လူတိုင်းလူတိုင်း မိမိဘဝနဲ့ ပတ်သတ်ပြီး လှပတဲ့အနာဂတ်သစ် တစ်ခုကို ဖန်တီးချင်ကြမှာပါ။အနာဂတ်မှာအဆင်ပြေချောမွေ့ တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် လက်ရှိအချိန်မှာကတည်းက အများကြီးကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။တစ်ချို့ကလည်းကိုယ့်မျှော့်လင့်ထားတဲ့အနာဂတ်ပန်းတိုင်ကိုဖြောင့်ဖြောင့်တန်းတန်းလျောက်လှမ်းနိုင်ကြသလို တစ်ချို့ကျတော့လမ်း တစ်ဝက်မှာတင် လမ်းပျောက်သွားတာမျိုးတွေ ရှိတက်ကြပါတယ်။ဒီနေ့မှာတော့ တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေကိုပြောပြ ပေးချင်ပါတယ်။

(၁) မိုက်ရူးရဲမဆန်ပါနဲ့

Truck driver sitting in his cabin and thinking about his family

Source : Freepik

တစ်ခါတစ်လေမှာ ကျွန်တော်တို့အနေနဲ့ ကိစ္စတစ်ခုခုလုပ်ဆောင်ရာမှာ မိုက်ရူးရဲဆန်စွာပဲ လုပ်မိတက်ကြပါတယ်။အမှားအမှန်ကိုခွဲခြားသိမြင်နိုင်ခြင်းက အောင်မြင်မှုရဲ့ လမ်းစတစ်ခုဖြစ် တာကြောင့်ဘာပဲလုပ်လုပ် အရင်ဆုံးစဉ်းစားဆင်ခြင်မိဖို့အရေးကြီးပါတယ်။ကောင်းတဲ့အရာတစ်ခုအတွက် ရှေ့ကိုဆက် တိုးတာဟာ မှန်ကန်ပေမယ့် မှားနေတယ် မကောင်းဘူးဆိုတဲ့ အရာတွေအတွက်တော့ မိုက်ရူးဆန်စွာမလုပ်ဆောင်သင့်ပါဘူး။

မိုက်ရူးရဲဆန်စွာအမှားကိုလုပ်ဆောင်ခြင်းဟာ သာမာန်အမှားလုပ်တာထက်နှစ်ဆပိုခံရနိုင်ပါတယ်။ဒါကြောင့်ဘယ်အရာပဲလုပ်လုပ်အရင်ဆုံးစဉ်းစားပါတွေးခေါ်ပါအကြံဉာဏ်တောင်းပါ။

(၂) အချစ်ကိုမရူးသွပ်ပါနဲ့

Tired businessman sleeping on sofa in office

Source : Freepik

ကမ္ဘာပေါ်ကသက်ရှိတိုင်းအတွက် ချစ်ခြင်းမေတ္တာဆိုတာလိုအပ်ပေမယ့် ၁၅၀၀ အချစ်ကတော့ တစ်ခါတစ်လေမှာ ကျွန်တော် တို့ရဲ့ ဘဝတွေကို အောက်ဆုံးအထိဆွဲချသွားတက်ပါတယ်။အနာဂတ်အတွက်ကြိုးစားနေချိန်မှာ ပိုပြီးတောင်အချစ်ကို လိမ်မာပါးနပ်စွာကိုင်တွယ်သင့်ပါတယ်။လုံးဝမချစ်နဲ့လို့မပြောချင်ပါဘူး။ချစ်ပါ။

ဒါပေမဲ့အဆုံးအစွန်ထိတော့ အရာရာအားလုံးပုံအပ်ပြီးမချစ်သင့်ပါဘူး။အချစ်ကိုရူးသွပ်ခြင်းက ကိုယ့်ရဲ့ ကြိုးစားနေမှုလမ်းကြောင်းကိုနှောင့်နှေးစေတက်တာကြောင့် ရူးသွပ်စွာမချစ်ဖို့ ကိုယ့်ကိုယ်ကိုအမြဲသတိပေးပါ။

(၃) မပျင်းရိပါနဲ့

Concerned man touching face with two hands

Source : Freepik

ကျွန်တော်တို့ဟာ အကြောင်းပြချက်အမျိုးမျိုးရဲ့ ကိုယ့်ရဲ့ ပျင်းရိတဲ့စိတ်ကို ကာကွယ်ပေးတက်ကြပါတယ်။စောသေးလို့ နေပူလို့ မိုးရွှာလို့ စတဲ့အကြောင်းပြချက်တွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တာတွေကို နေ့ရွေ့ညရွေ့ ရွေ့တက်ကြတာဖြစ်ပါတယ်။တကယ်တော့ပျင်းရိမှုဟာ ကိုယ်လိုချင် တဲ့အနာဂတ်ပန်းတိုင်ကိုရောက်ဖို့ ဟန့်တားနေတဲ့ ကိုယ်နဲ့ ပန်းတိုင်ကြားက မမြင်ရတဲ့အတားအဆီးတစ်ခုဖြစ်ပါတယ်။

ပျင်းရိမှုဟာ မျက်စိနဲ့မြင်ရပြီးထိတွေ့ကိုင်တွယ်လို့ရတဲ့ အတားအ ဆီးတစ်ခုမဟုတ်တာကြောင့် ပျင်းရိစိတ်ကိုဖယ်ရှားဖို့ ကျွန်တော်တို့ရဲ့ စိတ်တစ်ခုကသာလုပ်ဆောင်နိုင်မှာပါ။ဒါကြောင့်ပျင်းရိစိတ်တွေဖျောက်ပြီး မဝေးတော့တဲ့ကိုယ့်ရဲ့ အနာဂတ်အတွက် အင်တိုက် အားတိုက်ဆက်လက်လျောက်လှမ်းလိုက်ပါအုန်း။

(၄) စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲမျော်မနေပါနဲ့

businesses people lost business project is canceled

Source : Freepik

စိတ်ကူးယဉ်တယ်ဆိုတာ သိပ်ကိုစိတ်ကျေနပ်ဖို့ကောင်းတဲ့ အရာတစ်ခုပါ။ကိုယ့်ကိုယ်ကိုစိတ်ကူးထဲမှာ သိန်းပေါင်းများစွာပိုင်ဆိုင်တဲ့ မီလီယံနာသူဋ္ဌေးအဖြစ်မြင်တွေ့လို့ရသလို Lamborghini လိုသိန်းသောင်းချီတဲ့ကားတွေကိုစီးနိုင်ပါတယ်။ဒါပေမယ့် စိတ်ကူးကစိတ်ကူးသက်သာပါပဲ။အချိန်တန်လို့ တခြားအတွေးတစ်ခုဝင်လာရင်ချက်ချင်းပဲ ပျောက်ကွယ်သွား နိုင်ပါတယ်။

ဒါပေမဲ့သင့်မှာသင့်စိတ်ကူးထားတဲ့ အရာတွေကိုလက်တွေ့ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခွင့်ဆိုတာတော့ ရှိပြီးသားပါ။ဒါကြောင့်ကိုယ်ကဘာဖြစ်ချင်တာလဲဆိုတာကောင်းကောင်းကြီးစိတ်ကူးယဉ်ပစ်လိုက်ပါ။ပြီးရင်တော့စိတ်ကူးထဲကအတိုင်း ပြင်းပြင်းထန်ထန်ကြိုးစားလိုက်ပါ။ပန်းတိုင်ဆိုတာသင့်နဲ့ အနီးဆုံးမှာရှိနေပါတယ်။

(၅) ရည်ရွှယ်ချက်မလွဲပါစေနဲ့

Asian business man hopeless, hopeless, distraught, sad and discouraged in life

Source : Freepik

လူအများစု ကိုယ့်လိုချင်တဲ့အနာဂတ်ပန်းတိုင်ကိုမရောက်ကြဘူးဆိုတာဟာ သူတို့ချမှတ်ထားတဲ့ ရည်ရွှယ်ချက်လမ်းကြောင်းတွေက လမ်းခုလပ်မှာ ဦးတည်ရာလွဲကုန်လို့လည်းဖြစ်တက်ပါတယ်။တစ်ချို့က ကိုယ်ချမှတ်ထားတဲ့ရည်ရွှယ်ချက်က တစ်ခုက ဒီရည်ရွှယ်ချက်လမ်းကိုလျောက်ရင်းလမ်းတစ်ဝက် မှာတင် တခြားသောလမ်းကြောင်းတွေကိုပြောင်းလဲလျောက်လှမ်းကြတာဖြစ်ပါတယ်။

တကယ်ပဲမိမိတို့ရဲ့ Passion ပါရာလမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိသွားရင်တော့ ကောင်းပါတယ်။ဒီလိုမှမဟုတ်ပဲ တခြားသူတွေရဲ့ စကားတွေကို နားယောင်ပြီး ဟိုလမ်းလျောက်ရမလို ဒီလမ်းလျောက်ရမလိုနဲ့ တွေ ဝေနေရင်တော့ ကိုယ်ချမှတ်ထားတဲ့လမ်းကြောင်းကလည်း ပျောက်သွားမှာသေချာပါတယ်။