တစ်ခါတစ်လေ အကြောင်းအရင်းမရှိဘဲနဲ့ စိတ်ဓာတ်တွေကျနေတယ် လို့လူတွေကထင်တက်ကြတယ်။ လေ့လာသူတွေကတော့ ဒီလိုစိတ်ဓာတ်တွေကျပြီး မပျော်မရွှင်ဖြစ်နေရခြင်းမှာ အကြောင်းအရင်းများစွာရှိတယ်လို့ ဆိုထားကြတယ်။ ဓာတ်သဘောမညီမျှမူတွေ၊ စိတ်ဖိစီးမူတွေ၊ ဆေးတွေသောက်နေရတာကြောင့်လည်း အခုလိုဖြစ်နိူင်ပါတယ်။ လူတစ်ယောက်အသက်ရှင်နေထိုင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပျော်ရွှင်ဖို့လည်းပါဝင်ပါတယ်။

ဒီနေ့ kwee page က အမှန်တကယ် ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် လက်လွတ်လိုက်သင့်တဲ့ အရာအတွေအကြောင်းပြောပြပေးသွားမှာပါ။

မိမိကိုယ်ကို ဝေဖန်ခြင်းနှင့် တခြားသူတွေကိုဝေဖန်ခြင်း

Source: Medium

မိမိကိုယ်ကို ဝေဖန်ခြင်းက ပျော်ရွှင်မှုတွေကို ပျောက်ပျက်သွားစေပါတယ်။ မိမိကိုယ်ကို မကောင်းတဲ့ဖက်ကနေ ရှုမြင်ခြင်းဟာ ကြီးမားတဲ့ အနှောက်အယှက်တစ်ခုဆိုရင် မမှားပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အားနည်းချက်တွေကို အာရုံစိုက်နေမယ့်အစား အားသာချက်တွေကို ပိုမိုပြီးအားကြီးလာအောင် ပြုလုပ်သင့်ပါတယ်။

ဒီလိုပဲ တခြားလူတွေကို ဝေဖန်ပြစ်တင်ခြင်းဟာလည်း ကိုယ့်ဘဝမှာ မလိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အခြားလူတွေရဲ့ အတွေးအမြင်တွေကို လက်ခံခြင်းက ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒီလူတွေရဲ့လုပ်ရပ်တွေ အတွေးအမြင်တွေကို ဝေဖန်ပြစ်တင်နေဖို့ မလိုအပ်ပါဘူး။

အတိတ်ကအမှားတွေကြောင့် အပြစ်ရှိတယ်လို့ခံစားနေရခြင်း

Source: Paul Ekman

လူသားအားလုံးအမှားနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် အတိတ်ကအမှားတွေကို ခေါင်းထဲမှာထည့်ထားပြီး အနာဂတ်ကို ထိခိုက်မလာစေဖို့တော့လိုအပ်ပါတယ်။ အတိတ်ကို သွားပြုပြင်လို့မရပါဘူး။ ကျနော်တို့ လုပ်နိုင်တာက အတိတ်က အမှားတွေဆီကနေ သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လိုကောင်းအောင်နေထိုင်ရမလဲဆိုတာပါပဲ။

တစ်စုံတစ်ယောက်ကို အပြစ်လုပ်မိထားတယ်ဆိုရင် တောင်းပန်ပြီး ရှေးဆက်ပါ။ ဒီအတိတ်က အမှားတွေကြောင့် ပျော်ရွှင်မူတွေကို မပျက်စီးပါစေနဲ့။

မသိခြင်းကိုကြောက်လန့်ခြင်း

Source: Vocal

ကိုယ့်နဲ့မရင်းနှီးတဲ့အရာတွေအကြောင်း စိတ်ပူပန်ခြင်းက အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခုမှတ်ထားရမှာက comfort zone ထဲက ရုန်းထွက်လိုက်ရင် ကောင်းတဲ့အရာတွေ စိတ်လှုပ်ရှားစရာတွေ တွေ့ကြုံရမယ်ဆိုတာပါပဲ။ တစ်ခုခုကို အရင်ကတည်းက လုပ်ခြင်းနေခဲ့တယ် ဒါပေမယ့် လုပ်ဖို့တွန့်ဆုတ်နေတယ်ဆိုရင် အခုပဲ ထလုပ်လိုက်ပါ။

မနာလိုစိတ်ရှိခြင်း

Source: feed-merdeka

အခြားလူတွေရဲ့ အောင်မြင်မူ (သို့) ပျော်ရွှင်နေတဲ့ဘဝတွေကို မနာလိုစိတ်ထားခြင်းက သင့်ကိုမပျော်မရွှင်ဖြစ်စေပါတယ်။ အခြားလူတွေနဲ့မိမိကိုယ်ကို မနှိုင်းယှဉ်ပါနဲ့။ ဘာလို့လဲဆိုတော့ သင့်ရဲ့ဘဝပေးအခြေအနေ၊ လူမှုပတ်ဝန်းကျင်က အခြားလူတွေနဲ့ကွဲပြားခြားနားနေလို့ပါပဲ။ အတိတ်ကမိမိနဲ့ယခု ပစ္စုပ္ပန်မိမိ ကိုသာနှိုင်းယှဉ်ပါ။

အခြားလူတွေရဲ့ အောင်မြင်မူတွေကို မုဒိသာပွားနိုင်အောင်ကြိုးစားပါ။ သူတို့နဲ့အတူတူ ဝမ်းသားပေးလိုက်ပါ။ လေးစားအားကျထိုက်တဲ့သူတွေ ဆီကနေသင်ယူနိုင်အောင်ကြိုးစားပါ။

အဆင်မပြေတဲ့ Relationships

Source: Urban Naturale

တစ်ခါတစ်လေ Relationship တစ်ခုကို လက်လွတ်လိုက်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် နေ့စဉ်မိမိကို မပျော်မရွှင်ဖြစ်စေတဲ့ relationship မျိုးကိုတော့ ထိန်းသိမ်းမထားဖို့ အကြံပေးပါရစေ။ relationship ဆိုရာမှာ ချစ်သူရည်းစားသာမကပဲ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေလည်း ပါဝင်ပါတယ်။ ကိုယ့်နဲ့ အဆင်မပြေဘူးထင်ရင် အဆက်အသွယ်ဖြတ်နိူင်အောင် ကြိုးစားပါ။ ပျော်ရွှင်မှုဆိုတာ သင့်လက်ထဲမှာပါ။