိုအပ်ပေမယ့် ပြန်ပြင်ဖို့ကြိုးစားရင်းအချိန်ဖြုန်းတာက သင့်အလုပ်အကိုင်၊ စိတ်အခြေအနေတွေအားလုံးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နှစ်သစ်မှာ မလိုတော့တဲ့ဆက်ဆံရေးတွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။

(၄) Comfort Zone ကထွက်ပါ

Photo:Freepik

Comfort Zone ဆိုတာ ဘဝကိုသက်တောင့်သက်သာပဲဖြတ်သန်းရင်း သင်အသက်ရှင်နေတဲ့အချိန်မှာရတဲ့ အခွင့်အရေးတွေကို လက်လွှတ်လိုက်တာနဲ့အတူတူပါပဲ။ တခါတရံမှာ ဘေးကင်းလုံခြုံဖို့လိုအပ်ပေမယ့် ဘဝကိုသက်တောင့်သက်သာနဲ့ဖြတ်သန်းတာက သင်လိုချင်တဲ့အရာတွေကိုရအောင် မလုပ်တတ်တော့ပါဘူး။

သင်မလုပ်ချင်တဲ့အလုပ်ကထွက်တာ၊ နိုင်ငံခြားသွားချင်တာစတဲ့အိမ်မက်တွေရှိတယ်ဆိုတာဟာ သင့်ရင်ထဲမှာအကြောင်းရှိလို့ ဘုရားကပေးထားတာပါ။ ဒါကြောင့် သင်လိုချင်တဲ့စိတ်ကူးအိမ်မက်တွေတကယ်ဖြစ်လာဖို့ဆိုရင် ဒီနှစ်သစ်မှာပဲစပြီးအကောင်အထည်ဖော်ဖို့ကြိုးစားပါ။