တစ်ခါတစ်လေ အနောက်နိူင်ငံတွေ ဒါမှမဟုတ် ကိုယ်နေတဲ့ တိုင်းပြည်နဲ့ အဝေးကြီးကို ခရီးသွားတော့မယ်ဆိုရင် လေယာဉ် မဖြစ်မနေစီးရတော့မှာပါ။ ဒီလိုအချိန်မှာ ပြင်ဆင်သင့်တာတွေ မပြင်ဆင်ထားဘူးဆိုရင် ခရီးသွားရတာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
ဒါကြောင့် kwee ကနေပြီးတော့ လေယာဉ်အချိန်အကြာကြီးစီးရတဲ့ အခြေအနေမျိုးမှာ ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေကို ပြောပြပေးသွားမှာပါ။
ထိုင်မယ့်နေရာကို သေချာစွာရွေးချယ်ပါ
Source: MinnPost
လေဆိပ်ကို သူများတွေထက်ဦးအောင်သွားပြီ check-in လုပ်၊ လေယာဉ်ထိုင်ခုံကို ရွေးပါ။ ကလေးငိုသံမကြားချင်ရင်တော့ ရှေ့ဆုံးတန်းနဲ့ ဝေးရာမှာသာထိုင်ပါ။ များသောအားဖြင့် ကလေးပါတဲ့သူတွေဟာ လေယာဉ်ရှေ့ဆုံးတန်းမှာ ထိုင်တာများပါတယ်။
ကိုယ်က စီးခဏခဏသွားတတ်တဲ့သူဆိုရင်တော့ လူသွားလမ်းနဲ့ကပ်လျက် ခုံမှာထိုင်ပါ။ ခြေထောက်နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း လိုချင်ရင် အရေးပေါ် ထွက်ပေါက်နားက ထိုင်ခုံတွေမှာ ထိုင်ပါ။
အဝတ်အစားသေချာရွေးချယ်ပါ
Source: Business INsider
နာရီအကြာကြီး လေယာဉ်စီးရမယ်ဆိုရင် အဝတ်လဲဖို့ အခြေအနေရှိချင်မှရှိတော့မှာပါ။ ဒါကြောင့် ကိုယ့်အတွက် ပူနေခြင်း၊ အိုက်နေခြင်း၊ ကြပ်ထုတ်နေခြင်း မရှိတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ ပေါ့ပေါ့ပါးပါး ချည်သားအကျီတွေ၊ ဒူးဖုံးဘောင်းဘီ၊ စကပ်ရှည်တွေကို ဝတ်ဆင်ပါ။ ဂျင်းဘောင်းဘီအကျပ်တွေကို တတ်နိုင်သလောက်ရှောင်ပါ။ လက်ဝတ်ရတနာတွေကို ခရီးသွားအိတ်ထဲ ထည့်သိမ်းထားပါ။
အစားအစာတွေကို ဗိုက်အပြည့်မစားပါနဲ့
Source: Business Insider
ခရီးမသွားခင်ညနှင့်သွားမယ့်နေ့တွေမှာ အစားအစာကို ဗိုက်ပြည့်နေအောင် မစားပါနဲ့။ အစာကြေလွယ်သာ ပေါင်မုန့်၊ ကြက်ဥ ဒါမှမဟုတ် သစ်သီးဖျော်ရည်လောက်ကိုပဲ သောက်သုံးပေးပါ။ လေယာဉ် အကြာကြီးစီးရမှာဆိုတော့ ဗိုက်မအီမသာ ဖြစ်နေရင် အဆင်မပြေပါဘူး။ ဒါကြောင့် ဗိုက်ဝန်မပိအောင် တတ်နိူင်သလောက် ရှောင်ရှားပေးပါ။
ရေသောက်ပေးပါ
Source: ABC News
လေယာဉ်အတွင်းက လေထုက အေးမြခြောက်သွေ့တဲ့အတွက် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဒါကြောင့် ရေမဆာရင်တောင် အာစွတ်ရုံလေး ရေကိုသောက်ပေးသင့်ပါတယ်။ ဖြစ်နိူင်ရင် ရေကို (၁) လီတာ၊ (၂) လီတာလောက် ကုန်အောင်တော့ သောက်ပေးပါ။