အောင်မြင်ချင်တဲ့ ယောကျာ်းများအတွက် အကြီးမားဆုံးရန်သူကတော့ ကြောက်ရွံ့ခြင်းပဲဖြစ်ပါတယ်။ ရှုံးနိမ့်မှာကို ကြောက်ရွံ့ခြင်း၊ Comfort Zone ထဲက ထွက်ပြီး ဒုက္ခရောက်မှာကို ကြောက်ရွံ့ခြင်းနှင့် မိမိရဲ့အကြောက်တရားကို ပြန်ကြောက်နေရခြင်းတို့ပဲဖြစ်ပါတယ်။

ထိုအကြောက်တရားကို တွန်းလှန်နိုင်မှသာ သင် လိုချင်တဲ့ အောင်မြင်မှုကို ဆွတ်ခူးရရှိနိုင်မှာဖြစ်ပါတယ်။ အကြောက်တရားအပြင် မည်သည့်အရာကိုရော ဘဝထဲက ဖယ်ရှားသင့်တယ်ဆိုတာကို သင် သိပါသလား။

အချိန်ဆွဲတတ်သော အကျင့်

procrastinating habits to get rid of for men

လူသားတိုင်းကို သဘာဝက တစ်ရက်ကို ၂၄ နာရီစီ လက်ဆောင်ပေးထားပါတယ်။ ထိုလက်ဆောင်ကို အကျိုးရှိရှိ အသုံးမချဘဲ အချိန်ဆွဲနေမယ်ဆိုရင်တော့ အောင်မြင်မှုပန်းတိုင်နဲ့ ဝေးသထက် ဝေးသွားတာကို သတိထားမိမှာမဟုတ်ပါဘူး။ သင် သတိထားမိလို့ ကြည့်လိုက်တဲ့အခါမှာတော့ သင်က သူများတွေထက် ခြေလှမ်းအများကြီး နောက်ကျသွားပါလိမ့်မယ်။

ဆင်ခြေပေးလွန်းသော အကျင့်

bored man looking at the laptop- bad habit for men

မိမိကိုယ်ကိုမိမိ ဆင်ခြေပေးလွန်းတဲ့အကျင့်ကိုလည်း ဖျောက်ဖျက်ပြီး မိမိကိုယ်ကို မလိမ်ညာလိုက်ပါနဲ့။ မိမိကိုယ်ကို ရိုးသားမှသာလျှင် သင့်ရဲ့တိုးတက်မှုနှုန်းက မြန်ဆန်လာပြီး ပန်းတိုင်ဆီ မြန်မြန်အရောက်လှမ်းနိုင်မှာပါ။

ဝီရိယမရှိခြင်း

key to success for men

အောင်မြင်ချင်သူတစ်ယောက်အဖို့ ဝီရိယဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ပြည့်စုံမှသာလျှင် သင့်ရဲ့လုပ်ငန်းတိုင်းဟာ အောင်မြင်မှာဖြစ်ပါတယ်။ ကံကိုချည်းပဲ ရိုးမယ်ဖွဲ့ပြီး ကံကောင်းလာမယ့် နေ့ရက်ကိုသာ ထိုင်စောင့်နေမယ်ဆိုရင်တော့ အောင်မြင်မှုက သင့်ဘဝထဲကို အလိုလို ရောက်ရှိလာမှာမဟုတ်ပါဘူး။

စိတ်အားငယ်တတ်ခြင်း

sad and depressed man sitting alone- successful lifestyle

မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်းက အရာရာတိုင်းမှာ ၅၀ ရာခိုင်နှုန်းခန့် အလိုလိုရှုံးနိမ့်ပြီးသားဖြစ်သွားပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုဆိုရင် သင့်ရဲ့အလုပ်က ၅၀ ရာခိုင်နှုန်းခန့် အောင်မြင်ပြီးသွားဖြစ်ပါတယ်။ နောက်ထပ် ရာနှုန်းပြည့်အောင်မြင်ဖို့အတွက် မလျော့သော ဇွဲ၊ လုံ့လနှင့် ကြိုးစားမှုတို့ကို ထပ်ပေါင်းထည့်လိုက်ရုံပါပဲ။

လေ့လာသင်ယူမှု မရှိခြင်း

Computer Laptop Drawing Working Desk Concept- successful lifestyle

အရာရာတိုင်းက အသစ် အသစ်သော ပြောင်းလဲတိုးတက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ မနှစ်တနှစ်က နည်းပညာများနဲ့ ယခုနှစ်ရဲ့နည်းပညာကလည်း အပုံကြီး ကွာခြားသွားပါပြီ။ လေ့လာသင်ယူမှု မရှိသူတစ်ယောက်ရဲ့ဘဝက ရေ မသောက်ရတဲ့ သစ်ပင်နဲ့ အလားသဏ္ဍာန် တူပါတယ်။ မိမိသက်ဆိုင်ရာ နယ်ပယ်နဲ့ ပတ်သက်တဲ့ ပညာရပ်များကို အမြဲမပြတ်လေ့လာနေမှသာ ဗဟုသုတများ တိုးပွားပြီး အောင်မြင်မှုအတွက် လှေကားထစ်သဖွယ် အသုံးချနိုင်မှာပါ။

ဒီအချက်များကို နှလုံးသွင်း ဆင်ခြင်လိုက်မယ်ဆိုရင်တော့ အောင်မြင်မှုက သင့်အတွက်ပါပဲ။

Source: Lifehack.org